သစ်ရွက် လှုပ်လျင်..
ရယ်ချင် တတ်သည့်..
ဆယ်ကျော် သက် ရွယ်.. မဟုတ်တော့...
ရွှေမိုး ညိုလျင်..
ငိုချင် တတ်သည့်...
ဆယ်ကျော် သက်ရွယ်.. မဟုတ်တော့...
မြင်ရာ မြင် တိုင်း...
တုန် ယင် လှိုင်း ခတ်..
ရင် ခုန် တတ် သည့်...
ဆယ် ကျော် သက် ရွယ် မဟုတ်တော့...
သို့လေ သော် လဲ..
....
နှလုံး သား ထဲ...
နစ်စွဲ ထိ ခိုက် ...
အငိုက် မိ....ရင်...
သိမမီ ခင်...
တွယ် ငင် တိုး လျှိုး...
ကြိုး တွေ ထပ်ထပ်...
ကြပ်ကြပ် ချည် နှောင်...
မှောင် မှောင် မဲမဲ ...မိုက် ရဲ သတ္တိ.
ရင် မှာ ရှိ ပြီ...
......
သစ်ရွက် လှုပ် လျင်...
ရယ် တတ် ချင် သည့်...
သက်ရွယ် ဆယ် ကျော်..မငယ် သော်လည်း...
ရင် ထဲ အချစ် ကျန် သေး သည်.......။
....
...
မမသီရိ (၁၃.၁.၂၀၀၉)
7 comments:
မမသီရိ..ရေ..
ပထမဆုံး..အကြိမ်ရောက်တာပါ..
ခဏခဏလာလည်ပါဦးမယ်..
အလည်ရောက်လာတာအတွက်
ကျေးဇူးတင်ပါတယ်..။
ကဗျာလေးက တယ်မိုက်ပါလား မမ :)
ဆယ်ကျော်သက် မဟုတ်တော့သော်လည်းပဲ အချစ်ကတော့ နုပျိုဆဲပေါ့နော် မမ...ကောင်းလိုက်တာ
ဟုတ်ပါ့..၊ မှန်ပါ့..၊ထောက်ခံပါ့
ကဗျာလးမိုက်တယ်....။
အိန္ဒြာ... လာလည်တာ ကျေးဇူး..
ချိုသင်း..နာမညကျော်စာရေးဆရာမ ကိုယ်တိုင်..
တကူးတက လာချီး မြှင့် တာ...အရမ်း ဂုဏ်ယူ ပါတယ်..
မီယာ...နားလည်ပေးလို့.. ..ကျေးဇူး ကမ္ဘာ..
sin dan lar.... ထောက်ခံ သူရှိတော့..
ပို အားတက်မိ ပေါ့........း)..........
ပုံသဏ္ဍာန်တွေ ကွဲလွဲသွားပေမယ့်
အချစ်ဆိုတာကတော့
အရွယ်တိုင်းမှာ ရှိတာပါပဲလေ..
ကိုအောင်သာငယ် ဆီက တစ်ဆင့် လာတာဗျ။ ကဗျာလေး ခံစားသွားပါတယ်။
Post a Comment