Monday, September 28, 2009

အရိုးခံ ဆန္ဒမွန်


ကို...
လိုတယ်ဆို .. နိုင်သရွေ့
ဖြည့်ပေးမဲ့.. ချစ်သူ ပါ..

ကို...
ဖြစ်နိုင်လျှင်..
ကို့ ခြေတွင်.. ဘိနပ်ပင် ဖြစ်ချင်စမ်းပါရဲ့
ကို...နဲ့ မကွာ..
အမြဲ သာ လိုက်ပါ လို့ လေ......

ကို....
မှောင်နေရင် လင်းစေဖို့...
ထွန်းညှိ ဖို့ လိုတယ် ဆို...
ကိုယ့် ကိုယ် ကို.. စတေး လို့
ဆီမီး လို ပူဇော် ပါ့မယ်
ကို့ ခရီး မှာ ဆူး မထိ အောင်..
စိုး စိတ် နဲ့ ကွယ်......။


မမသီရိ
၂၈.၉.၂၀၀၉

10 comments:

Nyi Nyi said...

ဖိုးချိုသီချင်းကိုသတိရသွားတယ်
“အရှင်..ဖဝါးနုအောက်က.ကတီပါဖိနပ်ကလေးဖြစ်ပါရ
စေ” ဆိုတာလေ။
အဲ့ဒီတုန်းကလိုက်ဆိုတဲ့ယောင်္ကျားလေးတွေဆိုအပြောခံခဲ့ရ
သေးတယ်။ အခုတော့...မမသီရိဆီရောက်သွားပြီ။
အဆင်ပြေပါစေ။

ရေတမာ said...

အင်း ခုမှပဲ ကို ဆိုတဲ့ အသုံးအနှုန်းတွေ တော့မယ်။ တခြားဘလော့တွေမှာ တမောင်မောင်နဲ့ ကို ဆိုတဲ့ အသုံးအနှုန်းက ရင့်ကျက်တယ်။ သိမ်မွေ့တယ်။ ဘာပဲဖြစ်ဖြစ် ချစ်တတ်တဲ့ သတ္တိကိုလေးစားပါတယ်

kiki said...

အဖြည့်ခံဘဝနဲ့  ပဲပေးဆပ်နေချင်တဲ့ မမသီရိ ရဲ့ အချစ်မျိုးလေး ...ဖတ်နေရင်းနဲ့ ကို ဆွေးသွားတယ် ...
ရေးတတ်လိုက်တာ ...

"ကို" ဆိုတဲ့  လူကြီး အတော် ကံကောင်းတာပဲနော်....
နာလိုဘူး.....

ဖိနပ်လေး ရယ် .. ဆီမီးလေးရယ် ..မလုံလောက်သေးရင်၊
ပရုတ်လုံး လေးရော .. ဖြစ်ချင်သေးလား မမသီရိရေ ....
ခင်လို့  စပါသည် ။ စိတ်ဆိုးလိုက်ပါ ...း)

Anonymous said...

အဲ့လောက်တောင် ချစ်တတ်နေပါ့လား.. နာလိုတော့ဘူးးးး..

စည်သူ said...

မမမမမမမမမသီရိရေ..
ကဗျာကို ဖတ်လိုက်တာနဲ့
လေမတိုက်ပဲ လပြိုသွားမလား
ထင်ရတယ်မမမမသီရိရေ..

ဟုတ်ပါ့.. အဲဒီကို ဆိုတဲ့ လူကြီးကို နာလိုဘူးကွာ
နာလိုဘူး..နာလိုဘူး.. ကျိတ်ချိုးတယ်..း(

ကိုရင်နော်ခင်လေးငယ် said...

မကြီးရေ..
ကဗျာလေးက လှလိုက် ချစ်တတ်လိုက်တာ..

“ကို့ ခရီး မှာ ဆူး မထိ အောင်..
စိုး စိတ် နဲ့ ကွယ်.....” တဲ့

ဖိနပ်တော့ ဖြစ်ရဘူး မကြီးရာ
ကျနော့် အစ်မ သူများ နင်းတာတော့ မကြည့်ချင်ဘူး..း(

Ree Noe Mann said...

ခွင့်လွတ်ကျပါဗျာ။ ကျနော့် တီလေးက

တူတော်မောင်ဖြစ်တဲ့ ကျနော့်ကို စောင့်ရှောက်

နေရလို့ မောင် ဖြစ်လိုက် ကို ဖြစ်လိုက် ဖြစ်နေရတာပါ။

တီလေး ကဗျာက မိုက်လိုက်တာ။ ငယ်ငယ်တောင် တီလေး ကဗျာ ဖတ်ပြီး ငါ့တီလေး တော်တော်ချစ်တာပဲ
ဆိုပြီး စိတ်မကောင်းတောင်း ဖြစ်မိသွားသေတယ်။

ဘာပဲဖြစ်ဖြစ် ကိုပဲ ဖြစ်ဖြစ် မောင်ပဲ ဖြစ်ဖြစ်
တီလေးနဲ့ ငယ်ငယ်လိုက်နေမှာနော်။

ချစ်တဲ့ တူတော်မောင်
ငယ်ငယ်

Moe Cho Thinn said...

မမက ကိုယ့်ကိုယ်ကို အမြဲနှိမ်ချ၊ အနစ်နာခံ ချစ်တတ်ပုံပဲနော်။ အပြန်အလှန် ချစ်တတ်သူမျိုးနဲ့သာ တွေ့ပါစေ မမရေ..

Anonymous said...

မမရယ် ချစ်တတ်လိုက်တာနော်။ ရောင် လေးစားပါတယ်။

မေ့သမီး said...

ကိုယ့်အမက အရမ်းချစ်တတ်တာပဲ။ အဲဒီကဗျာ ကို ဆိုတာကိုပေးဖတ်လိုက်ရင် တကယ်ကြွေသွားမှာပဲ။