Saturday, April 27, 2013

ရှင်သန်ခြင်း

မင်း.. အချစ်ကြောင့် ..
ငါ... မရပ်တန့် ခဲ့သလိုမျိုး...
မင်း အမုန်းကြောင့် လည်း....
ငါ.. ရပ်တန့် လေမှာ.. မဟုတ်ပေဘူး...

နှလုံးသားဆိုတာ.. တစ်ရံတစ်ခါ..
ဘ၀.. ဖြစ်သွားတတ်တာ မှန်ပေမဲ့..
ဘ၀ ကတော့ .. သူ့ တစ်ခုလုံး .. နှလုံးသား မဟုတ်လေ ဘူး...

ငါချစ်တယ်...
ငါ ချစ်ခဲ့တယ်...
ငါ လွမ်းတယ်.. ငါ လွမ်းခဲ့တယ်...
အချစ်က ခွန်အား ဖြစ်သလို မျိုး ..
အလွမ်း ဟာ လဲ... ခွန်အားတစ်ခု ပါပဲ ...

ချစ်နေတုန်း မှာ.. ငါ.. မရပ်နား ခဲ့ သလို..
လွမ်းနေတုန်းမှာ လဲ.. ငါ ဆက်သွားခဲ့တယ်...

မင်း အမုန်း လောက်နဲ့ တော့...
ငါ့ လမ်းတွေ.. မကွေ့ကောက်စေရ..
ငါ့ ပန်းတွေ .. မညှိုးနွမ်းစေ ရ..
ငါ့ သီ ချင်းတွေ.. မတိုး တိတ်စေရ..
ငါ့ လေပြေ .. မဆိတ်ငြိမ် စေရ....

လောကဓံ တရားတွေ ထဲ.. ငါ ပစ်ထည့်လိုက်တယ်..
မင်း.. အချစ် တွေ လား...
ငါ ထပ်  တည့် လိုက်တယ်.. မင်း အမုန်း တွေလား..
တိတ်တိတ် ဆိတ်ဆိတ် .. လွှတ်ချ လိုက်....

ငါ ရှင် သန်နေဆဲပါ.. မြက်ခင်း နုနု တွေဆီ မှာ...
ငါ.. ရှင် သန်နေဆဲ ပါ... ကောင်း ကင် ပြာပြာ ရဲ့အောက်မှာ...
ငါ... ရှင်သန် နေဆဲ ပါ... တိမ် စိုင် ဖြူဖြူ တွေ ရဲ့ ကြား မှာ ...
ငါ.. ရှင် နေဆဲ ပါ... နှင်း ဆီ ၀တ်မှုံ တွေ ရဲ့ အလယ် မှာ...
ငါ.. ရှင် သန်နေဆဲ ပါ...  သဲ သောင် မွ မွ ပေါ် မှာ...

ငါ... ရှင် သန်နေ ဆဲ ပါ....

မမသီရိ
၂၇ ဧပြီ ၂၀၁၃
2:30 pm

Monday, April 22, 2013

လက်တွဲဖော်



လမ်းကွေ့ကွေ့ ကောက်ကောက်တွေ ဆုံးတော့
အဲဒိ လယ်ကန်သင်းတွေ လွန်တော့..
အဲဒိ တောင်ပြာပြာတွေ ကျော်တော့…
အ၀ါရောင် ခန်းဆီးရွရွ ရှိတဲ့ ..ကနုတ် ပန်းတွေ ကပ်ထားတဲ့.
လတ်လတ်ဆတ်ဆတ် နှင်းဆီ ပန်း တစ်အိုး နဲ့
စပျစ်နွယ်တွေ အခိုင်အခိုင်နဲ့..
အဲဒိ အခင်း ကတော့ ပန်းနုရောင် ဖြစ်ခဲ့တယ်…

အတူတူ နေ၀င်ဖူးပြီ
အတူတူ နေထွက် ဖူးပြီ.
တစ်ယောက်လက် ပေါ် တစ်ယောက် ..မေးထောက်လို့ အိပ်ဖူး ပြီ..

