Monday, February 22, 2010

သူ.. သူမ .. တို့နှင့် ပတ်သက် ၍......

တလောက ညီမလေး တယောက်က ပြောလာတယ်.. မမ က ကဗျာတွေ ရေး ရေး နိုင်လွန်းလိုက်တာတဲ့...။ သူ ပြောမှ သေချာ ပြန်ကြည့်မိတယ်.. ဟုတ်ပါ့... ဘလော့ရဲ့ တရားဝင် သက်တမ်းတနှစ် မပြည့်တပြည့်မှာ.. ရေးဖြစ်ခဲ့တဲံ့၊ တင်ဖြစ်ခဲ့တဲ့ ကဗျာတွေ.. ၉၉ ပုဒ် ရှိခဲ့ပြီ.... နောက် တပုဒ် က ပုဒ်ရေ ၁၀၀ မြောက် ကဗျာ ဖြစ်တော့မှာ...။ မမသီရိ ဘလော့လေးကို ဘလော့ဂိုစဖီးယားထဲတရားဝင်လွှတ်ပေးခဲ့တာ လွန်ခဲ့တဲ့နှစ် ဇန်န၀ါရီ ၁၀ ရက်နေ့ကမို့လို့ ခုဆို တနှစ်သက်တမ်းရှိခဲ့ပြီလို့ပြောရတော့မှာပေါ့။ အဲဒီမတိုင်ခင်ကတော့ အမှတ်တရသိမ်းထားခဲံရုံလေးပါပဲ။

ကျမ ကဗျာတွေရေးခဲ့တာ.. အလယ်တန်း တက်စ နှစ်တွေမှာ ဖြစ်မယ် ထင်ပါရဲ့..။ ကျမတို့ ငယ်ငယ် တုန်းက ပန်းချီ ဆန်းထွန်း ဆွဲတဲံ့ ပို့စ်ကဒ်လေးတွေ အတော်ခေတ်စား ခဲ့တာကလား.. မောင်ပန်းမွှေး ရဲ့ သုံးကြောင်းစပ် ကဗျာလေးတွေ ပါတဲ့ ဆန်းထွန်း ရဲ့ချစ်စရာ အရုပ်လေးတွေနဲ့ ပို့စ်ကဒ်လေးတွေ က ကျမရဲ့ အသဲ စွဲ ဖြစ်ခဲ့ ပြီး ရသမျှ မုန့်ဖိုးတွေ နဲ့ ပုံအသစ်တွေ့တိုင်း ၀ယ် သိမ်းခဲ့ဖူး ခဲ့တယ်လေ..။ ကိုယ် က ပုံ ဆွဲတာလဲ ၀ါသနာက ပါခဲ့သေးတာ ကိုး..။ အဲဒီ ပို့စ်ကဒ်တွေထဲက သုံးကြောင်းစပ်ကဗျာလေးတွေနဲ့ ကျောင်းသင်ရိုးညွှန်းတမ်းထဲ ကခေတ်စမ်းကဗျာတွေ က ကျမကို ကဗျာ စမ်းရေးဖြစ်စေဖို့ တွန်းအားပေးခဲ့တာ ဖြစ်နိုင်ပါတယ်.။ ကျမရဲ့ ကဗျာရေးခဲ့တဲ့ ရာဇ၀င် အကြောင်းတွေကိုတော့ ကိုတင်မင်းထက် Tag လို့ရေးဖြစ်ခဲ့တဲ့ ပထမ ကဗျာ ဆိုတဲ့ပို့စ်ထဲမှာလဲ အတော်ကလေး ထဲထဲဝင်ဝင် ရေးထားခဲ့ပါသေးတယ် ..။

ကျမရဲ့ကဗျာအများစုက ကျမရဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ခံစားချက်လေးကို အမြဲဦးစားပေးထားတဲ့ အတ္တဥခွံဘောင်ကျဉ်းကျဉ်းလေးထဲမှာပဲ ရှိနေတဲ့ သမုဒယ ကဗျာတွေများပါတယ်။

