အထပ်ထပ် ပြာနေတဲ့
ဟောဒီ တောင်တန်းတွေပေါ့.
ကျမ ရင်ကို..
လှုပ်ခါစေခဲ့တာ...
ချစ်ရသူက ဟိုး.. တဖက်ဆီမှာ ....။
...
...
...
ဒီမိုးမှောင်တုန်း..
ရှောင်ပုန်းချင်ပေမဲ့
ငဲ့ကွက်တဲ့ ရင်ခွင်
ဟင်းလင်းပြင်သာ ဖြစ်ခဲ့..
..
...
မိုင်တွေ ထောင်ချီခြား..
တောင်ပြာပြာတွေ ခြား...
သမုဒ္ဒရာ ရေမြေခြား..
သီတာ အတန်တန် ခြား..
....
..
ကျမတို့ကြား...
မခြားနားတာဆိုလို့..
နှလုံးသာ တစုံသာ ဖြစ်ခဲ့..
အဲ့ဒီ... ယုံကြည်ချက်လေးနဲ့ပဲ..
...
တနေ့နေ့..
..
တနေ့နေ့..
..
..
အဲဒီ .. တနေ့နေ့ အတွက်.. အသက်ရှင်...။
မမသီရိ (၂၆.၅.၂၀၀၉)
7 comments:
ငိုချင်စရာ...
ကဗျာက...
ကျမတို့ကြား...
မခြားနားတာဆိုလို့..
နှလုံးသာ တစုံသာ ဖြစ်ခဲ့..
အဲဒါပဲအရေးကြီးပါတယ် မမရယ်
ဓာတ်ပုံလေးနဲ့ ကဗျာလေး လိုက်ဖက်လိုက်တာ..။
တကယ်တော့လည်း အချစ်ဆိုတာကြီးက မျှော်လင့်ချက် နေရောင်ခြည်လေးနဲ့ စိုက်ပျိုးထားရတာ...။
ကဗျာလေးဖွဲ့ထားတာကလည်းနော်။ ဖတ်ရတဲ့သူတောင်မှာ ရင်ထဲမှာတစ်မျိုးဖြစ်လာတယ်။ ဖွဲ့နွဲ့ထားတာ လက်ရာမြောက်ပါတယ် အမရေ အဆင်ပြေပျော်ရွှင်ပါစေဗျာခင်မင်စွာဖြင့်။
ဒီမိုးမှောင်တုန်း မေပုန်းပါရစေရှင် ပေါ့။
ကိုစောညိန်း သီချင်းလေးတောင် ဆိုမိသွားတယ်။
နီးစပ်တဲ့ နှလုံးသားတခုနဲ့တင် ဖြေသိမ့်လိုက်ရတယ်..
အမ ကဗျာလေး လာခံစားသွားတယ်နော်
အခုတစ်လော စိတ်ဓါတ် တအားကျနေတယ်ဗျာ
မောင်လေးရီနို
မျက်လုံးချင်းဘယ်လောက်ဝေးဝေး
နှလုံးသားချင်း နီးနေနိုင်ပါသည်
တဲ့..
မမသီရိရေ...
ခင်မင်စွာဖြင့်
သီဟသစ်
Post a Comment