Sunday, December 25, 2011

I Miss You (2)

The Days are so long..
The Nights are too wrong..
Who took away asleep from my eye
Somebody's tearing is like a rhyme
Love you so much ..
and ..
Miss you so much ..
then...
Don't tell me that I can live without you.
Come back as soon as possible to me as I need you.
Miss you.. Miss you.. Miss you...



Ma Ma Thiri (24 December 2011)
 

Tuesday, December 13, 2011

လူလည်...

မောင့်ရွှေနွယ်ရိုး
မောင်မခိုးပါရစေနဲ့..
ခင်ချစ်တာ မှန်ရင်ဖြင့် ..
ခင်စံရာ မှန်အိမ်နန်းဆီက
မြန်မကြာဆင်းလာခဲ့ပါတော့..
ရင်ဖွင့်လို့ ကြို ပါ့မယ်....။


မမသီရိ
၁၄ ဒီဇင်ဘာ ၂၀၁၁

Wednesday, November 30, 2011

သတ်မှတ်ခဲ့တဲ့ နေရာ မှာ....

အမြဲ မမြဲသော သဘော အရ

သဲသဲ လှုပ်နေတာတွေ
တချိန်ကျ အေးစက် သွား မှာ..

ချွဲ ပျစ်ပျစ် ကျိ နေတာတွေ
တချိန်ကျ ခါးသက်ကုန် မှာ..

အဲသလို ချွဲ ကျိကျိ .. သဲသဲ လှုပ်
မောင်.. လိုအပ် နေတာ တွေ..
အဲဒါအဟုတ် သေချာ လို့လား ..

ကျမ ကူးခပ် ဖူးတဲ့
ပင်လယ်က သိမ်မွေ့ လှတယ်
ကျမ လမ်းလျှောက်ဖူးတဲ့ သက်တံ က..
အညှီအဟောက် ကင်းတယ်..
ကျမ ထိုင်ငေးဖူး တဲ့ ကောင်းကင် က
တည်ငြိမ် ခဲ့တယ်..

နဖူး ပေါ် လက်တင်..
ဘယ်လို ပင် စဉ်းစား စဉ်းစား..
သဲ သဲ မလှုပ် ချင်တာတော့ အသေအချာ..
ချွဲ ကျိကျိ မကြိုက်တာကတော့ အသေအချာ..

အချစ် ကို
အချစ် နေရာ မှာ
အချစ်လိုပဲ
မွန်မွန်မြတ်မြတ် သိမ်း ထုပ်..
ယုယု ယယ ထွေးပွေ့.. ..
သက်ဆိုင်သူ ရောက်လာမဲ့ နေ့ထိ..
စောင့်နေမယ့်သူ တယောက် မောင့်ဥယာဉ် အစွန်အဖျား နားမှာ ပဲ ရှိနေ. ... ။


မမသီရိ
၂၃ နိုဝင်ဘာ ၂၀၁၁

Sunday, November 27, 2011

ဂစ်တာသံ

ထူးဆန်းလိုက်တာ...
ကောင်းကင်က အဲသလောက် နက်တယ်လို့
ကျမ ထင် ကို.. မထင်ခဲ့မိရိုး...
ကြယ်စင်တွေ အကြား..
ကူးခပ် သွား လာရတာ.. ကျမ နှစ်သက်တယ်..

လမင်း ကို လိုက်.. လိုက်.. ဖမ်း ဖူးတဲ့ ညတွေ...
လေပြေ..
ညဥ့် ငှက်...
နှင်း... ကြွေ..
ငွေ ရောင်.. တံပိုး လွယ်ထားတဲ့.. နုမွမွ တိမ်စိုင် များ...
ရောင်နီကို.. ကြိုရမယ်..မှန်း.. မေ့ ခဲ့ ပြီ ရော..

ဆည်းဆာ အရိပ် ရှည်မျောမျောတွေ ကျမ ချစ်တယ်...
သန်းခေါင်ယံ ..သူ့ ဂစ်တာသံတွေ..
ကျမ နဲ့ တူတူ လိုက်ကြို ပေးတာ ကို.........။


မမသီရိ
၁၉ နိုဝင်ဘာ ၂၀၁၁

Monday, November 21, 2011

အလွမ်းအိုး

အထပ်အထပ်
ဟော....ဟိုက ရိုးမပေါ်....


နှင်းတွေ...
သဲလိုက်တာဆို..
ခါးသီးစွာ...စိမ့်..စိမ့်ပြီးအေး....

မနက်စောစော..ထ
လမ်း  မလျှောက်ချင်တော့ဘူး..

အလွမ်းအပြည့်နဲ့.. အဲ သည်အိုး..
ငါ.. ဆွဲဖွင့်မိမှာ စိုး..တယ်...။


မမသီရိ
၁၉ နိုဝင်ဘာ ၂၀၁၁

Wednesday, November 16, 2011

အရည်မရ အဖတ်မရ ကဗျာ

ကြားရ တာတွေ အရည်မရ အဖတ်မရ..
မြင်ရတာတွေ အရည်မရ အဖတ်မရ


အရည်မရ အဖတ်မရ စကား
အရည်မရ အဖတ်မရ ကဗျာ
အရည်မရ အဖတ်မရ .. စာတမ်းများ
အရည်မရ အဖတ်မရ.. လမ်း မထက်မှာ..
လေဖမ်း ငါးချဉ်သုတ် အကြင်နာ
လေပွား လေယား caring
အရည်မရ အဖတ်မရ အချစ်တွေ နဲ့
အရည်မရ အဖတ်မရ အဟုတ်ကြီး မှတ်
အရည် မရ အဖတ်မရ ဟေးလား ၀ါးလား..
အရည်မရ အဖတ် မရ ကုန်လွန်သွား မှာ သိနေရက်..
အရည်မရ အဖတ်မရ အချိန်တွေ ဖြုန်း
အရည်မရ မဖတ်မရ.. လပ်လျား လပ်လျား
ကိုယ့်ထမင်း ကိုယ်စား .. လူတကာ မျက်စိစပါးမွေး စူးအောင် လမ်းသလား
ဟီရိ နဲ့ သြတ္တပ  အရည်မရ အဖတ်မရ ဖြစ်သွား


တကယ်ဆို..
တွေးနေမိတာကိုက အရည်မရ အဖတ် မရ ပါလား..
ငါ့ အရည်မရ အဖတ်မရ .. ကဗျာ...



မမသီရိ
၁၆ နိုဝင်ဘာ ၂၀၁၁

Sunday, November 13, 2011

တစ်ဆောင်းသစ်ပြန်ပြီ

မှုံပြာရီ..
ရာသီတွေပြောင်း..
တစ်ဆောင်းသစ်ပြန်ပြီ..... တဲ့....
ရင်ဆီက လာတဲ့အသံ
ကြေကွဲဟန်အပြည့်..ဆွေးရိလှိုက်မော..
လေထဲ မှာ လွင့်မျောခဲ့..
ကိုသန်းလှိုင် ရဲ့ ခံစားချက်..
လွမ်းအသက်.. တမ်း လျှက် ဆိုနေ...


မောင်.. ရေ...
ကျမတို့ တစ်တွေမတော့..
အေးမြတဲ့ အတိတ်.. နိမိတ်ပုံ ဒီဆောင်း...
ပြန်ပြောင်းလို့ တွေးမိတိုင်း..
အချစ် ကိုင်း အချစ်ပင် အစ ပျိုး
အချစ်မိုး စွေ.. အချစ်တွေ ဆတိုး..
တစ်မိုးအောက် တစ်ယောက်
အချစ်သာတစ် ဘ၀.. နှလုံးသား အလှ... စချစ်ခဲ့ကြ...
ခုလို.. အေးမြမြ.. ဟေမန္တ ... ဒီလို ဆောင်း အစ မှာ မဟုတ်လား...

နှင်းရည်စိုလူး.. ရာသီ ဦး မှာ..
ဖူးပုရစ်ချီ .. ဝေစည် သီခဲ့...
ပန်းတွေ ရဲ့ ဘုရင်မ.. ပင်မြင့်စံ.. သဇင်အလှ..
မြတ်နိုးခြင်းသင်္ကေတ ...
မောင်............ ကျမ ကို
ရှာကာ ပန်ပေး...
အဲဒိ ရနံ့ ကလေး...
ရင်ထဲ မှာ .. မွှေး နေဆဲ ပါ .. မောင်....

ဟော... ခု.. တစ်ခါ... တစ်ဆောင်း သစ်လာတော့..
နှင်းကဗ္မလာနဲ့.. ပွင့်လာမဲ့..
အချစ်သဇင်.. ကျမ ပန်ချင်သေးတယ်....
မိန်းကလေး သဘာဝ.. ပန်း ကြိုက်တတ် ပါရဲ့..
ဒါပေမဲ့.. မောင် .. ရေ..
သဇင်.. ဆို.. သဇင်မှ.. ပါ ပဲ ကွယ်....

နှင်းနုလွှာ ခြုံဆိုင်း.. ချစ်စရာ...ဆောင်း အရိုင်း တစ်ခု
မောင်.. နဲ့... ခဏ ဝေး... ကာလကလေး ကြုံ တုန်းကပေါ့..
နှလုံးသား ကြွေ ပြုန်းမတတ်..
အလွမ်း .. ညတွေ.. ရှည်ခဲံ့ လိုက်တာများ... ဆို...
မဲဇာ ကို.. ရောက်ခဲ့ ရသလိုမျိုး...
ဒွေးချိုး ကလေး တွေ.. လေးချိုး ကလေးတွေ...
ကဗျာ ပန်းပွင့်.. ကာရံ ဆင့်ချွေ....
အလွမ်းကလေး တွေ..မောင့်.. ရဲ့ ရှေ့ မှောက်...
တောင်ပံ ပေါက်လို့ ..ရောက်ခဲ့ ဖူးတာ.. နော်....

ည.. အရိပ်...
နှင်းသိပ် တိုး ကြွေ...ပြည့်နေတဲ့ လ.. ၀င်းပ ပ လှ..
ဒီ ဆောင်းကာလ.. လပြည့် ည တစ်ခု မှာပဲ ပေါ့..
မောင်... မှတ်မိ ရဲ့လား...
ရွှန်းလဲ့ တောက်တောက်.. လ.. ရောင် အောက်မှာ...
နှင်းတွေ စို လက်..မြက်ခင်း ထက်မှာ..
လက်ချင်း တွဲ ယှက်.. ချစ်တဲ့ အကြောင်း
အပ်ကြောင်း ထပ်ထပ်.. လုပြောခဲ့ ကြ ... မေတ္တာခြုံ
မောင့် ရင်ငွေ့ လှုံ.. လုံလိုက် ပုံ များ..
အသဲကလေး တွေ အရည်ပျော်..
အလွမ်း နဲ့ အမုန်း.. ဘယ်မှာ. ပုန်းနေသလဲ..
အဲဒီ တုန်း က.. ကျမ သိပ်ပျော်ခဲ့ တာပဲ ကွယ်...