ခံစားလွယ်တတ်သူ၊ ခံစားချက်တွေ ကူးစက်လွယ်သူ တယောက်မို့လို့လဲ ပတ်ဝန်းကျင်မှာ မြင်ရတွေ့ရ၊ ကြားရ၊ သိရ တဲ့ အတွေ့အကြုံတွေထဲက လှိုက်မောဖွယ်ရာ၊ ကြည်နူးဖွယ်ရာ၊ လွမ်းဆွတ်ဖွယ်ရာ အကြောင်းအရာတွေဟာ ကျမ ရဲ့ ရင်ကိုအမြဲ လာလှုပ်ခတ်စေခဲ့ပါတယ်။

ဒီလိုနဲ့ ဒီဘလော့ လေး ရေးနေရင်းမှာပဲ ကျမရင်ထဲမှာ ဇာတ်ကောင် နှစ်ယောက် က ပုံပေါ် အသက် ၀င် လာခဲ့တယ်..
အဲဒီနှစ်ယောက်ကတော့ ကျမရဲ့.. သူ နဲ့ သူမ.. ပဲပေါ့..

 ကျမရဲ့ကဗျာတွေထဲက သူမ.. ဟာ ချစ်သူ ကို အချစ်ကြီးတတ်တဲ့၊ နားလည်စာနာပေးတတ်တဲ့၊ အင်မတန်မှ လွမ်းတတ်တဲ့ မိန်းမငယ်တယောက် ဖြစ်နေခဲ့ပြီး.. သူမ ရဲ့ သူ ကတော့ .. တွေဝေတတ်သူ၊ အားငယ်တတ်သူ၊ တပြိုငိနက်ထဲမှာပဲ ပြတ်သားချင်သူ သတ္တိရှိလွန်းသူ၊ သူမနဲ့ အဝေးကြီး တနေရာမှာ ရှိနေတဲ့သူ၊ အနုပညာဆန်လွန်းလှပြီး နှလုံးသားနုးညံ့လွန်းတဲ့သူ၊ ဂီတ ကို မြတ်နိုး ဖန်တီးတတ်သူ၊ သူမ နဲ့ တွေ့တဲ့ ခါ သူမအတွက် အပျော်ရွှင်ဆုံး အချိန်ကာလတွေ ပေးနိုင်မဲ့သူ လို့ သူမ ကိုယ်တိုင်က ယုံကြည်ကိုးစားနေတဲ့.. သူ.. ပဲပေါ့.. သူ.. ဟာ.. ကျမရဲ့ ကဗျာတွေထဲ မှာ.. တခါ တရံ .. ကို.. ဖြစ်ခါ ဖြစ်.. တခါ တရံမှာတော့.. မောင်.. ဖြစ်ခါ ဖြစ်... တခါ တခါ ကျတော့လဲ.. ကလေးလေး တယောက် ဖြစ်လို့..

ကျမ ကိုယ်တိုင်.. အဲဒီ သူ နဲ့ သူမ ဟာ ဒီကမ္ဘာပေါ်မှာ တကယ်ရှိရဲ့လား လို့ မသေချာပါဘူး၊ စိတ်ကူးထဲမှာ တော့ အဲဒီ ၀ိဥာဉ်၂ ခုဟာ ကျမကို အမြဲ လွှမ်းမိုးနေတတ်ပါတယ်..တခါ တရံမှာသူ့ ရဲ့ ၀ိဥာဉ်တွေလာဝင်ပူး ချင် ပူးတတ်သလိုပဲ အခါ အများစု မှာတော့ သူမ ရဲ့ ၀ိဥာဉ်တွေက တွယ်ကပ်တာ ကိုခံရပါတယ်.... ။

 
အဲဒီ မသေချာတဲ့ ကြားမှာပဲ .. သူ. သူမ တို့ နဲ့ ပတ်သက်လို့ ခံစား ခဲ့ရတာတွေ ကို ချရေးဖြစ်တဲ့ ကဗျာ ၅၃ ပုဒ် ကြီးများ တောင် ရှိနေခဲ့ပါပေါ့လား...

