Sunday, November 01, 2009
နှစ်ဦးသား ဆုံတဲ့နေ့
အခန်းတခုလုံး..
ဖွေးဆွတ်နေတဲ့ နှင်းဆီပန်းတွေနဲ့ မွှေးရီဖုံးလွှမ်း
ခန်းဆီး အဖြူ ရောင်....
ဆက်တီ အဖြူရောင်....
နံရံ အဖြူ ရောင်.....
စာပွဲခင်း အဖြူရောင် ခင်းထားတဲ့ စားပွဲ ပုလေးပေါ်
ရနံ့ သင်းသင်း ကော်ဖီ နှစ်ခွက် က မျှော် လို့....
အခန်းဒေါင့် တနေရာ..
ကိုယ့် ရင်ခုံ သံ ကိုယ် ကြားနေတဲ့ အခိုက်..
တိတ်ဆိတ်တဲ့ ခြေလှမ်းတွေနဲ့ .. အသာ အယာ ရောက်လာခဲ့တဲ့ .. သူ...
ပြုံးခဲတဲ့ နှုတ်ခမ်းပေါ်
ရှားပါးတဲ့ အပြုံးတပွင့် လန်းတင့် လို့နေတာ
မြင်ခွင့် ရခဲ့တဲ့.. အခိုက်အတန့်ကလေး မတော့
ကမ္ဘာ ပေါ်က အရာရာ .. ပြာ သွား ခဲ့ ပါပေါ့
တို့ နှစ်ယောက်သာ ရှိတဲံ့ ဒီကမ္ဘာ..
ကျမတို့ စကား တွေ မပြော ကြဘူး
ကျမတို့ စကားတွေ ပြောစရာ မလိုဘူး...
ကျမ တို့ မှာ ပြောစရာ စကား မရှိဘူး...
ကျမ နှလုံးသားက စကားသံ
သူ့ နှလုံးသား နဲ့ ကြားခဲ့ ပြီးပြီ..
သူ့ နှလုံးသား က စကား သံ ... ကျမ နှလုံးသား နဲ့ ကြားခဲ့ပြီး ပြီ...
သူ့ ထံ က ချစ်ခြင်းတွေ ကျမ ဆီ စီး ဆင်းခဲ့ ပြီး ပြီ.....
သူ့ ရင် ခွင် ထဲက .. သူ့ မျက်နှာ မော့ အကြည့်..
မျက်ရည် တွေ ပြည့်လျှံနေတဲ့ သူ့ မျက်ဝန်း...
အဲဒီ နောက်မှာတော့
ကျမ ကို ချစ်တဲ့ အချစ်တွေ..သမုဒ္ဒရာမက ကျယ်ဝန်းတာ ကျမ မြင်ခဲ့...
သူ့ကျောလေး အသာ သိုင်းဖက်
ချစ်လိုက်တာ..
ချစ်လိုက်တာ.. လို့ ထပ်ခါထပ်ခါ ... ကျမပြောတော့...
သူ..... ကြည်ကြည် နူးနူး နဲ့ ငုံ ကြည့်....
ခုတော့ လဲ..
အကျည်းတန်သော အရာတွေ အားလုံး....အတိတ်မှာ ကျန်ခဲ့..
လောကကြီး က အသာယာ ဆုံး...
ကျမ တို့ ဆက်လျှောက်မဲ့ လမ်းမှာ.. ချစ်ခြင်းဖွဲ့ ပန်းပွင့်တွေ ဖုံးလွှမ်း....
ကျမတို့ ဥယျာဉ်ထဲ မှာတော့..
ကျမတို့ ငှက်ကလေးတွေ ကဗျာဖွဲ့ သီခိုက်..
ကျမတို့ ပန်းကလေးတွေ က ဘယ်ညာ ယိမ်း စည်းချက်လိုက်...
အဖြူရောင် ခရုတွေနဲ့ စီထားတဲ့ ခန်းဆီးလေး..
ဒန်း စီး ရင်း... အချစ် သီချင်း တပုဒ် ကို ဆို....
ဟိုး အရှေ့ ပင်လယ်က လှိုင်းပုတ်သံ သဲ့သဲ့
တချက် တချက်... ယဲ့ယဲ့ လေး.. ကြား မိ....
မိုးကောင်းကင် တခု လုံး က ကြည်လင်လို့...
အခန်းထောင့်က တယောပြားလေး...
သူ့ အလိုလို .. တေး သွား တခု ဖန်တီး....
ပင်လယ် ပြင် အစွန်း.. မေးတင်နေတဲ့ နေလုံး ကြီး...
ပြုံး ဖြီးဖြီး လေး နှုတ်ဆက်...
ငါ... ပုန်းနေပေးပါ့ မယ် ကွယ်.... တဲ့...
သူ့ပါးပြင် မှာ ပုဇွန်ဆီရောင်တွေ သမ်းနေတာ
ကျမတို့ ချစ်ရည်တွေနဲ့ ရွှန်းလက် ခဲ့လို့.. ဆိုပဲ....
ကျမ ကတော့..