ဟော................
တိုးညှင်း သဲ့..သဲ့...
ဝေ့ ၀ဲ လာတဲ့ အသံ...
မှုံ ပြာရီ... ရာသီတွေ.. ပြောင်း.... တစ်ဆောင်း သစ်ပြန်ပြီ....... တဲ့..
အဲဒိအဆိုတော် ကလေး.. လွမ်း လို့ ငို နေ...
ကျ မတော့.. မောင့် အချစ် နဲ့ ..ပျော်နေ......။


မမသီရိ
၁၃.၁၁.၁၉၉၀
(edited on 13.11.2011)

Sunday, October 30, 2011

ညီမလေး ရဲ့ ဟိုမရောက် ဒီမရောက် အလွမ်းတွေ

ညီမလေး ရဲ့ စပယ်ရုံတောင် မပွဲသေး
ဆောင်း က အပြေးကလေး လာခဲ့ပြီ..
နှင်း နှမ သူဇာ... ပုဝါ ကဖြင့် ပါးဆဲ....
ဖိတ်လျှံကျလာနေ တဲ့.. မြောက်လေအေး

အဲဒီလရောင် ကို ၀တ်ရုံချုပ် ..
ကြယ်စင်တွေ ဆံထိုး လုပ်ချင် တယ် .. ကိုကို..
နှင်းမှုန်တဲ့ ညခင်းတွေ ညီမလေး သိပ် ချစ်တယ်.
.ညီမလေး ဆံပင်တွေ ကိုကို.. သပ်တင်ပေးပါ..
ညီမလေး စံပါယ်ကုံး.. .. ကိုကို ထုံးပေးပါ..
နှင်းတွေ သိပ်မသဲ ခင်မှာ

ပြတင်းဘေး နား သစ်ပင်က ရှဥ့်ညိုကလေးပေါ့
သူ ခဏခဏ ခိုး ကြည့်တယ်..
ကိုကို လာ.. ဖမ်းပေးပါ လား.. ညီမလေး တစ်ချက် လောက် ပွေ့ထားချင်

တောင်ကမူ အဆုံးမှာ... ရေစီးသံ ညင်သာလာတဲ့ စမ်းချောင်းကလေး
ညီမလေး ဆင်းကြည့်တော့.. ခြေထောက်ကလေးတွေ အေးစိမ့်
ကြည်ကြည်နူးနူး နှစ်သိမ့်.. အဲဒိ ရေသွင်သွင်ထဲ.. ကိုကို့ အချစ်တွေ

ကိုကို့ အတွက် လက်အိတ်ကလေး ထိုးနေတယ်..
ဆောင်းအလယ် မတိုင်ခင်တော့ ပြီးတန်ကောင်းလေ ရဲ့..
ဘေးက ၀က်ဝံရုပ်ကလေး 
မျက်လုံး ပြူးကလေး နဲ့ လှောင် လှောင် ကြည့်
ဒီ ကောင်.. တခုခု ကို သိနေသလို..
(ညီမလေး ကိုကို့ ကို ချစ်နေတဲ့ အကြောင်း..)
သူ့ ကို ပွေ့ထား ရုံ နဲ့ အလွမ်း မပြေပါ.. ကိုကို..

ဒီဆောင်းအမှီ.. ပန်ချီကား တချပ်..
ကိုကို့ ပါးနား ကပ်.. တိုးတိုးရှပ်ရှပ် ကလေး ပြောမယ့်စကား..ရှိနေ..
ကိုကို.. အရောက်လာခဲ့ပါတော့လား.. ချစ်တဲ့ ညီမလေး.. ဆီ...


 (ညီမလေး.. အတွက်.. )

မမသီရိ
၃၀ အောက်တိုဘာ ၂၀၁၁


Saturday, October 22, 2011

ဝိုင်နီ တွေ

မေမေ ဖုတ်လေ့ ရှိတဲ့
ဆောင်းဦးအကြို ကိတ်မုန့် ရနံ့ က နှာခေါင်းထဲ တိုးဝင်လာတယ်...
အညိုရောင်စပျစ် ခြောက် လေး တလုံးနှစ်လုံး
ဝါးတောင်မကြည့်ရသေးပဲ ချိုမြနေတယ်ရော....
ကျမ ကိုယ်တိုင် တိုက်ထားတဲ့ သစ်သား ကြမ်းခင်း ပြောင်လက်လက်မှာ..
သူ့ မျက်နှာ ပေါ် ပေါ်လာ တယ် မေမေ
စာကျက်ရတာလဲ စိတ်က တယ် မဖြောင့်ချင်ဘူး..
အိမ်ရှေ့ဥယျာဉ် ပိစိ ကလေးမှာ.. နှင်းဆီပန်းဝါ၀ါ တွေ ဖူးနေကြတယ်..
စာကလေး ပိစိ နှစ်ကောင်လဲ ခဏခဏ အလည် ရောက်တာပေါ့..
ကော်ဖီ ကျဆိမ့် လေးက တောင်.. လွမ်းတဲ့ ရနံ့တွေ ထွက်နေတော့..
..ကျမ ဘာလုပ်ရမလဲ မေမေ ရယ်...
ကောင်လေးတွေ ရီးစား များတာ.. သူတို့ တော်လို့ တဲ့...
ကောင်မလေးတွေ လွမ်း တတ်တာ.. အသုံး မကျ လို့ ဆိုပဲ...
မေမေ့ သမီး ရှပ်တေးမ လေ...
ရှပ်ပျာ .. ရှပ်ပျာနဲ့.. 
ဒီ အသက် အရွယ် မကြီး မငယ် မှာ.မှ....
ဝိုင်နီ ပုလင်း ကလေး တလုံး လွတ်ကျ ခွဲလိုက်ပြန်တယ်....

မစိုး ရိမ်ပါနဲ့ မေမေ

ကော်ဖီ ညိုညို ပဲ စွဲ လမ်းခဲ့တာမို့.. ၀ိုင် နီချိုတာတွေ မသိချင်တော့ပါဘူး..
သူ့ဖာ သာ မွှေး .. တာ..  မွှေး ချင်သလောက်သာ မွှေး ပါစေ...


မမသီရိ
၂၂.၁၀.၂၀၁၁


Thursday, October 20, 2011

ပုန်ကန်သူ


ကျမအတွေးတွေ သူကျူးကျော်ခဲ့တယ်..
ကျမ ညတွေ သူ ကျူးကျော်ခဲ့တယ်..
ကျမ နန်းမြို့ သူမို့ သိမ်းပိုက်နိုင်တယ်...

အကြင်နာအကြည့်..
မြတ်နိုးခြင်း မျက်ဝန်း..
နွေးထွေးသော အပြုံး..
နူးညံ့သော လက်ကလေး တစုံနဲ့..
ရင်ခုန်ခြင်း.. တီးဝိုင်း တစုံ နဲ့...
စစ်အင်္ဂါ လေးပါး ပြည့်စုံစွာ.. ချီတက်လာခဲ့သူ..
ကျမ စိတ်ကောက် ခြေဆောင့်တာလဲ မငြူစူ..
ကျမ နှုတ်ခမ်းထော် ရန်ထောင်တာလဲ.. ကြည်ဖြူ..
ခဲလုံးတွေ ပိတ်ကန်.. တံခါး ဆောင့်ပိတ်တာလဲ.. အပြုံးမပျက်တဲ့သူ..
ဂရုဏာ.. အကြင်နာ.. မြတ်နိုးတာ..ခွင့်လွှတ်တာ
အဲဒီ အကူ တပ်တွေ ကြောင့်ပဲ..
ကျမ အင်ပါယာ ထဲ... သူခွဲဖောက်.. တိုးဝင်း ကျူးကျော်လို့...

ချစ်ခြင်း ကို... ချဉ်ခြင်း တပ်ဖို့.. စိုးရွံ့ နေခဲ့တဲ့သူ..
လက်မြှောက်အရှုံးပေးဖို့ ကိုလဲ.. မတွေးလို...
ဘ၀.. ကလေး တွေ ဒီလောက် တို နေတဲ့ဟာ.. ချိုရုံကလေးပဲ ဆက်နေချင်လို့..
ကျမ စိတ်ဓါတ်အင်အားတွေ စုဆောင်းခဲ့တယ်..သူ့ကို ပုန်ကန်ဖို့..
ကျမ ဥပေက္ခာ စွမ်းအား တွေ စုစည်း..
မေ့လျော့ နိုင်ခြင်း တွေ တိုးပွားအောင် .. စွမ်းဆောင်...
အလံဖြူ တကယ်မတင်ချင်... ပုန်ကန်သူ ပဲ ဖြစ်ပါရစေတော့ ရှင်.......။


မမသီရိ
၁၅ စက်တင်ဘာ ၂၀၁၁

Friday, October 14, 2011

ဒုံးဒုံးချ


ခွဲသွားမလား.. ဆွဲမထားချင်သူ
ချန်ထားခဲ့မလား.. စိတ်မများချင်သူ..
နီးနီးဝေးဝေး.. စိတ်မလေး ပဲ...
ချစ်မိတဲ့နောက်.. ခရီးဆုံးလျှောက်မှာမို့ ..



ရင်ခတ်အလွမ်း
မနွမ်းစေချင်...
အချစ်မြစ်များ..
ခမ်းမသွားစေချင်...
စီးဆင်းခဲ့သော အကြင်နာ..
အမြဲသာ.. ဝေဖြာပါစေချင်....


မမသီရိ
၁၄ အောက်တိုဘာ ၂၀၁၁

Tuesday, October 11, 2011

ဂျစ်..

ဝေးး.................
လွမ်းတာကို လွမ်းတယ် ပြောတာ
မပြောရဘူးလား
ကိုယ့်ဖာ သာ လွမ်းချင်လို့ လွမ်းတဲ့ဟာ..
ဘာဖြစ်ချင်နေရတာလဲ..
မင်း မကျေနပ် ရင် ပြန်လွမ်း လိုက်..

