Tuesday, July 14, 2009

ကျမလာခဲ့တယ်


သူ့ကိုချစ်ခြင်းနဲ့ လင်းနေတဲ့ မှန်မီးအိမ်လေးရယ်
အကြင်နာတွေ နဲ့ ပြာနေတဲ့ ကဗျာလေး တပုဒ်ရယ်
ကျမ သယ်ဆောင်လို့ လာပါတယ်..
..
..
သူ့ အတွက်သီကုံးထားတဲ့
မေတ္တာ ပုလဲ လုံးလေးတွေ ရယ်
အနမ်းတွေနဲ့ လင်းလက်နေတဲ့ ကမာခွံ လေးတွေ ရယ်
ကျမ သယ်ဆောင်လို့ လာပါတယ်..
..
ကျမနှလုံးသွေးနဲ့ ရေးထားတဲ့ ပန်းချီကားလေးရယ်
ကျမအတွေးတွေ ပိုင်စိုး ထားတဲ့ သူ့ ပုံရိပ်တွေ ရယ်
ကျမ သယ်ဆောင်လို့ လာပါတယ်
..
ကျမနဲ့ အတူပြေးနေတဲ့ လှိုင်းကလေးတွေ ရယ်
ကျမ ဘေးက အဖေါ် လေညှင်းပျော်လေးရယ် နဲ့
ကျမ သူ့ဆီ လာခဲ့တယ်...
..
ချစ်သူ့ ညခင်းတွေ အတွက်
ကျမ လင်းပေးပါ့မယ်
..
ချစ်သူ့တလင်းမြေအတွက်
ကျမ ပန်းခင်းပေး မယ်
..
ချစ်သူ့ ဥယျာဉ်လေးအတွက်
ကျမ နှင်းတွေ ဝေပေးမယ်
..
ချစ်သူ့ ဂစ်တာလေး အတွက်
ကျမ တေးတွေ ရေးပေးမယ်
...
ချစ်သူ့ တယောလေးအတွက်
ကျမ သံစဉ် ဖွဲ့ပေးမယ်
..
ချစ်သူ့ အိမ်ကလေး အတွက်
ကျမ ပန်းချီ ဆွဲ ပေးမယ်
..
ချစ်သူ အိပ်မောကျဖို့
ကျမ ပုံပြောပြပေး မယ်
..
ချစ်သူ့ ရဲ့ဘေး..
ကျမ.. တေး အမြဲ ဆို
အချစ်တွေ နုပျိုစေဖို့
ကျမ အသဲ နှလုံးလေး ပေးချင်လို့..

ချစ်သူရေ......
ကျမ လာခဲ့တယ်...........။

မမသီရိ


11 comments:

သမီးပျို said...

ချစ်သူကို စိတ်တိုတော့ဘူးလား စိတ်ကောက်ပြေသွားတာလား ချော့နေတာလားဟင် ကဗျာလေးက အချစ်တွေနဲ့မွှန်ထူနေပါလား ရေးလဲရေး တတ်လိုက်တာနော် အားကျပါ့

သမီးပျို said...

ချစ်သူကို စိတ်တိုတော့ဘူးလား စိတ်ကောက်ပြေသွားတာလား ချော့နေတာလားဟင် ကဗျာလေးက အချစ်တွေနဲ့မွှန်ထူနေပါလား ရေးလဲရေး တတ်လိုက်တာနော် အားကျပါ့

Yu Ya said...

ကဗျာလေးကောင်းလိုက်တာ မမသီရိရေ...

yu ya

kaungkinpyar said...

မမ ကဗျာတွေကတော့ ဟတ်ထိတယ် တကယ်

မေလေး said...

မမသီရိ ကဗျာလေးက အရမ်းကောင်းပါတယ်။
ချစ်သူအတွက် အသဲနှလုံးတောင် ပေးချင်တာလားမမရယ်။

ခြေလှမ်းသစ် said...

ချစ်သူ့အတွက် အကုန်လုံးပေးဆပ်မှာလားအမ

လင်းဒီပ said...

ရွတ်ကြည့်ရင်း ရွတ်ကြည့်ရင်း စိတ်ကမျောပါသွားတယ်...။

ကြည်နူးစရာလေး...။

ဆောင်းယွန်းလ said...

သူ့ကိုချစ်ခြင်းနဲ့ လင်းနေတဲ့ မှန်မီးအိမ်လေးရယ်
အကြင်နာတွေ နဲ့ ပြာနေတဲ့ ကဗျာလေး တပုဒ်ရယ်
ကျမ သယ်ဆောင်လို့ လာပါတယ်..
..
အတွေးရောအရေးပါလှနေပါ၏....

မိုးခါး said...

မမရေ
အရမ်းကိုချစ်တတ်တာပါလား ..း)

ကိုရင်နော်ခင်လေးငယ် said...

မကြီးရယ်..
နုညံ့သိမ်မွေ့လိုက်တာ..
ကဗျာလေးက တကယ့်ကိုကောင်းတာ..

“ချစ်သူ” ဆိုသူက တော်တော် ကံကောင်းတာပဲနော်..

သီဟသစ် said...

မမသီရီ
ကဗျာလေးက ကြည်နူးစရာ ကောင်းလိုက်တာ

ခင်မင်စွာဖြင့်
သီဟသစ်