၁။ အပြစ်တစ်ခု လို့ မမှတ်စေချင်
၂။ ချစ်သူ့ ရင်ခွင်
၃။ တိတ်တိတ်လေးပဲ.လွမ်းနေမယ်..
၎။ ဆူး
၅။ ချစ်မိသည့် ..ဒဏ်...
၆။မောင်မလာပါ ဘူးကွယ်
၇။ အချိန်တိုင်းမှာ...
၈။ ချစ်လွန်းကြင်
၉။ ယုံကြည်ချက်
၁၀။ ဂလိုက်ဒါလေး တစ်စီးရဲ့အကြောင်း
၁၁။ ;(
၁၂။ ပျော်လိုက်တာ
၁၃။ အချစ်ကြောင့်သာ...
၁၄။ ချစ်သူ
၁၅။ ရှင်သန်ခြင်း
၁၆။ ငါ့ရဲ့ ကဗျာဆရာလေး
၁၇။ မောင်ဟာ အကုန်လုံးပဲ
၁၈။ ကော်ဖီကြိုက်တဲ့သူ
၁၉။ အလွမ်းပန်းတွေ စမ်းမျက်ရည်
၂၀။ အလွမ်းသူဌေး
၂၁။ ပေးပို့ချင်သော အနမ်းများ
၂၂။ ကန္တာရ သစ်ပင်
၂၃။ ခွင့်လွှတ်ပါ
၂၄။ အိပ်မက် မိုးတိမ်
၂၅။ ဘန်ကီမွန်လဲ စိတ်တိုတယ်.. ချစ်သူကိုလဲ စိတ်တိုတယ်
၂၆။ ကျမလာခဲ့တယ်
၂၇။ မင်းမရှိရင်
၂၈။ ခံပွင့်ကလေး
၂၉။ အဖြေညှိစရာမလိုတဲ့ ပဟေဠိလေးတွေ
၃၀။ ပါရမီဖြည့်လိုသူ၏ဆန္ဒများ
၃၁။ မင်းရဲ့အရုပ်ကလေး
၃၂။ ရူးသွပ်ခြင်း
၃၃။ ၀ိုင်နီပုလင်းလေး တလုံး...
၃၄။ နောင်တမဲ့သော... (၂)
၃၅။ ပုလဲပျောက်ရှာပုံတော်
၃၆။ "သူသိစေချင်"
၃၇။ ချစ်ခြင်းအားဖြင့်
၃၈။ ချစ်သူ့ကျိန်စာ
၃၉။ မျက်ပြေ ကဗျာ
၄၀။ အရိုးခံ ဆန္ဒမွန်
၄၁။ သစ္စာ
၄၂။ ပျားကလေး တမန်
၄၃။ ငါက ကျန်စစ်သား မဟုတ်ဖူး
၄၄။ မိဆိုး
၄၅။ တိမ်ကိုနမ်းသော ခြေလှမ်းများ
၄၆။ အလွမ်းတို့စေရာ
၄၇။ ဥယျာဉ်မှူးနဲ့သူ၏ပန်း
၄၈။ နှစ်ဦးသား ဆုံတဲ့နေ့
၄၉။ မင်း မရှိတဲ့ အရပ် မှာ....
၅၀။ ပိုင်စိုး ပိုင်နင်း
၅၁။ ချစ်တယ်.... ချစ်တယ်... ချစ်တယ်...
၅၂။ ပုထုဇဉ်
၅၃။ သဲစုတို့ထက်ပိုသော ... ကြယ်စုတို့ထက်ပိုသော.....