ဝေး.. ချစ်တာကို ချစ်တယ်လို့ ပြောမယ်
ဘာဖြစ်သေး လဲ..
မင်း မကျေနပ်ရင် ပြန်ချစ်ပေါ့..

နှလုံးသား ကလေး တစုံ ပါလာလို့
လွမ်းတယ် ကွာ.. .ဘာဖြစ်သေးလဲ..
နှလုံးသား ကလေး တစုံ ပါလာ လို့
ချစ်တယ် ကွာ .. ဘာဖြစ်သေး လဲ....

ချစ်လို့ ကြည့် ကြည့် နေခဲ့တာ..
ဟို အော်..  ဒီအော် လျှောက် အော် မနေနဲ့..
ရာသီ တွေ သယ် ဆောင် သွား တဲ့.. သံယောဇဉ် .. ပန်းခြင်းများ...
မင်း... တကယ် မကျေနပ်ဖူးလား...
လာပါ.. အချိန်မရွေး ပြန်ကောက်.. ချစ်လှည့်......။


မမသီရိ
၁၁ စက်တင်ဘာ ၂၀၁၁

Wednesday, October 05, 2011

သွန်းလိုက်မိတိုင်း.. ဒီအလွမ်းတွေ


နေနဲ့သွန်းတော့လဲ.. အလွမ်း
လ နဲ့သွန်းတော့လဲ အလွမ်း

မိုးတွေ ရွာတော့လဲ.. တကယ်ပဲ မစဲ နိုင်တော့ဘူး
ချစ်ခြင်းဖြင့် မအားးနိုင်အောင်...အဲဒီ အလွမ်းပေါ့..
အဲဒီ အလွမ်းတွေ ပါပဲ....သွန်းလိုက်မိသမျှမှာ။

မမသီရိ
၆ အောက်တိုဘာ ၂၀၁၁

Saturday, October 01, 2011

မုဒိတာ

ချစ်ကြတဲ့သူတွေ ထိုင်.. ထိုင်ငေးရတာ.. အရသာ..
ဘယ်သူက ဘယ်သူ့ကို..
ဘယ်လောက်တောင်ချစ်ရသလဲ..
ရပ်ကွက်ထဲမှာ.. ဟိုမှာ.. ဒီမှာ..
နေရာတိုင်းမှာ.....
လူတကာ ပြောကြတဲ့ခါ...
ရင်မှာ ကြည်နူးစွာ.. ... မုဒိတာ....

သူက... သူ့ မိန်းကလေးအတွက်...
သစ်ခွတွေ စိုက်ထား ပေးသတဲ့...
သူက သူ့ မိန်းကလေး ကို..
လက်သဲကလေးတွေ ဆိုးပေးချင်သတဲ့..
သူက သူ့ မိန်းကလေးအတွက်.. သီချင်းတွေဆိုပြသတဲ့..
သူက... သူ့ မိန်းကလေး ကို...
ခေါင်းလျှော် ဖွဖွ သုတ်.. ဆီမွှေး ထည့်ပေးချင်သတဲ့...
သူက.. သူ့မိန်းကလေးအကြောင်း ကဗျာတွေလဲ..ရေး သတဲ့...
သူက.. သူ့ မိန်းကလေး ဘယ်လို ချစ်ရကြောင်း
ဘယ်လောက်ထိချစ်ရကြောင်း..ခဏခဏ... ရွတ်ပြသတဲ့...

မိုးလောက်ကြီး ချစ်တယ်..
အရာအားလုံး ထက် ကိုချစ်တယ်..
ပြောမပြနိုင်အောင်ချစ်တယ်...
အချိန်တိုင်းမှာ ချစ်တယ်...မင်း နဲ့ပဲ မခွဲပဲ နေမယ်.....
အိုး... စကားလုံးတွေ တိုင်းမှာ.. အင်တွေ အားတွေ.. ပြည့်လို့...

မင်း မချစ်ရင်.. သေမတဲ့..
မင်း မုန်းသွား ရင်.. ရင်ကွဲ မတဲ့..
မင်း မရှိတဲ့ဘ၀မှာ.. အရာရာ ဟင်းလင်းဟာလာ...
ငါ့ ကို ပြန်ချစ်ပါ...
နားပူနားဆား လုပ်မိတာ... . ချစ်လွန်းလို့ပါ....။

အဲဒါ သူ ချစ်တဲ့ အသံတွေ...
မိန်းကလေးက  မချစ်ဖူး ထင်တဲ့အခါ...
စိတ်ဓါတ်ကျနေပုံ ကလေး ကိုက...
အချစ်တွေ နဲ့ မို့ ကြည်နူးဖွယ်ရာ....

မုန်းတာနဲ့ စာ.. ချစ်တာပဲ ကောင်းတာမို့....
ချစ်သာ. ချစ်ပါ.. ချစ်လိုက်ပါ... ချစ်ကြပါ....
တို့ များ ရင်မှာ.. မုဒိတာ..........။

မမသီရိ
၉ စက်တင်ဘာ ၂၀၁၁



Friday, September 23, 2011

မြစ်တစင်း အကြောင်း

ဒီနေ့တော့ မြစ် တစင်း အကြောင်း
ပြန်ပြောင်းပြောကြတာပေါ့ မြစ်ကလေး ရေ..

မာယာ ရှိတယ် ဆိုတာ မြစ်တွေ မှာပဲ မဟုတ်တဲ့ အကြောင်း
အဲဒီ မြစ် က ခဏခဏ အန် အန်ချ လို့ ပြ တတ်ခဲ့ သတဲ့..
လေပြေတွေ သူ့ အပေါ် က ဖြတ်သန်းခွင့်ပေးတဲ့အခါ
လတ်ဆတ် မှု တွေကိုလဲ သူမျှဝေပေးခဲ့တာမို့
တို့တတွေ အကုန်လုံး က အဲဒီ မြစ် ကို အချစ်ဆုံးချစ်ခဲ့ ဖူးကြတယ်..

တောင်ကြားတွေဆီ သူစီး ဆင်း သွားပုံကလေး ..
သိမ်မွေ့ လွန်းလှချည်ရဲ့..
ခင်တွယ်သူတွေ တပုံ တပင် နဲ့.. သူ့ ရင်ခွင်မှာ မြူးတူးပျော်ပါး..
လူတိုင်းနီးပါး.. ကြည်နူးခွင့် ရခဲ့ကြဖူးတယ်...

စိမ်းလန်းစိုပြေနေသော.. မြစ်ကမ်းပါး သစ်ပင်များ..

လွတ်လပ်ပေါ့ပါး.... လယ်ကွင်းကျယ် လွင့်လွင့်များ....

စုန်စုန် ဆန်ဆန်... အပြန်အလှန် ကူးခပ် သွားလာနေသော..
လူများ ..လှေများ... ငှက်သဗ္မာန်များ...  သူ့ ရင်ခွင် အတွင်း မှာ...

သူ့ အပြုံးများ ဟာ.. ရတနာ တပါး.. ရှည်လျားလျား.. သူ့သွင် သဏ္ဍန်
ကဗျာဆန်.. မဟာ ဆန် လှ သူမို့... ရာဇ၀င်အဆက်ဆက်..
ပြိုင်ဖက်မဲ့ သတို့သမီး... ရှုမငြီး ဖွယ်.. လူတွေရဲ့ နှလုံး အလယ်.. သူ နယ်ပယ်ချဲ့ပုံများ.....

ငါတို့ ချစ်နေဆဲပါ.. မြစ်ကလေး ရေ....
လောလော ဆယ်ဆယ် တော့.. မင်း ကျန်းမာရေး.. မင်း ဂရုစိုက်ပါ မြစ်ကလေး....
ဆောင်းခို ငှက် တွေ မင်း ဆီ ရောက်လာတဲ့အခါ.. မင်း ငိုကြွေးသံ တွေ
သူတို့ မကြားသိပါစေနဲ့လား...
တိုးတိုး တိတ်တိတ်လဲ.. မရှိုက်ပါ နဲ့လား မြစ်ကလေးရေ...
မိုးနှောင်း လေပြေနဲ့.. မင်း ပျော်ရွှင်ပါ မြစ်ကလေး...
ကြိုးကြာ တေးသံ နဲ့.. မင်းကြံ့ခိုင်ပါ မြစ်ကလေး...
ရွှေရောင် သဲသောင် မွမွ နဲ့.. မင်း.. တက်ကြွပါ မြစ်ကလေး..
အစိမ်း ရောင်.. ကိုင်းတော များနဲ့... မင်း အသက်ဆက်ပါ မြစ်ကလေး....
မင်း ရဲ့.. အနာဂတ် အရေး... ငါတို့ အနာဂတ်ပါ ပဲ မြစ်ကလေး.......။










မမသီရိ
၂၃ စက်တင်ဘာ ၂၀၁၁



Wednesday, September 21, 2011

ကောင်ကလေး

အပွေး မြင်ရင် အပင် တော့ သိဖို့ကောင်းတာပေါ့
အဲသလောက် ထိ မအ ပါနဲ့လား ချစ်သူ ကောင်ကလေး ရေ..

နှင်းတွေ ဝေရုံနဲ့ ဆောင်း ဖြစ်ရရောလား
မြူတွေ ဆိုင်းရုံနဲ့ နွေ ဖြစ်ရရောတဲ့လား
မိုးတိမ်တွေ မှောင်ရုံနဲ့ မိုး ဖြစ်ရရော တဲ့လား..

မင်း ကို မခေါ်တာနဲ့ ကျမ က မုန်းရရောတဲ့လား..

ကော်ဖီကို တနေ့ ၃ ခွက် ဆက် သောက် နေဆဲ ပါ ကောင်လေး...
လသာတဲ့ ညတွေ မှာ မင်း ကို လွမ်းနေဆဲပါ ကောင်လေး ရေ
လမိုက်တဲ့ ညတွေ မှာ မင်း ကို တမ်းတနေဆဲပါ ကောင်ကလေး ရေ
လေပြေလာရင်လဲ မင်း ပဲ အတွေးထဲ ရောက်လာဆဲပါ ကောင်လေး ရေ..
ကြယ်ကြွေ ရင် လဲ .. မင်း အတွက် ဆုတောင်းဆဲ ပါကောင်လေးရေ..

