...သူမသိပေမဲ့...
လူမိလို့ ရှက်ရပြီ...
တစ်နေ့မှာ တစ်ခါ..
ဒီမျက်နှာ ငွေစင်လ ကို..
မမြင်လာ နေမတတ်ပြီ မို့...
စိတ်ထွေရာ..
မငြိမ် ရှုပ်လို့ ရယ်..
ဒီ အပူရုပ်..
ဟန်လုပ်....နေလိုပေမဲ့..
မပိရိ ..ဆွေတစ်ခင်..
သွင်ပြင် ပူပုံပန်းတယ် တဲ့..
လူတကာ...
ဆိုလာ ကြပြီ ကွဲ့...
မယ့် ချစ်လွန်းကြင်.....။
မမသီရိ (၃.၂.၂၀၀၉)
9 comments:
သူမပဲ ဘယ်လိုလုပ် လူတွေသိကုန်တာတုန်း =) လူသိတော့လည်း ကောင်းတာပေါ့ မမ ရ ဖိတ်စာတောင်ဝေစရာလိုတော့ဘူး ဟိဟိ :P
ချစ်လွန်းကြင်ငှက်ကလေး ဘယ်ကိုထွက်ပြေးသွားလို့ လူတွေသိကုန်တာလဲ မသီရိရေ...
အချစ်ကဗျာလေးတွေရေးတိုင်းကိုကောင်းနေတော့တာပါပဲလား....
အလွမ်းကဗျာလေးပေမယ့် ချစ်စရာကောင်းတယ်။ အသံချိုတယ်။ ရဿပေါ်တယ်။ ချစ်လွန်းကြင်ငှက်ကလေး ပျော်ရွှင်ချမ်းမြေ့ပါစေ။
ရွတ်လို့ကောင်းတယ်..အသံလေးကို ပြေနေတာပဲ..
မိန်းကလေးရဲ့ တိတ်တခိုးအချစ်ကို ပေါ်လွင်အောင် ရိုးရိုးလေး ရေးထားတယ်...
ကောင်းတယ်..မသီရိရေ..
သိသွားပြီလား မမရေ... ကဗျာလေးက နုဖတ်နေတာပဲ။ ဖတ်ပြီး ပြုံးမိတယ်.. သတိရလို့
လွန်းကြင်ဋ္ဌက်ကဗျာကို ဖတ်ရူသွားပါတယ် မမသီရိ။
အားပေးလျက်ပါ။
ကောင်းလိုက်တဲ့ကဗျာပဲဗျာ
မမရေ မျှော်ရမယ့်သူ ရှိနေပြီနဲ့တူတယ် :D
တစ်နေ့မှာ တစ်ခါ..
ဒီမျက်နှာ ငွေစင်လ ကို..
မမြင်လာ နေမတတ်ပြီ မို့...
အရေးအသားလေး နူးညံ့ပြီး လှတယ်ဗျာ။
Post a Comment