ပြန်စဉ်းစားကြည့်လိုက်မိတော့ အတော့ ကို အံ့သြ ထူးဆန်းဖွယ်ရာပါပဲ.. အဲဒီ ကဗျာတွေ က ဘယ်လိုများ ဒီလောက်ထိ အလွယ်တကူ စီဆင်းပြီး ရေးဖြစ်ခဲ့တာပါလဲ လို့ ပေါ့..။

ဘာပဲ ဖြစ်ဖြစ် အဲဒီ သူ နဲ့ သူ မ ကြောင့်ပဲ ကျမ ရဲ့ ဘလော့ လေး အသက်ဝင် ရှင်သန်ခဲ့တယ်။ မိတ်ဆွေ တွေ တိုးလာခဲ့တယ်..။ ခံစားချက် တူညီ ပြီး အလွမ်းကူးဖော်တွေ ရခဲ့တယ်..။

ဒါကြောင့်မို့လို့ ကျမ ရဲ့ သူ နဲ့ သူမ ကို ဂုဏ်ပြု မှတ်တမ်းတင်ဖို့ စိတ်ကူးလေး ရလာခဲ့ ရင်း.. သက်ဆိုင်တဲ့ ကဗျာတွေ စားရင်းပြုစုဖြစ်ခဲ့တယ်... ပြီးတော့ .. ကျမရဲ့ ဘလော့ပေါ်မှာ အပုဒ်ရေ ၁၀၀ မြောက် ကဗျာ အဖြစ်နဲ့ တင်ပေးဖို့ ... သူ နဲ့ သူမ .. ဆိုတဲ့ ကဗျာလေး တပုဒ်ကိုလဲ ကျမ ရေးဖြစ်ခဲ့ပါတယ်... ။

အဲဒီ ကဗျာ ကို တော့.. ဒီဘလော့ လေးရဲ့ နှစ်ပတ်လည် ဂုဏ်ပြု တဲ့ အနေနဲ့ နောက် ၃ ရက် အကြာ တင်ပေးပါ့မယ်...။

အကယ်လို့များ.. ကျမ ရဲ့ ကဗျာတွေ ထဲက သူမ နဲ့ သူ ဆိုတာ.. ဒီလောက ကြီးမှာ အမှန် တကယ် ရှိနေခဲ့ တယ်လို့ ဆိုရင်.. ကျမ ရဲ့ ဘလော့ မိတ်ဆွေ တွေ... သူတို့ နှစ်ယောက် ကို ဘယ်လို ဖြစ်စေချင်တာလဲ လို့ တော့.. ကျမ သိနေချင်မိပါတယ်.... နောက် ၃ ရက် အကြာ မှာ တင်မဲ့ ကဗျာလေး ကို ဖတ်ပြီးတဲ့ ခါပြောပြချင်တဲ့ ဆန္ဒ ရှိကြမယ်ဆို ရင် ပြောပြ ပေးခဲ့ ကြပါ.....။


မမသီရိ


(ဒီပို့စ်ကိုစထားခဲ့တာ ၂၀၀၉ နိုဝင်ဘာ ၈ ရက်နေ့ ထဲက ဆိုတော့ အတော်ကြာနေခဲ့ပြီပေါ့..။ ဒီဘလော့လေး ရဲ့ တရားဝင်နှစ်ပတ်လည်နေ့ ဖြစ်တဲ့ ၂၀၁၀ ဇန်န၀ါရီ ၁၀ ရက်နေ့ မှာ ကဗျာ ပုဒ်ရေ ၁၀၀ မြောက် မတင်မီ ရှင်းတမ်းလေး အနေနဲ့ တင်ဖို့ ရေးခဲ့တာ.။ အလုပ်တွေ မနိုင်ရင်ကန် နဲ့ မို့ ခု မှ ပဲ တင်ရပါတော့တယ်..။)

12 comments:

Ree Noe Mann said...

တီရေ ၁ ယူလိုက်အုံးမယ်။ ပြီးမှတစ်ခေါက် ပြန်ရေးမယ်

တူတော်မောင် ငယ်ငယ်

kiki said...