အမှောင်တွေ.. စဲ ပါစေတော့လား.. စေ့ရုံ စေ့ထားခဲ့သော တံခါးများ..
တွန်းဖွင့် ထွက်ခွာ ဒီသတ္တကမ္ဘာ လောက ကို မြည်းစမ်းဖို့.... မင်း ကို.. ချစ်နေဆဲ ပါ ကောင်ကလေး..။

မမသီရိ
၂၁ ဧပြီ ၂၀၁၁

Thursday, September 15, 2011

အလွမ်းနံနက်ခင်း



အလွမ်းနံ့သာများဖြင့် .. ပေကျံနေသော နံနက်ခင်း...
သခင့် ပန်းခြံအတွင်းမှာတော့ အရာအားလုံး တိတ်ဆတ်ငြိမ်သက်..
သစ်ရွက် သဲ့သဲ့ လှုပ်သံ မကြား ရတာကို က လွမ်းချင့်စဖွယ်...
အိတွဲ့တွဲ့ ပါးလှပ်လှပ်.. ခန်းဆီးရင်း စားပွဲပေါ်က ကော်ဖီ နှစ်ခွက်..
နှစ်သက်စဖွယ် ရနံ့ဝေနေပေမဲ့ တခွက်က ပိုင်ရှင်မဲ့နေ..
မြူတွေဆိုင်းနေသော တောင်စဉ်တန်းတွေရဲ့ အနောက်မှာ..
ရှိမယ် ဆိုတာ မသေချာသော.. အစစ်အမှန်ချစ်ခြင်းတရား..
မေတ္တာ အားဖြင့်သာ . ပြုစု ပျိုးထောင်ထားခဲ့သော .
လာဗင်ဒါ အပြာများ အကြား....
နှင်ထုတ် လို့ မရနိုင်အားတဲ့.. တမ်းတခြင်း စိတ်တွေ..

သူ့ပုခုံးကလေး မှီတွယ်ခွင့်တခုကိုပဲ.. ရူးသွပ်အိပ်မက်လို့..
ကိုယ့်ပုခုံးကလေး သူဖက်ထားဖို့.ကတော့  အပိုဆုကလေး တခု....
တွယ်ငင်ရစ်ပတ်.. အဖြတ်ခက်သော နွယ်.. အရွယ် ၃ ပါး ဘောင်အတွင်း.. 
အချစ်သည်သာ.. အရာရာ ဆိုတဲ့အကြောင်းတရား.အဟောင်း.
တနေ့ ပြောင်း သွားတိုင်း တခါ... ပိုလို့ ပိုလို့ သေချာ.. လာ...။


မမသီရိ
၂၃ သြဂုတ် ၂၀၁၁

Wednesday, September 07, 2011

I Miss You

ဒီမှာ...
ကျမလေ...
တကယ် အဆင်မပြေဘူး ရှင် ရယ်...

စက်တင်ဘာမိုးက.. သဲသဲမဲမဲ စွေ နေတယ်..
ကမ္ဘာချီ မှိုင်းလို့ ညို့..
မုတ်သုန် အနှောင်း.. လေတွေကလဲ.. ထန် လိုက်တာ သဲသဲ..
သစ်ရွက် အဟောင်းတွေ တောင် မက..
သစ်ရွက်အသစ်တွေပါ လိုက်ကြွေ.. သဲသဲ..

ကသောကမျော.. ပြည့်လျှံလာတဲ့.. ဒီရေတွေ နဲ့..
ပတ်ပတ်လည် .. ပင်လယ် ကလေး တခု လို ၀ိုင်းလို့...

ကျမ မျက်နှာမူထားတဲ့ ဖက်မှာ...
တောင်တန်း ညိုညို တွေ ရှိနေတယ်..
မခုတ်တတ်တဲံ့ ကြောင်လိုမျိုး..
ကျမမုန်းလိုက်တာ.. လေလာလာ မိုးလာလာ
သူတို့ ရဲ့ ကြံ့ကြံ့ ခံ စိတ်ဓါတ်..

ဒီမှာဖြင့်..  လွမ်းလိုက်ရတာဆို...
ကော်ဖီခွက်ကလေး ရှေ့ချလွမ်း...ရ..
ပြူတင်းဘောင်ကလေး.. လက်ထောက် လွမ်းရ..
ခန်းဆီးစ ကလေး ကိုင် .ကိုင်.. . လွမ်း ရ..
ပန်း ၀ါဝါ ကလေး တွေ ကြည့် လွမ်း ရ..
စာဗူးတောင်း သိုက် တွဲလောင်းကလေးတွေ ငေး လွမ်း ရ...
စံကား ပွင့် အကြွေတွေ မွှေး လွမ်း ရ..
တောက်တောက် ပြေးဆော့ ပူစီကလေး တွေ့တော့လဲ လွမ်းရ..
မိုးသံ လေသံကြားက စိုးစိုးစီစီ.. ညံ ချင်တဲ့ ငှက်ကလေး အသံကြား လွမ်းရ..
ပန်း ခရမ်း ပြာ.. သစ်ခွ အိုးကလေး နဲ့ လွမ်းရ...

ကျမလေ....
ဒီမှာ.....
တကယ်ကို.. အဆင်မပြေဘူး ရှင် ရယ်...........။


မမသီရိ
၆ စက်တင်ဘာ ၂၀၁၁

Sunday, September 04, 2011

ထိုစကားလေးတခွန်းရယ်...

အားဆေး မသောက်ရသေးပဲ ..
အင်အားတွေ ပြည့်နေတယ်..

ဗိုက်တာမင်စီ မဖြည့်စွက်ရပဲ
ရွှင်လန်းတက်ကြွနေတယ်..

လမ်းလျှောက်မထွက်ပဲ နဲ့
လတ်ဆတ်တဲ့ လေပြေရနံ့ ရနေတယ်..

ရိုလာကိုစတာ မစီးပဲနဲ့..
ရင်ထဲ လှိုက်တုန်မောနေတယ်..

နိုဗယ်ငြိမ်းချမ်းရေးဆု ရတာထက် ကို
ပို ပျော်စရာကောင်းနေတယ်..

ချစ်သူ့စကား တခွန်း ..
အင်အားတွေ ဖြစ်ထွန်းစေလိုက်ပုံက ..
ကိုယ်တွေ့သာ မဟုတ်ရင်.. မယုံချင်စရာ...။


မမသီရိ
၂၇.၁၁.၂၀၁၀

Friday, September 02, 2011

မီ... သို့မဟုတ် ... နွေးထွေး လင်းလက်ခြင်းများစွာ...

ငါကြေကွဲတဲ့အခါ ဘေးက မင်း ဖေးမဖို့
နင်ကြေကွဲနေတဲ့အခါ ငါ က မင်းကိုထွေးပွေဖို့

ငါပျော်ရွှင်နေတဲ့အခါ ဘေးက မင်း လိုက်ပြုံးဖို့
နင်ပျော်ရွှင်နေတဲ့အခါ ဘေးက ငါ ရီမောဖို့..


တို့တွေ တာဝန်ကိုယ်စီ ယူကြမယ်လေ

ငါ အားရှိသွားပြီ .. မီ....

မင်း ပျော်ရဲ့ မဟုတ်လား
ငါ့လက်တွေ နွေးထွေးတဲ့အကြောင်း
ခုတော့ မင်း ပို ပြီး သိလာရတော့မှာ....

မင်း ... အကြင်နာတွေ .
ငါလိုအပ်နေတာနဲ့ ကွက်တိ
အပို မရှိ..ငါ့အချစ်တွေကလဲ မင်းအပေါ် သာ...

မီ .. မင်း ကို ချစ်တယ်..
ကိုယ် ပေးဆပ်နိုင်တာတွေ အကုန်လုံး .. မင်း ပိုင်တယ်.. မီ..
ကိုယ့်ဘ၀ ရဲ့ အနာဂတ်တခုလုံး  .. မင်း ဥယာဉ်ထဲ စိုက်ပျိုးထားလိုက်ပြီ .....
ရေလောင်းပေါင်းသင်.. မင်း ရင်ခွင် နဲ့ နွေး စေဖို့ရာ.. မီ စဉ်းစား ပါ မီ...

မီ... ကိုယ်ချစ်ရတဲ့ မီ...
ကိုယ့် အလွမ်း ကဗျာတွေ အတွက်တော့ နားလည်.စေချင်သည်..... ။


ကဗျာဆရာ မောင်ငယ်တယောက်အတွက်. ကိုယ်စား ရေးဖွဲ့ ပါသည်..။

မမသီရိ
ဧပြီ ၂၀၁၁

Thursday, September 01, 2011

အတိတ်မျဉ်းကွေးများ

အချစ်က ဆန်းကြယ်သတဲ့.
သခင်...
တခါ တုန်းက.. သူ ပြောခဲ့ဖူးတာ...

ကိုယ် အမှန် ချစ်တဲ့ သူ က ..ကိုယ့်ကို ပြန်မချစ်နိုင်
ကိုယ် အမှန် မချစ်သူ ကျတော့ .. ကိုယ့် ကို နှစ်သက်မြတ်နိုး
အတန်တန် .. အထပ်ထပ် စွေသော မေတ္တာချောင်းရိုးကလေး မှာ..
လောကကြီး ဇောက်ထိုး မိုးမျှော် ဖြစ်တာ..
သူ.... မျက်ရည် အခါခါ ၀ဲ ရကြောင်း ..
အပ် ကြောင်းထပ်စွာ... ထပ်ခါ ထပ်ခါ.. ပြောလာပြီးတဲ့နောက်..

သခင်... သူ....
တကယ် မချစ်နိုင်မှန်း သိနေမှတော့..
သဉ္ဖာ စက်ပေါ် မျှော်လင့်ရင်း မျှော်နေခဲ့.. တပြည်သူ မင်းသမီးကလေး လေ...

ကြယ်အကြွေ စောင့်စရာ မလိုတော့..
လ.. အသာ စောင့်စရာ မလိုတော့..
သူ့ အပြာ ရောင်ခန်းဆီးကလေး.. ခိုးကြည့်စရာ မလိုတော့..
သူ့ မှန်အိမ် စိမ်းစိမ်း လေး မျှော်စရာ မလိုတော့..

မိန်းကလေး နှလုံးသား...
ဘာသား နဲ့  ထုထား လို့လဲ ကွယ်....
ချစ်ခဲဖူးပါပြီ.. စံတင်လောက်တဲ့ ထိ..
လွမ်းခဲ့ဖူးပါပြီ.. ဂန္တ၀င်မြောက်တဲ့ထိ..

လျှောက်ခဲ့ဖူးပါပြီ.. ဟိုး... ရောက်နိုင်တဲ့.. အနား ထိ...
အဲဒီ လမ်းကလေး အဆုံး မှာတော့....

