Thursday, July 16, 2009

မင်းမရှိရင်


မင်းမရှိရင်..
ရနံ့အေးအေး သင်းပျံ့မွှေးတဲ့
တော်ဝင်သဇင် ပင်မြင့်ဆင်တောင်
မွှေးယောင်မတွေ့ ရနံ့ ပြယ်..

မင်းမရှိရင်..
ကြည်လင်လဲ့လဲ့ မြရောင်သွဲ့နဲ့
ကွေ့ကောက်ဆင်းပြေး စမ်းရေလေးတောင်
အေးယောင်မတွေ့ ပူနေတယ်..

မင်းမရှိရင်..
လသာနေလဲ မှောင်မဲသလို
ကြယ်လေးတွေလဲ ရှိုက်ရှိုက်ငိုနေ
နေ့ အလင်းရောင်
ကြောင်တောင်မှိုင်းဖွဲ့ လွမ်းဘွဲ့ စေနှင်..

မင်း မရှိရင်..
နှလုံးသား ကွက်လပ် လစ်လှပ် ဟာနေ
ဘ၀ အဓိပါယ် ပြည့်တယ်မတွေ့
မမွေ့ နိုင်ပါ.. ပျော်ရွှင်ရာမဲ့
ရေဝေးတဲ့ ကြာ
နွမ်းလာသလို .. လွမ်းတွေ ပိုလို့

ချစ်သူ ဝေးဝေး သွားပါနဲ့ .. ကွယ်....။


ချစ်ရသူကြောင့်ပူဆွေးသောကရောက်နေသူများ အားလုံး အတွက် ချစ်သူ ထားခဲ့မှာ အမြဲ ကြောက်ရွံ့နေရသူများအားလုံးအတွက် ရည်ရွယ်ရေးဖွဲ့ ပါသည်။
ကျမချစ်သူက ကျမကို ဘယ်တော့မှ မထားခဲ့ပါဘူးလို့ ပြောခဲ့တာမို့
ကျမရဲ့ ကိုယ်ပိုင်ခံစားချက် ဟု မယူဆစေလိုပါ ....း)..။ ဒီကဗျာကြောင့် ချစ်သူများ အားလုံး နှလုံး စိတ်ဝမ်း အေးချမ်းစေလိုပါသည်။



မမသီရိ (၁၅.၇.၂၀၀၉)

10 comments:

mysterysnow said...

မမရေ
မမကဗျာလေးကို ချစ်တယ်...
ဘယ်သူမှ မဝေးချင်ကြပါဘူး...
ဝေးလဲ မဝေးရဲကြဘူးနော်...
ချစ်သူတွေ အမြဲအေးချမ်းစေချင်တယ်...

ခြေလှမ်းသစ် said...

ချစ်သူတွေကို အားဆေးတိုက်တယ်ပေါ့ ...ဟုတ်လားအမ... ကောင်းပါတယ် .. အားငယ်သူကို အားပေးတာ မင်္ဂလာတပါးပါဗျာ...
ကိုဇော်

လင်းဒီပ said...

ချစ်သူ ဝေးဝေး သွားပါနဲ့လားကွယ်...:P

ကိုရင်နော်ခင်လေးငယ် said...

မကြီးရေ...
ကဗျာလေးကောင်းတယ်..
မှတ်ချက်လေး ဖတ်ပြီး ပြုံးမိတယ်..း)

Yu Ya said...

ကျွန်တော်ကတော့ ဘယ်တော့မှ မဝေးတော့ဘူးဗျ.... အဟီး..

yu ya

ကောင်းကင်ပြာ said...

ဝေးချင်ပါဘူး ဝေးချင်ပါဘူး

ဆောင်းယွန်းလ said...

ကဗျာလေးကိုသီချင်းလိုဆိုကြည့်မိတယ်..ကောင်းပါ့

မေ့သမီး said...

မမမလွမ်းနေဘူးပေါ့။ သူများတွေအတွက်ပဲ ရေးပေးထားတာလား။ ကောင်းတယ်။

သမီးပျို said...

ကိုလူထွေး.....ကိုလူထွေး ရှူးရှူးရှာဝါ သွားလုပ်တာလားဟင် အိမ်မှာမီးမလာ လို့ရေမရှိဘူးလား ပြောရောပေါ့ရှင်

သမီးပျို said...

ဟာကွာ ပြောချင်တာကတစ်ခြား လုပ်တာက တစ်ခြားတွေတော့ ဖြစ်ကုန်ပါပြီ သမီးပျိုရဲ့စက်က မန့်တဲ့နေရာနဲ့ဆီဘောက်နေရာမှာ လေးထောင့်တွေပဲပေါ်တာ အဲဒါလေမန့်ချင်ရင် တစ်ယောက်ယောက်ရဲ့ ဂျီတော့က နာမည်ကိုယူပြီး စာရိုက် ပြီးတော့ကော်ပီလုပ် ပြီးတော့မှမန့်တဲ့ ဘောက်စ် ကိုပြောင်းနဲ့လေ အဲဒါ ဘယ်ကဘယ်လို အရင်မန့်တာတွေ မမသီရိ ဆီမှာသွားပေါ်တာလဲ မသိပါဘူး တောင်းပန်တယ်နော် မမ မန့်ထားတာက ကဗျာလေးကောင်းကြောင်းနဲ့ ချစ်သူကိုလွမ်းနေရတဲ့အချိန်ဖတ်ရလို့ ကျေးဇူးတင်ကြောင်းတွေ မန့်ထားတာပါ ခုလိုဖြစ်သွားတာ တောင်းပန်ပါတယ်နော် ခွင့်လွှတ်နော် နောက်မဖြစ်စေရဘူးသိလား ..နော် မမ