အချိန်တန်တော့လဲ
အတောင်စုံတော့လဲ
ဝေးဝေးပြေး မြင့်မြင့်ပျံ ..
လေဟုန် ကို ဆန်ချင်ရင် ဆန်..
လေစုန် မှာ.. ဟန် ချင်ရင် ဟန်...
ပါး မို့ မို့ ကလေး ပိုင် သူရှိခဲ့ပြီ...
ပန်းဆီ ရောင် ညနေခင်းတွေ ..
အလှ ဆုံး လှ ပါစေ ညီမလေး ...
အရုဏ် တွေ က .. အစွမ်း ကုန် ဖူးအာ..
ညီမလေး ဘ၀ သာယာ ပါစေ...
ချစ်ခြင်းများနဲ့ သာ .. ဖွဲ့သီ နှောင်တုပ် ..
မလှုပ် နှိုင်လဲ ရှိပစေ ..
ပျော်ရွှင် ခြင်းတွေ ကို.. အပိုင်သိမ်းဆည်း..
ဘ၀ ခရီး ဟာ... လင်းလက်စွာ ဖြောင့်ဖြူး စေ..
အခွင့်အခါ သာ ပေးခဲ့ရင်တော့ ..
အဲဒီ ပါး ဖောင်းဖောင်းကလေး..
သနပ်ခါး သွေး လူးပေးခွင့်...ရ မိချင် ပါသေး...
ချစ်သော ညီမလေး... ..။
အတောင်အလက်စုံခဲ့ပြီသော.. ချစ်ညီမလေး သို့
ချစ်သော မမ
မမသီရိ
၂ ဇန်န၀ါရီ ၂၀၁၃