အလွမ်းတွေ စမ်းရေထဲမှာမျှော...
တို့တွေ ပတ်သက်ခဲ့ဖူးတာ... အတိတ်မှာသာ........။

မမသီရိ
၉ ဖေဖေါ်ဝါရီ ၂၀၁၁

Sunday, August 28, 2011

နီခြင်း ဝေးခြင်း ပညတ်များ

တယောက်မျက်နှာ တယောက်ကြည့်
တမိုးအောက် အတူ ရှိ
နီးနီးလေးပေမဲ့
နှလုံးသားချင်း ဝေးနေခဲ့ရင်..

အဝေးဆုံး.. .အဝေးဆုံးမှာ...
အဲဒီ နှစ်ယောက် ဟာ...
....

အကြင်နာတွေ ပေးချင်ပါရက်
ဖွင့်ပြောရ ခက်နေသလား..

ချစ်သူတွေ ရဲ့ ကြား
တံခါး ဆိုတာ မရှိအပ်ဖူးလေ..

မင်း ရဲ့ နှလုံးသား

အဝေးဆုံးမှာ ပေမဲ့..
နှလုံးသားချင်း နီးနေခဲ့ရင်..

......

ထောင်သောင်းချီဝေး
မိုင်ပေါင်းတွေ မနီးလေလဲ

တို့တွေ မဝေး.. အနီးလေးမှာ...
စကားတွေ လဲ မလို..
အပို တွေ ဘာလုပ်မလဲ..
မင်း ရင်ထဲ .. အချစ်ပဲ ရှိဖို့ လိုတာပါ.....။


မမသီရိ
March 8, 2009

Thursday, August 25, 2011

အချစ်က အချစ် ကြိုက်သလို နေ

မင်း.... ခြုံချင်ခြုံ.. မခြုံချင်လဲနေပေါ့..
ကျမ ကတော့ ရှင့်စောင် ကလေး အဖြစ်.. အမြဲ နွေးထွးစေမှာ..

မင်း.. သီချင်သီ... မသီချင်လဲနေပေါ့..
ကျမကတော့ ရှင့်ပုလဲလုံးကလေးတွေအတွက်.. အမြဲ ငိုပေးနေမှာ...

မင်း.. ကောက်ချင်ကောက်.. မကောက်ချင်လဲ နေပေါ့...
ကျမကတော့ ရှင့် ရွဲလုံးကလေးတွေ အတွက်..အမြဲရီပေးနေမှာ..

မင်း... ဆို ချင်ဆို.. မဆိုချင်လဲ နေပေါ့...
ကျမ ကတော့.. ရှင့် အတွက် သီချင်းကလေးတွေ အမြဲ ရေးပေးနေမှာ..

မင်း.. လာချင်လာ... မလာချင်လဲ နေပေါ့...
ကျမ ကတော့ ရှင့် နေကြာပန်းကလေး အဖြစ်.. အမြစ်စွဲ စောင့်နေမှာ...



မင်း ခေါ်ချင်ခေါ်.. မခေါ်ချင်လဲ နေပေါ့...
ကျမကတော့ ရှင့် အရိပ်ကလေး အဖြစ်.. နောက်က လိုက်နေမှာ...

မင်း ရောက်ချင်ရောက် မရောက်ချင်လဲ နေပေါ့..
ကျမ ကတော့.. ရှင့်အတွက် ကော်ဖီ တခွက် ကျမသောက်တိုင်း ထည့်ဖျော်မှာ..

မင်း သတိရချင် ရ မရ ချင်လဲ နေပေါ့..
ကျမ ကတော့.. စက္ကန့် နဲ့ အမျှ.. ရှင့် ကို လွမ်းနေမှာ...

မင်း ယုံချင်လဲ.ယုံ .. မယုံချင်လဲ နေပေါ့.....
ကျမကတော့ ရှင့် မိန်းကလေး အဖြစ်.. တသက်လုံးပဲ နေသွား မှာ....အသေအချာ.။


မမသီရိ
၂၀ သြဂုတ်. ၂၀၁၁


Monday, August 22, 2011

ရှိရှိသမျှအပြစ်တွေ.. လမင်းကိုပဲ

သန်းခေါင်အပြင်.. နက်စရာ ညက ရှိနေသေးလို့လား...

ဖြတ်သန်းခဲ့ရတဲ့ ခရီးတာ ..ရှည် သလောက် ရှည်ခဲ့ပြီးပြီ လေ..

မုန်တိုင်းသင့် ချောက်ချားဖွယ်.. ညနေခင်းများစွာ..
အရိုင်းဆန်သော.. မနှစ်မြို့ဖွယ် ညပေါင်း များစွာ..
ချွေးပြိုက်ပြိုက် ကျ နွမ်းလျ နံနက်ခင်းများစွာ..
မနိုင်ရင်ကန်.. ရုန်းကန် အထီးကျန် ခဲ့ရသော နေ့လည်နေ့ခင်းများစွာ..
ကြည်နူးစဖွယ်..
အချစ်ကိုတွေ့ ဖူးသော
အခိုက်အတန့်ငယ်ကလေးများ ..ပါဝင်ခဲ့တဲ့ ဘ၀ မှတ်တိုင်ကလေးတွေ..လည်းပါ ..

တကယ်တော့..
သူ က ရေဆန်ကို အပြန်ကူးတက်ခဲ့ရတဲ့
လေးလံသော ၀န်တွေပိနေတဲ့ ငါးကလေး တစ်ကောင်သာ..

ကြာရိုးကြာစွယ်ကလေး တခု..
ဦးစွာ ထွေးပွေ့ပြုစုမှု ရယူ ကျောခိုင်းထွက်သွားသူ
ခရီး..  ယာယီ အိပ်မက်ထဲက အဖော်အပေါင်းကလေး ကို
ဒီဝန်တွေ ခွဲမယူရကောင်းလား..
စိတ်တို ငြိုငြင် အပြစ်တင်လို့
အနည်းအကျဉ်းဖြစ်ဖြစ် ကြေကွဲသင့်တယ် မဟုတ်လား...

နေရာလွတ်နေတဲ့ ဘေး ကို ခဏခဏ လှည့်ကြည့်ရင်း
အလွမ်းလို့ မဆိုသာ တဲ့ သတိရ မိတဲ့ စိတ်ကလေး နဲ့

ကြယ်အရောင်အားကိုး..
အလွမ်းတွေ ပျိုးကြည့်မလို့ ကြိုးစားကြည့်ခဲ့သေးတယ်..
အတ္တဖျက်ပိုးကလေးတွေ ခေါင်းတထောင်ထောင် နဲ့ မို့..
အတိတ် ဆိုတာ အတိတ်သာပါပဲလို့.. ဂျစ်ကန်ကန် ရေရွတ်မိသူကို..
သေချာရဲ့လား .. သနားသလို ငုံ့ကြည့်လာတဲ့ လ.. တစင်း..
စိတ်အလျဉ်း တယ် မသင့်ချင်ဘူး..
မျက်စောင်း တချက် ၀င့်.. မျက်ခုံး တဖက် ဘုတော ပင့် ကြည့်မိတော့

ပုန်းရှိုး ကွယ်ရှိုး နဲ့.. အဲဒီ လမင်း ရယ်လေ...
တိမ် အညိုတွေ အနောက် ..ခိုး.. ခိုး..  တိုး ၀င်သွားလေ ရဲ့....။

မမသီရိ
၉.၇.၂၀၁၁

Thursday, August 18, 2011

မ စိတ်တို...

အဲဒိ တယောက် အနားမှာပေါ့
ပလူးပလဲ ပြူးပြဲနေတဲ့ နီနီ ရဲ ရဲ ကောင်မလေးတွေ
တအိအိ ငြိချင်စရာ ကောင်းအောင် ချွဲ နေတဲ့ ကောင်မလေးတွေ..
 ဟို ပေါ် ဒီပေါ် .. ဖော်ပြ ချင်နေကြနေတဲ့ ချောချောလှလှ မမ လေး တွေ 

ကဲ.. ဆို သူ ကိုယ်တိုင်က .. လဲ ပြနေတာ ကိုး...

အချိန်က လဲ အား .. အား နိုင်ကြ လွန်း...


စိတ်ထဲ မယ် ဘ၀င်မကျ..
နီးနီး နားနား ဆို လဲ ဗိုက် ခေါက်ကလေး ဆွဲ လိမ်မိတော့မှာ..
ထိုင်နေရာက ထ..
ရေ တခွက် ပြေးသောက်..
ကော်ဖီ တခွက်ဖျော်..
နေအုံး... တခြား စာမျက်နှာ တခု.. ဆက်လှန်..
အဆင်က တယ်.. မပြေချင့်....

သ၀န်တို လိုက်ရမလား စဉ်းစား ကြည့်လိုက်သေး..

ခပ်ဝေးဝေး နေတာပဲ ကောင်းမယ် ထင်လို့..
ခပ်ရို့ ရို့ ကုပ်ကုပ် ကလေး လှည့်ပြန်ခဲ့....
အဲဒါ.. ကိုယ် ကျွမ်းကျင် တဲ့ နယ်မြေမှ မဟုတ်ပဲ ကို....

မမသီရိ
၂ ဇူလိုင် ၂၀၁၁

Monday, August 15, 2011

ညီမျှခြင်း များ

ညီမျှခြင်းတွေ အကြောင်း စိတ်မ၀င်စားခဲ့တာ
အတော် တောင် ကြာခဲ့ ပါပကောလား.. နှင်းဆီ ရေ..

မညီမမျှခြင်းတွေ ကိုရော..လို့..  မင်းက မေးချင်သေးလို့လား..
ကျမ က ဘာမှ ကို... စိတ်မ၀င်စားချင်တော့တာပါ...
အမြှောက်လီပေါင်းတွေ ..
မအိပ်မနေ ကျက်ခဲ့ တဲ့ ကာလတွေ အတွက်တော့..
ကျမ နောင်တ မရ ချင်ပါဘူး.. ကွယ်...
ပေါင်းကြည့်ခဲ့ ဖူးတယ်.. အဖြေ က ခပ်ဝေးဝေး ရယ်...
နှုတ်ကြည့်ခဲ့ ဖူးတယ်... မှား မှန်းတော့ သေချာ သိနေခဲ့ပါရောလား..
အစား ကို ကျွမ်းကျင်ဖို့ အတွက်.. လီပေါင်းတွေ ကျက်တဲ့ဆီ ပြန်သွား ရမယ်ဆိုတော့
ကျမ .. ထပ်ညွှန်း နဲ့ ... ဆခွဲ ကိန်း နဲ့ အစား ထိုးဖိုး ကြိုးစား ခဲ့မိသေးတယ်..
ရာရှင်နယ်.. အီရာရှင်နယ်တွေ နဲ့..
ရူး လိုက်ပုံ များ ဆို.....
ကျမ ကယ်ကူလေတာ ကို မုန်းတယ်..
ဖော်မြူလာတွေ လဲ မုန်းတယ်...
မရှိတဲ့ တည်ကိန်းတွေ အတွက်.. x တွေ y တွေ အစား ခဏ ထား ရတာလဲ မုန်းတယ်..

