..တစ်ခါခိုးကြည့်....တစ်ခါမိပေါ့....
သူသိသွားလား.....နှလုံးသား ထဲ က...စကားတွေ.......
မျက်ဝန်းပြူတင်း...
လှမ်းကြည့်ရင်းတွေး..
ချစ်ပန်းလေးတွေ....ရင်တွင်းမြေမှာ..
ဝေဆာဖူးပွင့်...လန်းတင့်နေတာ...
သူသိမှာလား ကွယ်....
တိတ်တခိုး ချစ်..
ကိုယ့်အဖြစ်တွေ...ရိပ်မိနေလား....
ဖြတ်သွားဖြတ်လာ..
ရံတစ်ခါတွေ့.....အကြည့်ရှေ့မှာ..
ရင်တုန်မောဟိုက်..ဆူဝေလှိုက်နေ....
မဆုံတာကြာ..
ရင်တွင်း ဟာ လှပ်..မနေတတ်တော့...
တစ်ကျော့မျက်နှာ...မြင်သာအောင်တွေး...
အသံလေးကြား...
သူ့အနား မဟုတ်တောင်...
အရိပ် အယောင်လေး ဖြစ်ဖြစ်..
တွေ့မှ...ဖြစ်မယ်...
ချစ်တယ်နော်....လို့..
ရင်ဖွင့် အန်ပြ...ပြောဖို့ ကျလဲ...
မိန်းခလေး...တဲ့.....
ထိမ်းသိမ်း ရမဲ့...ကမ္ဘာ ဦး စည်းကမ်း...
ဖေါက်ဖျက် ဖို့ သတ္တိတွေ မစွမ်းတော့..
...တိတ်တိတ်လေး ကြည့်...
...တိတ်တိတ်လေး ချစ်...
...တိတ်တိတ် လေး...လွမ်းနေတော့ မယ်....
တိတ်တိတ်လေးပဲ....လွမ်းနေတော့ မယ်.....ကွယ်.......။
မမသီရိ
7 comments:
မမ ...ဒီကဗျာဖတ်ပြီး သီချင်း ၂ ပုဒ်သွားသတိရတယ်ဗျ =)
ဇမ်နူး ဆိုထားတဲ့ “ ကိုယ်အနေထိုင်တွေပဲမတက်လို့လား ခိုးခိုးပြီးတော့ကြည့်တယ်တအား.....ဘယ်လိုများသူလေသိ”
အဲ့တာ သေချာမမှတ်မိတော့ဘူး ဟဟားး
နောက်တစ်ပုဒ်က အယ်ဆိုင်းဇီဆိုထားတဲ့ သိပ်တောင်မကြာသေးဘူး ခေါင်းစဉ်လေးအတိုင်း တိတိတ်လေးပဲ ချစ်သွားမည်တဲ့ ။
ချစ်တယ်နော်....လို့..
ရင်ဖွင့် အန်ပြ...ပြောဖို့ ကျလဲ...
မိန်းခလေး...တဲ့...
အဲ့တာ ဟိုးဘက်ခေတ်မှာကျန်ခဲ့ပြီးဗျ စပြောလည်း ပြဿနာမရှိပါဘူး ကိုးရီးယားကားတွေမှာဆို မင်းသမီးကပဲ အရင်စပြောတာများနေတယ် =)
ချစ်တယ်နော်....လို့..
ရင်ဖွင့် အန်ပြ...ပြောဖို့ ကျလဲ...
မိန်းခလေး...တဲ့.....
ထိမ်းသိမ်း ရမဲ့...ကမ္ဘာ ဦး စည်းကမ်း...
ဖေါက်ဖျက် ဖို့ သတ္တိတွေ မစွမ်းတော့..
...တိတ်တိတ်လေး ကြည့်...
...တိတ်တိတ်လေး ချစ်...
...တိတ်တိတ် လေး...လွမ်းနေတော့ မယ်....
တိတ်တိတ်လေးပဲ....လွမ်းနေတော့ မယ်.....ကွယ်.......
ကောင်းလိုက်တဲ့အချစ်ကဗျာလေး..လှလည်းလှတယ်..
ခံစားချက်နဲ့ရေးထားပုံရတယ်...
ခင်မင်လျက်
မမသီရိ..
ကဗျာချိုမြမြလေး ခံစားသွားပါတယ်..။
တစ်ကယ်တိတ်တိတ်လေးလွမ်းနေတာလား..အဟိ။
ငါ့အမကတော်လိုက်တာ.. ဘက်စုံရတယ်..။
ကဗျာလေးက ချစ်စရာကောင်းလိုက်တာ.....
ကောင်းတယ်အစ်မ..
မိန်းကလေးတယောက်ရဲ့တိတ်တခိုးနဲ့
ပြောမထွက်ဖြစ်ပြီးခံစားမှုကိုတင်ပြထားတာပီပြင်
ပါတယ်။
နှစ်သက်မိလို့ကူးယူသိမ်းဆည်းထားပါတယ်လို့
အသိပေးပါတယ်
တိတ်တိတ်လေးလွမ်းတာဘဲကောင်းပါတယ်။လွမ်းနေတာသိသွားရင်ကြီးကျယ်နေဦးမှာ၊ကဗျာလေးဖတ်ပြီးတို့လည်းခံစားသွားပါတယ်
Post a Comment