Showing posts with label ဘာသာပြန်ကဗျာ. Show all posts
Showing posts with label ဘာသာပြန်ကဗျာ. Show all posts

Thursday, April 02, 2015

လရောင်ထဲမှာရူးသွပ်ခြင်း (ဒိုင်လန်သောမတ်စ်)



တိတ်ဆိတ်စုပုံ
ပဉ္စလက်နှင်းဆီပွင့်ချပ်ငုံများလိုပေါ့
ငါ့  မျက်ရည်တွေ…။

မမှတ်မိချင်တော့တဲ့
နှင်းရယ်၊ စကိတ်ရယ် နဲ့
ပတ်ကြားအက်ထဲက စီးဆင်းကျလာ ရဲ့
ငါ့ သောကတွေ …။

ငါ…. ထင်တယ်ကွဲ့ ..။
ဟောဒိ ကမ္ဘာမြေပြင်
ငါ့လက်နဲ့များ ထိလိုက်ရင်…
တစ်စစီ မွကျေ သွားမလား…။

လှပစွာကြေကွဲ
ဝေဝါးလွန်းလိုက်တာဆို.. အိပ်မက်တစ်ခုလိုပါပဲ..။




Dylan Thomas ၏ Clown in the Moon ကို ဘာသာပြန်ဆိုသည်။
 
မမသီရိ 
၂၅ ဖေဖေါ်ဝါရီ ၂၀၁၅