အဲဒီ ညီမျှ ခြင်း တွေ ရ အောင် ညှိတော့ ရော..
မညီမျှတာပျောက် သွားမယ် လို့ ဘယ်သူ တယောက်ပြောနိုင်သေးလို့ လဲ မနှင်းဆီ ရယ်..
စိတ်ကယောက်ကယက် ဖြစ်ပြီး..
တိမ်ပေါ် အရုပ်ရေးနေတဲ့..
ချစ်သူ တယောက် ကိုတောင်.. ရအောင် မဖျောင်းဖြနိုင်သူ လူညံ့တယောက် အတွက်..တော့..
ညီမျှခြင်းတွေ အကြောင်း... မေ့ကောင်းအောင်.. မေ့ လိုက်တာ.. ပဲ.. ကောင်းမယ်..
မေတ္တာတွေ ပုံပေးလို့ .. မေတ္တာနဲ့ဝေးရတဲ့ ပုစ္ဆာမျိုး ..
ခေတ်သစ် သင်္ချာဗေဒနဲ့ မဖြေရှင်းချင်ပါနဲ့ ကွယ်..
ကောဇောနီနီ တွေ ခင်းတဲ့ လမ်းမ နဲ့ မနီးချင်တော့တဲ့အကြောင်း မင်း သိသွားတဲ့အခါ..
ကျမ ကို .. ခွင့်လွှတ်လိုက်ပါ သူငယ်ချင်း ရယ်...
ဒီကမ္ဘာ ပေါ် မှာ.. ကျမ တယောက် တည်း နေလဲ.. ...နေတတ်ပါ့မယ်......။

မမသီရိ
၁၃ သြဂုတ် ၂၀၁၁

Saturday, August 13, 2011

Poya



Poya, ငါ မမေ့နိုင်သေးတဲ့
မင်းရဲ့ အညိုရောင်မျက်ဝန်းတွေ..
ကြည်လင်ခြင်း နူးညံ့ခြင်း.. ကြင်နာခြင်း.. ငြိမ်းအေးခြင်း..
မာန ကင်းစင်.. လင်းလဲ့.. တောက်ပစွာ...

Poya, ငါ မမေ့နိုင်သေးဘူး
မင်းရဲ့ ပါးလျားလျား နှုတ်ခမ်းသားလေးတွေ
အမြဲ ရီလဲ့ စွာနဲ့.. အပြုံးတွေ..
မညိုးပန်းကလေးတွေလို
ဘယ်အချိန်ကြည့်ကြည့်.. ကွေးညွတ်.. နှစ်လိုဖွယ်ရာ...

Poya, မြင့်မားလှ တဲ့
ကမ္ဘာ့ အလှပဆုံး တောင်တန်းတွေအကြား..
မင်း ကြီးပြင်း ခဲ့ ရတာနဲ့ ဆိုင်လို့လား...
ဒီကမ္ဘာကြီးပေါ် မှာ အရာရာ..
အရာရာ ဟာ .. မင်း အတွက်.. ငြိမ်းချမ်းမှုတွေပဲ စေ..

Poya, ဒီလောက် ခွဲခြား ဆက်ဆံ ခံခဲ့ရတာတောင်မှ..
မင်း ဘယ်တော့မှ အပြုံး မပျက်ရအောင်..
ဆောင်ကျဉ်းပေးစွမ်းတဲ့ မင်း အမေ နဲ့ အဖေ..
ငါ ဦးညွတ်ပါရစေ...

Poya, မင်း အသံ မှာကိုက..
ငြိမ်းချမ်းမှုတွေ ပျော်ဝင်တယ်ရော..
ကိုယ်ဟန်အမူ အရာ ကလဲ တည်ငြိမ် .. လေးနက်.. လို့..
ကလေး နှစ်ယောက် ကို လွမ်းလိုက်တာလို့..
မင်း ပြောလိုက်ပုံ ကလေးရဲ့နောက်မှာ..
 မင်း ထက် ၇ နှစ် ငယ် တယ်ဆိုတဲ့
အိမ် သူကလေး အတွက် အလွမ်းတွေ လဲ..
ငါ တွေ့ ဖြစ်အောင် တွေ့ လိုက်ပါရဲ့..
မင်း မရှက် ပါနဲ့ .. Poya,
အဲဒါ ဘယ်လောက် ကြည်နူးစရာ ကောင်းလိုက်သလဲ လို့..

အိပဲ့အိပဲ့.. ချီတက်နေတဲ့ ဆင်ကလေး အပေါ် မှာ..ပဲ..
ကလေးတွေ နဲ့ အတူရှိချင် တဲ့ မင်း ကို..
ငါ့ မောင်ကလေး တယောက် လိုချစ်မိခဲ့ရတာပါ..

မင်း နဲ့ အနီးအနား မှာ ရှိခဲ့ဖူးတဲ့
ကမ္ဘာကျော် အကြမ်းဖက်သမား ကြီး အကြောင်းပြောနေတာတောင်
အပြုံး မပျက် ... လဲ့ နေတဲ့ မင်း ဟာ...
နောက် ၅ နှစ် လောက်ကြာလို့.

မင်း ရဲ့ တောင်တန်းတွေ ဆီမင်း ပြန်ရောက်သွားတဲ့အခါ...
မင်း ရဲ့ မျိုး နွယ်စုတွေ အတွက်..
ဘယ်လောက် ဂုဏ်ယူစရာ ကောင်းမလဲ လို့..
မင်း မေမေ တွေး သလို.. ငါ တွးနေမိတယ်.. Poya

ငါတို့ ဝေးသွားကြတဲ့အခါ..
ငါပြော  ခဲ့ဖူးတဲ့.. Kite Runner အကြောင်းမမေ့ပါနဲ့ Poya
ငါ အမြဲစိတ်ဝင်စားခဲ့တဲ့ Hazara တွေ အကြောင်း ထပ်ပြောပြပါ Poya
မင်း.. ယုံကြည်မှု အတွက်.. လူတွေ နှိမ့်ချတဲ့ အခါ.. မင်း အမြဲ ပြုံးနေပါ Poya
ဒုက္ခသည်စခန်းတွေ ဆီက.. မျက်ဝန်း ညိုညို တွေ အကြောင်း မင်း အမြဲ သတိရပါ.. Poya
ငါ့ အတွက် တော့
ဒီကမ္ဘာပေါ်မှာ လူတွေ အားလုံးဟာ.. အတူတူ ပဲ မို့..
Poya, မင်း.. ဟာ.. ငါ့ ရဲ့ ..ထာဝရ မောင်နှမ ဖြစ်တော့ မှာ.. အသေအချာပါ....




မမသီရိ
၁၃.၈.၂၀၁၁

Thursday, August 11, 2011

တိတ်တခိုးအလွမ်း

မိုးဖွဲဖွဲအောက်..
တလှမ်းချင်းလျှောက်..
အောက်စိုက် .. ခေါင်းငုံ့ .. အလွမ်းရုပ်လေ...
မြင်ရုံနဲ့သိ.. ရိပ်မိကြမယ်...

ကွင်းစပ်နံဘေး..
ခပ်ဝေးဝေးမှာ...
ဗာဒံရွက်ကြွေ... မြေသက်လေပေါ့..
လွမ်းရော့ နိမိတ်.. ခပ်မဆိတ် နဲ့..
မသိသလို.. ပင်အိုငယ်...

သခင်မေ့ပါး.. ဝေးလို့သွားရင်..
လွမ်းနေတတ်တာ မသိပါလား..
မေ့ထားတမင်.. မကြင်တာလား...

မိုးသက်လေထဲ ..ရွက်ကြွေ ၀ဲသလို..
တို့ရင်ထဲလဲ.. လွမ်းသဲနဲ့ ငို..
သခင်မြင်လှဲ့.. ချစ်တဲ့သူ..ဆို...
တိတ်တခိုးတမ်းတ.. ဆန္ဒငယ်ကို...
မသိစေလို.. သိစေလို......


မမသီရိ
၂၉.၇.၁၉၉၀ (edited on 11 Aug 2011)


Friday, July 29, 2011

ကျမ ရဲ့ ကြယ်ပွင့်ကလေး

ကျမရဲ့ လင်းလက်တဲ့ ကြယ်ကလေး တပွင့်ဟာ သူပေါ့..
ကျမ ရဲ့ညတွေက သူနဲ့ပဲ အမြဲ လင်း ထိန်နေခဲ့တာ...

နေ့ အလင်းရောက်လာတဲ့အတွက်
ပျော်သင့်သလောက် မပျော်တဲ့ အဖြစ်မျိုး ရှင်တို့ ဖြစ်ချင်မှ ဖြစ်ဖူးမှာ...

သူဟာ လူတကာ အတွက် သာမန်ကြယ်ကလေး ဖြစ်ချင်ဖြစ်မှာ ပါ့..
ဒါပေမဲ့ ကျမ အတွက်ကတော့ သူသည် သာ အရာရာ..


သူ့ မှုန်မွှားမွှား အလင်းရောင်ကလေးနဲ့ ပဲ
ကျမ လမ်း တွေ ကို သူ အလင်းပေးခဲ့တာ..

သူ့ အင်အားဖြည့် အလင်းရောင်ကလေး ကြောင့်ပဲ..
ကျမရဲ့ နေ့တွေ ရက်တွေ တောက်ပ ရှင်သန်ခဲ့တာ..

ကမ္ဘာမြေပြင်က ပန်းတွေ မွှေးခဲ့တာ သူ့ အလင်းကြောင့်ပါပဲ လို့
ကျမ တီး တိုးရေရွတ်တော့
ကြယ်ကလေး က ရှက်ပြုံး ပြုံးတယ်..

ငှက်ကလေး တွေ တေးဆို ဖို့ အတွက်..
သူ့ ရဲ့ အနွေးဓါတ် လိုတယ် လို့ ကျမ မှတ်ချက်ပြုတော့
ကြယ်ကလေး က မယုံ သလို ကြည့်တယ်..