သူ့ ရင်ခွင် ထဲ...ရှက် ရှက် နဲ့... ခေါင်း ၀ှက် ထား မိရုံ....
သောက်သူမဲ့.. ကော်ဖီ နှစ်ခွက်..
စားပွဲ ပုလေး ပေါ်... ပြုံးပြုံး လေး.. အေး စက်.... လို့.....။
မမသီရိ
ပုံက ... သူ.. ကျမနဲ့ အတူတူ သွားချင်တယ်လို့ ပြောခဲ့တဲ့ နေရာလေး ပါ ..း)... ကျမ မှာ သူ.. ဆိုတာ ရှိနေတယ် လို့ ယုံတဲ့ သူတွေ အတွက် ညာတာပါ ..း)...။
Subscribe to:
Post Comments (Atom)
13 comments:
မမသီရိရေ
ကဗျာ ကာရန်တွေ အလင်္ကာတွေ ကြည့်မတတ်ပေမယ့် အချစ်ကံဇာတာ စမ်းထချိန်ရောက်နေပြီ ဆိုတာသိရလို့ ၀မ်းသာပါတယ်။ ဘ၀တလျှောက်လုံး ပျော်ရွှင်ကြည်နူးစွာနဲ့ လက်တွဲပြီး လျှောက်လှမ်းနိုင်ပါစေ။
အိုး..လှလိုက်တဲ့ ကဗျာလေး.. ရေးတတ်လိုက်တာဗျာ....း)
ယုတ္တိရှိစွာ နဲ့ ညာတတ်တာပဲလား မမသီရိကြီးကလေ ...
ညာတယ် ဆိုတာ ကို တကယ်ယုံရမှာလား ။
သူတော့ သူ ရှိနေမှာပါလေ ။ဘယ်သူလဲတော့ သိဘူးနော်။ဟုတ်တယ်ဟုတ် ..
နေလုံးကြီးတောင် ရှက်လို့ ပုန်းပေးတယ်တဲ့ ။
ဟိဟိ .. မမသီရိက ဘာတွေလုပ်ပြလိုက်လို့တုန်းး)
စားပွဲပေါ်က ကော်ဖီ နှစ်ခွက် အေးသွားရင် ပြန်နွှေးပေးပါ့မယ် .. ခိခိ. ဒါမှ မဟုတ်. မယ်တကိုယ်ဝေ့ ထဲ ၁မိနစ် ထဲ့လိုက် .. အဟက်....
ပြန်လည်ဆုံတွေ့ကြတဲ့အခါ အဖြစ်တွေက ကြိုတွေးထားတာထက် အဆများစွာ ပိုမိုလှပ...။
ညာတာဆိုရင်လဲ အညာခံရတယ်လို့
မှတ်လိုက် ပါတယ်...
မညာဖူးဆိုရင်တော့...ပိုလှတဲ့ကဗျာလေးတွေ..
ဖတ်ရမှာပေါ့လေ....
မမကဗျာလေးတွေက..သိင်္ဂါရ ရသတွေ အမြဲပါလို့
ဖတ်လို့သိတ်ကောင်းတာပဲ..
ကဗျာလေးကို ခံစားသွာပါတယ်ခင်ဗျ...။
လာဖတ်သွားပါတယ်
မမသီရီ လင့်လေးလည်းယူသွားမိပါတယ် ခွင့်မပြုဘူးဆို ပြန်ဖျက်ပေးပါ့မယ် ကျေးဇူးနော်
မယုံပေမယ့် ယုန်ချင်ယောင်ဆောင်ပြီး
နားရွက်ကလေးထောင်ထားပါကြောင်း :P
တော်တော် ချစ်တတ်တဲ့ မမ ပါလား။
ညာတယ်ဆိုတာ ယုံပါဘူး။ သူ တကယ်ကြီး ပြောနေ၊ ခံစားနေတာ ရင်ဘတ်ထဲက သိနေတယ်။
ဒါမျိုးက ညာ ရေးလို့ မရဘူးလေ။
ဘဝက ကဗျာဆန်ရင်
ကဗျာတွေကလည်း ဘဝဆန်နေမှာ
သေချာတာပေါ့ဗျာ။
ဒီကဗျာက
ဘဝဆန်တာမှ ပြာရီကို မှိုင်းနေတာပဲဗျို့ ။
မမညာတာကလဲ ယုံချင်စရာလေးလေ...
တကယ် ရှိတယ်ပဲမှတ်ပါတယ်...
မမပျော်နေတာသိနေတာပဲ...
နှင်း
အလွမ်းတွေနဲ့ဝေးပြီး အချစ်တွေပဲ တိုးပါစေ မမရေ...
ဖတ်ရတာတောင် ပျော်တယ်
ကျမ နှလုံးသားက စကားသံ
သူ့ နှလုံးသား နဲ့ ကြားခဲ့ ပြီးပြီ..
သူ့ နှလုံးသား က စကား သံ ...
ကျမ နှလုံးသား နဲ့ ကြားခဲ့ပြီး ပြီ... ဆိုတာလေးကို ချစ်လိုက်တာ...
Post a Comment