နံနက်ခင်း
နေမင်း ရဲ့ နေရောင်ခြည်  ဘေးခြင်းယှဉ် ရှူသွင်း
ညခင်း..
လမင်း ရဲ့ လရောင်ခြည် ဘေးခြင်းယှဉ် ရှုသွင်း.
ရမ္မက်မီး..
အဲဒီ ပင်လယ် ပဲကွဲ့ .. မမောတမ်း တူတူကူးခဲ့..
သောက ..
အဲဒီ တောင်တွေ ပဲ.. ဖေးမရင်း တူတူ ကျော်
ရင်ခုန်ခြင်း .
အဲဒီကမ်းစပ် ပဲ.. လက်တွဲရင်း တူတူပျော်..
စိုးရိမ် ပူပန်မှု တွေ ဝေယူကြ
ဘ၀ ရှေ့ရေးက အေးအတူ ပူအမျှ
သူ့ရင်ဘတ် နွေးနွေးပေါ်
ကျမ ပါးပြင် သွားတင်ထားတဲ့ အခိုက်..
သူ့ရင်ခုံသံမှာ .. ကျမ အိပ်မွေ့ကျ သွားလိုက်ဆို..
ဘ၀ က လုံခြုံ.. နွေးထွေး.. လေနုအေးကလေး တေးချင်းချို..
နှစ်ယောက်သား ပေါင်းဖက်မိကြပြီးတော့မှ..
စွယ်တော်ရွက် လို့ပဲဆို ဆို … ခေါ်ခေါ်..
ကျမတို့ က.. ဘ၀ရဲ့ လက်တွဲဖော်….။

မမသီရိ
၁၇ ဧပြီ ၂၀၁၃

(To MM & MM )

Friday, April 05, 2013

မှန်စာ

ဒီလိုနေ့မှာ မှ ..ဒီမြူတွေက ထူးထူးခြားခြား
ပါးပါးကလေးတောင် မဟုတ်..
ပိန်းနေအောင် တုတ်တုတ်ဖွေးတော့တယ်..  .. ..
အုန်း လက် အဖျား အနား ကလေးတွေ
ငွေ စင် ဥ တွဲ ရွဲ လက်လက် ဝေ..
အတွေး ဟာ.. အစုန် အဆန်..
ပုံမှန် မဟုတ်တော့ တဲ့ ရထား အိုအို တစ်စင်း...
လမင်း အကြောင်း တွေ ရင်း.. ည .. က .
မလင်း ချင်ပဲ လင်း လာတဲ့ .. မနက် အိုစာ မှာ..
အလွမ်း ဟာ အိပ်မှုံ စုံ မွှား နဲ့.. ၀ိုး တိုး ၀ါး တား...
လမ်း လျှောက် ဖိနပ်အောက်မှာ..
ရာနှုန်းပြည့် သန့်စင် လိုသော.. အာသီသ တွေ နိမ့် လိုက်... မြင့် လိုက်....

ရူးသွပ်ခြင်း အကြောင်းတရား..
တို့တွေ ဆွေးနွေးကြမလား ..
ရူးသွပ်ခွင့် ဆိုတာမျိုး က .. အခြေအနေ ကလဲ ပေးအုံးမှ ကို..
ရူးသွပ်ချင်စရာလဲ ကောင်းအုံးမှ ကို..
ရူးသွပ်ခွင့် ပြုတဲ့အရာ .လဲ ရှိအုံးမှ ကို..
ရူးသွပ်ခွင့် ပြု သူ လဲ ရှိအုံးမှ ကို....

အတွယ် အတာတွေ မရှာ ချင်တော့ဘူး..
ကျမ ကို မ ရူးသွပ် ပါစေနဲ့တော့..
ကြိုး တန်းလန်း နဲ့ စွန်တွေ အကြောင်း..
ဘယ်တော့မှ မထုတ်ဝေ မဲ့ စာ စောင်လိုသာ
ချောင် တစ်ချောင် ထဲ ထား ထားလိုက်ပါ...

ဒီ စွန် မှာ.. ကြိုး နဲ့....
ဟို စွန် မှာ လဲ ကြိုး တပ် လိုက်ပြီ...
သူတို့ဖာသာ လွင့် နေအောင် ပျံ ပါစေ ပေါ့ ...
ဝေဟင် ကျယ် ကြီးထဲ .. ကြိုး တွေ ထပ် မရှုပ် အောင်..

စွန်ကလေး .. ရေ့ ...
မြူထူထူပိန်းပိန်း တွေ ထဲ... ကျမ လေ...
မှန်စာ ကို ပဲ သွေး ပြီးရင်း သွေးနေမိတော့ တယ်....။

မမသီရိ
၂၁ မတ်လ ၂၀၁၃