ဒီလောက် အဝေးကြီး ကနေ ..
ကျမ ကဗျာတွေ သူ့ ကြောင့် ဖြစ်ထွန်းစေခဲ့တယ် ဆိုတော့
သူ အကြောက် အကန်ပဲ ငြင်းတော့တယ်..

တသက်လုံး ပြုံးခဲ့ရတာ နည်းတယ်ဆိုတဲ့ ကြယ်ကလေး..
နက်ဗျူလာ က အကျယ်ကြီး ရယ်..
မင်း မရီလို့ ငိုမယ့်သူ ဆို.. ကျမ တယောက်ထဲ ပဲ ရှိနေမှာ မဟုတ်လား..
စကြာဝဠာကြီး ထဲ ပျံ့လွင့်ပဲ့တင်လာမဲ့
ကျမ ရှိုက်သံ တွေ မင်း ခံနိုင်ရည်ရှိမယ် ထင်လို့လား...
ပေါ့ပေါ့ ပါးပါး.. ရီမော လိုက်ပါ့ ကွယ်..

ချစ်လိုက်ရတာ ကြယ်ကလေး ရယ်..
သတိရတဲ့ အကြောင်းတွေ မင်းဆီရောက်ဖို့
အလင်းနှစ် တွေအတော် အတန်  ဖြတ်သန်း ရပေဦးမယ်..
ကျမ ရဲ့ လွမ်းမောခြင်းတွေ မြေကမ္ဘာ မှာ ငြိတွယ် ရှင်သန်နေတဲ့အခါ..
နှင်းဆီဖြူတခက် ကိုက်ချီထားတဲ့ ခိုကလေး တကောင် ကျမဆီ ရောက်အောင်ပို့ပေးပါ..
ကမ္ဘာချီ ကွားခြားလွန်းတဲ့ ခရီးမိုင်တွေ ဘယ်လောက်ရှိနေလဲ..
ကြယ်ကလေး ...  မင်း.... ကျမ ရင်ထဲ အမြဲ ရှိနှင့်ပြီးမို့..
ကျမ ရဲ့ အနမ်းတွေ .. နှင်းဆီပွင့်ချပ်ကလေး နဲ့ ထုပ်..
အဲဒီ ခိုကလေး ပဲ ပြန်အပို့ ခိုင်းမလို့..
မပုပ် မသိုးခင်... မင်း..ကို နမ်း ခွင့် ရစေချင်...လိုက်တာ. ဆို..။


မမသီရိ
၆ - ၁၃.၇.၂၀၁၁

Thursday, July 21, 2011

ပြန်လျော်ပေး

ဒီမိုးဦးအကျမှာပဲ..
ငါ ထွန်ယက်စိုက်ပျိုးခဲ့တဲ့..
အမုန်းပျိုးစေ့တွေ..
အတ္တ တီစူပါ... မာန ယူရီးယား..
အားကူလို့ပေါင်း.. သြဇာတွေ ထပ်လောင်းတာတောင်မှ..

မျိုး မမှန်တာလား..
မိုး ပဲ မမှန်တာလား..
တလွဲ ပေါက်လာလိုက်တာများ ဆို...
ပိန်း ပိတ်အောင် တောထ.. လို့...

အချစ်..
မင်း ကို.. ချစ်ရတဲ့ အချစ်တွေ သာ.....။


မမသီရိ
၁၄.၇.၂၀၁၁ 
၀၀း၂၀







ခရီးထွက်ရမှာမို့ schedule လုပ်ပြီးတင်ထားခဲ့တာပါ .. လာလည်ကြတဲ့ဧည့်သည်တွေ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ရွှင်လန်းကြပါစေ..

Thursday, July 14, 2011

အနိစ္စ....ဒုက္ခ... အနထ္တ..

ခုန ချစ်တယ်လို့ပြောခဲ့တာ ဒီတယောက်
ခဏ နေကြာတော့..
ကျွန်တော်ချစ်နေတာ နောက်တယောက် တဲ့..
ကိုယ့် ဘ၀လေး ထဲက သူ ထွက်ပြေးခဲ့ပြီ..
ဘယ် အရာမှ မတည်မြဲ ပါလားနော်..
အော်.. အနိစ္စ .. အနိစ္စ.. အနိစ္စ...

နောက် တယောက် ကောက်ချစ်မယ် ဆို..
ချစ်လို့ ဖြစ်မှာ တွေ တပုံ တခေါင်း ပေါ့..
ခက်နေတာ က ဒီ တယောက်ထဲ စွဲစွဲ မြဲမြဲ ချစ်နေမိတာ
ဆင်း ရဲ ခြင်းမကင်း ၀ဋ် ကျင်းထဲ ခုံ ဆင်းလိုက်ပုံ များ ဆို..
အော်... ဒုက္ခ .. ဒုက္ခ... ဒုက္ခ....

နေမင်း တစင်း ပွင့်တဲ့ နေ့ တွေမှာ..
ငါ ဟာ ငါ မဟုတ်..ငါ့ ကိုယ် ငါ မပိုင်..
ဆိုင်တာတွေ အကုန်လုံး သူကြောင့်ချည့်
အတွေး တွေ ချည်တိုင် ပြန်မရောက်တာလဲ ဘယ်လောက်ကြာပြီလဲ
အစိုး မရခြင်း.. မပိုင်ဆိုင်ခြင်း မကင်းလိုက်တာများ ဆို...
အော်.. အနတ္တ.. အနထ္တ... အနထ္တ....။


မမသီၤရိ
၁၄.၇.၂၀၁၁




Note: မနက်ဖြန် ၀ါဆိုလပြည့်နေ့ဆိုတော့..

Sunday, July 10, 2011

ညီမလေး သို့..... စကားပွင့်အကြွေတွေဖွေးဖွေးလှုပ်နေတဲ့နေရာ..

(အော).. ကုသိုလ် ကံကိုက
ကိုယ်က ချစ်ရဖို့ပဲ ဖြစ်လာတာ
အချစ်ခံ ရသူတွေ လိုက် လိုက် မနာလို မဖြစ်ပါနဲ့လား..
ညီမလေး ရဲ့..

တနေ့နေ့ တချိန်ချိန် တနေရာရာ
မင်း ကို အမှန်တကယ် ချစ်လာသူလေး တယောက်
မင်း ရှေ့မှောက် ရောက်မလာဘူး လို့ ဘယ်သူ ပြောမလဲ

လွမ်းစရာ ရှိတာ လွမ်းလိုက်ပါ
နာစရာ ရှိတာ နာလိုက်ပါ
ကြေကွဲ စရာ ရှိနေတာ အကြွေးမထားကြေး
ကြေကွဲပစ်လိုက်ပါ.. ခပ်အေးအေး..
အူတိုရကောင်းမှန်း မသိလောက်အောင်ကို
အရာရာနားလည်ပေးဆပ်ချစ်ခဲ့ရသူမို့..
ယူကြုံးမရ ဖြစ်နေရသတဲ့လား  ညီမလေး..
သူ့ အချစ်ရိပ်ငွေ့တွေဝေ့၀ဲသယောင်လှပ
ကြွေရောင်တောက်ကြွ
စကားလုံးလေးတွေများ
လတ်လတ်ဆတ်ဆတ်ကြီးကို ရှိနေတုန်းပဲ တဲ့လား ညီမလေး..

အချိန်တွေ ဟာ နှမျောစရာ ကောင်းလွန်းတယ်
ဒီမြေကမ္ဘာအပေါ်မှာ
ငါတို့ အလည်အပတ်ရောက်တာ ကာလ က တိုတို ရယ်..
ဘ၀ ဟာ.. အချစ်တခု တည်း မဟုတ်မှန်း
မင်းရှာဖွေတွေ့ရှိမဲ့ အခိုက်အတန့်ကလေးမှာ..
ပြီး.တော့.. နေမင်းကြီးနဲ့လွဲခဲ့ပြီး လို့ ၀မ်းနည်းနေမယ်ဆို
ကြယ်တာရာတွေ နဲ့ ထပ်ဝေးရမဲ့ အကြောင်း
 ကောင်းကောင်း သိလာမဲ့ တနေ့.. မှာ....
ဒီကမ္ဘာ ကြီး ဟာ.. ပျော်စရာတွေ ဖွေးဖွေးလှုပ်နေကြောင်း..
ဘယ်သူတဦးတယောက် မောင်းခတ် မကြေငြာ သော်လည်းပဲ
မင်း.. သိလာမှာ အသေအချာ...
အဲဒီ.. စကားပွင့်အဖြူရောင်တွေ
အဆုပ်လိုက် အခိုင်လိုက် မွှေးနေတဲ့နေရာ..မှာ
ငါ ရှိနေနှင့်ပြီး မို့...
အလွမ်းတွေ အကြောင်း ကော်ဖီ ထဲ ထည့်ဖျော်သောက်ကြဖို့
ငါတို့ အဲဒီမှာ ဆုံ ကြရအောင်ပါ.....။

မမသီရိ
၁၀.၇.၂၀၁၁

Saturday, July 09, 2011

အသဲကွဲခြင်းမှတ်တမ်း

အသဲ ကို စံနစ်တကျ ကွဲရအောင်လို့ဆိုပြီး
စဉ်းစား လိုက်ရတာများဆို.. တနေ့ နဲ့ တည...

စီးကရက် ကို မီးညှိ .. စတိုင်အပြည့်နဲ့ ကွဲ ရမလား...

ကော့တေးတကြိုက် ..
ရှန်ပိန် တငုံ .. ရီဝေ မှိုင်းမှိုင်း မှုန်စွာ အသဲကွဲ ရမလား..

ဆံပင် ခွေခွေ လိပ်လိပ်.. မဖြီး မသင်..
ရှုပ်ပွ အောင် တမင် ဆင် လို့ ကွဲ လိုက်ရမှာလား..

မျက်တောင် ကလေး ပုတ်ခတ် ပုတ်ခတ်..
မျက် ရည် ဝေ့ဝေ့ ကျလု စပ်စပ်.. ငို့မဲ့မဲ့ ကလေး နဲ့ များ ကွဲ ရမလား...

စန္ဒယားခလုတ်တွေ အပေါ်
ကြွက်လျှောက်ပြေးသံ အော်အောင် နှိပ်လို့ ..
အဆက်မပြတ်တီးပေးရင်း .. ကွဲလိုက်ရတော့မလား..

ဒါမှမဟုတ်..ပဲ... ရှေ့တွေ့ တဲ့ ခဲ တလုံး
ခြေသဲကလေး တချောင်း အဆုံးခံ ..ကန်ပြီး အသဲ ကွဲ ပြလိုက်ရမလား...