“သူ” နဲ့  “သူမ” တို့  အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်သွားကြလေသတည်း... ဆိုတဲ့ ပျော်ရွှင်ခြင်းများတွေ နဲ့  ဆုံဆည်းပေးလိုက်ပါ .. မမသီရိ ရယ် ..
နို့ မို့ ဆို တို့  မမကြီးတယောက် အငှားရင် နဲ့  မဆန့် မပြဲ ခံစားနေရ မစိုးလို့  ပါ .. ဟိဟိ

နောက် ၃ ရက်တောင်စောင့်ရ အုံးမှာတဲ့လား ..ခုတောင် ဇန်နဝါရီ ၁၀ ရက်ကို ကျော်ခဲ့တာ ၄၂ ရက် ရှိနေပြီ တော့.. ဟိဟိ

Welcome said...

မျှော်နေပါမယ် ..

Anonymous said...

ညားစေချင်သည်။

tin min htet said...

"သူနဲ့သူမ" တကယ်သာရှိရင် တကယ်ကို ပေါင်းစေချင်ပါတယ်။ အပုဒ် တရာမြောက် ကဗျာကိုလည်း စောင့်မျှော်နေပါတယ်။

သိင်္ဂါကျော် said...

ကဗျာတွေ ရေးနိုင်တာ အားကျလိုက်တာ..
စိတ်ကူးထဲက သူ ပဲလား.. အပြင်ဘက်က သူ ကရော..ဘယ်လိုလဲ..

Nge Naing said...

ကျွန်မက မမသီရိကိုယ်တိုင် ကြုံတွေ့ခံစားရတာတွေပဲ ထင်နေတာ အခုတော့ သူနဲ့သူမကို မမသီရိကိုယ်တိုင်က မသိသေးဘူးဆိုတော့ လွဲပြန်ပြီ။ ဘာပဲ ဖြစ်ဖြစ် ပုဒ် ၁၀၀ ပြည့် ကဗျာလေးကိုလည်း လာဖတ်ပါဦးမယ်။

ဒဏ္ဍာရီ said...

မမသီရိရဲ့ ကဗျာလေးတွေကို နှစ်သက်တယ်. နှလုံးသားနဲ့ ခံစားချက်ကို ကဗျာလေးအဖြစ် ကာရံညှိထားတာကို အရမ်းအားကျမိတယ်။ ညီမ ကတော့ ကဗျာ မရေးတတ်ဘူး မမရယ်.။ ၀ါသနာပါပေမယ့် ပါရမီ မရှိဘူးလေ။ မမဘလော့လေးထဲက သူနဲ့သူမ ကို စိတ်အေးချမ်းသာစွာ ဆုံစည်စေချင်ပါတယ်။

ခင်မင်လေးစားလျှက်

~ဏီလင်းညို~ said...

အစ်မသီရိရေ...
အပုဒ် (၁၀၀) မြောက်ကဗျာလေးကို ဖတ်ဖို့ အားခဲပြီးပြန်သွားပါပြီခင်ဗျာ....။
ခင်မင်တဲ့
ဏီလင်းညို

ညလင်းအိမ် said...

မမသီရိက ကဗျာရေးတာ အရမ်းတော်တယ်ဗျာ...
အေးအေးဆေးဆေးမှ အဟောင်းတွေကို လိုက်ဖတ်အုန်းမယ်...

အပုဒ် (၁၀၀) မြောက်ကို မျှော်နေမယ်နော်....

ရွှေရတုမှတ်တမ်း said...

အမှတ်တမဲ့ စုဆုံစီးလာတဲ့ရေစက်လေးတွေက မြစ်ကြီးဖြစ်လာသလို....သူနဲ့သူမလဲ...၁၀၀...ကနေ ၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀....မျှော်နေမယ်

ချစ်ကြည်အေး said...

မမသီရိရေ...မရောက်တာ ကြာသွားတယ် မမရယ်...အပုဒ် ၁၀၀ မြောက် ကဗျာလေး စောင့်ဖတ်မယ်...ရင်တောင်ခုန်တယ်...:)