ဒါမှမဟုတ်..
ဇာတ်လမ်းတွဲ ထဲက ကောင်မလေးတွေလို
ရေချိုးခန်းထဲ . ရေပန်းအောက်မှာ ၀င်.ခို.. .
ခေါင်းမော့ ပြီး.. အော်ဟစ် .. အသဲ ကွဲ ပစ် ရမှာလား...

ခေါင်းတွေ ရှုပ်ပါပေါ့ ..
အဖြေရှာ မရတဲ့အဆုံး
ဘေးနား က ကတုံး ဆံတောက်မကလေး .. ကော်ဖီ ဖျော်ပေးခိုင်းလိုက်ပြီး ခဏ....
အိတ်စ်ပရက်ဆို.. ကော်ဖီမွှေးမွှး တခွက်နဲ့ ပဲ.. အသဲ ကွဲ ခြင်း အမှု ကိစ္စ ပြီး ဆုံးသွားရလေတော့တယ်....။

မမသီရိ
၈.၇.၂၀၁၁

Saturday, July 02, 2011

ကြယ်တံခွန်...

ရေကြည်တပေါက်
သောက်ခွင့်ရမဲ့ အရေး
ရေတွင်းကလေးတွေ ဘယ်လောက်ထိ တူးရမှာလဲ ကွယ်...

လေပြေ တကြိုက်
ရှုရှိုက်ခွင့်ရမဲ့ အရေး
တောင်တွေ ဘယ်လောက်မြင့်မြင့် တက်ရမှာလဲ ကွယ်...

အနမ်းတပွင့်
လန်းစွင့်ဖို့ အရေး...
ဘယ်လို အရာတွေများ ထပ်ပြီး ပေးဆပ်ရမှာလဲ ချစ်သူ ရယ်...

ရေကြည်တွင်း တွေ ရာ ထောင်မက ကိုယ် တူးရလဲ ဖြစ်ပါတယ်..
တောင်တန်းတွေပေါ် မိုင်ထောင်ကျော် ထိ ကိုယ် တက်ရလဲ ဖြစ်ပါတယ်..
မင်း... နဖူး ကလေး တချက် နမ်းခွင့် ရဖို့ ရယ်..
မင်း ဆံ ပင်ကလေးတွေ့..  ထိတွေ့ ခွင့် ရဖို့ရယ်....
မင်း လက်ကလေးတွေ ပါးမှာ အပ်ထား ခွင့် ရယ်....
မင်း ရင်ခွင်ထဲ .. ခဏ လောက် မှေး စက်ခွင့် ကလေး ရယ်....
ခက်လိုက် တာများ ဆို...
ကြယ်တံခွန်တွေ လိုက်.. လိုက် .. ဖမ်းတာ မှ လွယ် လိမ့်အုံး မယ် ထင်ပါတယ်.....။


မမသီရိ
၂.၇.၂၀၁၁



Friday, June 24, 2011

ရောင်စုံ မီးပန်းတွေ



( ဘာတွေ လုပ်လို့ လုပ်မိမှန်းတောင် မသိတော့ပါဘူး ရှင်ရယ်...)

ဟိုမှာ တဖက်ကမ်း က ထွန်းညှိလိုက်တဲ့ ရောင်းစုံမီးပန်းတွေ...
ဘယ်အပွင့် ဟာ ဖြင့် ဘယ်သူ့ အတွက်လဲ ..
ဘယ်အရောင် ကဖြင့် ဘာကို ဆိုလိုလေသလဲ..
ဘယ်နှစ်ခက် ဖြာ ရင်တော့ ဘယ်လောက် ကြာကြာ လွမ်းနေသလဲ..
ဘယ်သူ တယောက်မှ သတိမထားမိသော်ငြားလေလဲ..
ဒီတယောက် ကတော့ဖြင့် အဲဒီ တပွင့်က အဲဒါ ကိုပြောတာလို့ သိကိုသိနေခဲ့ပါတယ်..

ခရီးက ဝေးနေတော့ တဖွားဖွား အသံ ကလေး ဖြင့် မကြား ရပေဘူး...
ရှင် ပစ်လွှတ်လိုက်တဲံ့မီး ပန်းကလေးတွေ .. .
ကျမ ရဲ့ ည ကောင်းကင် မှာရောင်စုံ တောက်ပလို့ပေါ့ .. ရှင်ရယ်...

ည ပိုးကောင် တွေ စီစီ ညံ အောင် ၀ိုင်း အော်တော့
ရုတ်တရက် နင့် နင့် သည်းသည်း... ရှင့် ကို .. လွမ်း မိပါတယ်....
မှောင် ရီ စွန်း စ တညနေခင်း..
ကျမ  .. ကျမ စာ စီရင်း လွမ်းထားတဲ့ ကဗျာ လေး ..
တလုံး စီကြွေ လို့.. ပုလဲ လုံးကလေး တွေ လို.. ရှင့် ဆီ လိမ့်လာ လိမ့် မယ်...
ဖမ်းယူ ကောက်သိမ်း ထား ပါ့ .. ကျမတို့ ဆုံ တဲ့ ထိ ပေါ့ .. ကွယ်...........။

မမသီရိ


Monday, June 20, 2011

You are the Wind Beneath My Wings


You're The "Wind Beneath My Wings"

Oh, oh, oh, oh, oh.
It must have been cold there in my shadow,
to never have sunlight on your face.
You were content to let me shine, that's your way.
You always walked a step behind.

So I was the one with all the glory,
while you were the one with all the strength.
A beautiful face without a name for so long.
A beautiful smile to hide the pain.

Did you ever know that you're my hero,
and everything I would like to be?
I can fly higher than an eagle,
'cause you are the wind beneath my wings.

It might have appeared to go unnoticed,
but I've got it all here in my heart.
I want you to know I know the truth, of course I know it.
I would be nothing without you.

Did you ever know that you're my hero?
You're everything I wish I could be.
I could fly higher than an eagle,
'cause you are the wind beneath my wings.

Did I ever tell you you're my hero?
You're everything, everything I wish I could be.
Oh, and I, I could fly higher than an eagle,
'cause you are the wind beneath my wings,
'cause you are the wind beneath my wings.

Oh, the wind beneath my wings.
You, you, you, you are the wind beneath my wings.
Fly, fly, fly away. You let me fly so high.
Oh, you, you, you, the wind beneath my wings.
Oh, you, you, you, the wind beneath my wings.

Fly, fly, fly high against the sky,
so high I almost touch the sky.
Thank you, thank you,
thank God for you, the wind beneath my wings.





We Love you So Much!!
We Thank You So Much!!!
All these are From our Hearts!!!
HAPPY BIRTHDAY, HAPPY BIRTHDAY, HAPPY BIRTHDAY





အတူတူ အလုပ်လုပ်ခဲ့တာ ၄ နှစ်ကျော်ပဲ ဖြစ်ပေမဲ့.. သိခဲ့ကြတာက ၈ နှစ်ကျော်ခဲ့ပြီ.. နှစ်လိုဖွယ်ရာ အပြုံးကို အမြဲ ပန်ဆင်ထားနိုင်ပြီး.. တွေ့သမျှ လူတိုင်းအတွက် မေတ္တာနဲ့ နားလည် ဆက်ဆံပေးနိုင်သူ.. မိမိ ကိုယ် ကို အမြဲ နှိမ့်ချ နေထိုင်ပြီး သူတပါး အတွက် ဘာပေးဆပ်ရမလဲ လို့ အမြဲ ကြံစည်နေတတ်သူ... အနေ အထိုင် အစား အသော် အားလုံး မှာ အမြဲ အနစ်နာခံတတ်သူ..။ အလုပမှာ အမြဲတိကျမှန်ကန်လွန်းလှ သော်လည်း၊ ဘ်လိုပ်ခြင်း မမျှတခြင်း၊ ဖုံးကွယ်ခြင်း ဘယ်တုန်းကမှ မရှိသော်လည်း  ဒေါသ ဆိုတာ ဘယ်တုန်းကမှ ကျမတို့ မမြင် မတွေ့ခဲ့ဖူး သူ.ပါ.။ ကျမ နဲ့ တခြား ၀န်ထမ်း ၂၀၀ ကျော်ရဲ့ဘ၀ တွေအတွက်.. အင်အား ဖြစ်စေခဲ့ပြီး .. ဘ၀ မှာ အလင်းရောင် ထွန်းလင်းအောင် စွမ်းဆောင်ပေနိုင်ခဲ့သူပါ... သူ့ကိုကျမတို့အားလုံး ချစ်တာထက် သူကကျမတို့အာလုံးကို ပိုပေးဆပ် ချစ်ခဲ့နိုင် တာပါ.. 

တကယ်ဆို သူ့ အသက်အရွယ်က အငြိမ်းစားယူပြီး မိသားစုနဲ့ အေးအေးချမ်းချမ်းနေသွား ရဖို့ ဖြစ်ပေမဲ့.. အမေရိကား မှာ မိသားစုနဲ့ သမီးလေး ၂ ယောက်ရနေပြီ ဖြစ်တဲ့ တစ်ဦးတည်းသော သား က ဘယ်လိုပင်ခေါ်နေသော်ငြား... အာရှ နိုင်ငံတခုမှာ တယောက်တည်း နေ. နေရ တဲ့.. ဇနီးသည်က ပြန်လာပြီး သက်တောင့်သက်သာ နေစေလိုသော်ငြား...  သူတာဝန်ကျနေတဲ့ ဒီကျေးလက် က မိန်းကလေး ငယ်တွေ နဲ့ လူငယ်တွေ ရဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သူ့ ဘ၀ကို ဆယ်စုနှစ် တခုစာလုံး ဇနပုဒ်ကလေးမှာ အလုံး စုံ မြှုပ်နှံထားခဲ့တဲ့.. ကျမတို့ ဆရာ..

သူ့ ကို ကျမတို့ချစ်တာ.. စီမံကိန်းဒါရိုက်တာ တယောက်ဖြစ်နေလို့ မဟုတ်ပဲ.. ဖခင်တယောက် ..သဖွယ်.. ခေါင်းဆောင်ကောင်း နဲ့ ဆရာကောင်းတယောက် လိုချစ်ကြတာမို့.. ကျမတို့ ကြားက သံယောဇဉ်တွေက..ခိုင်မြဲလွန်းလှပါတယ်.. မြန်မာပြည်ဖွား နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည့်နဲ့  တစ်နှစ်တည်း၊ တလတည်းမှာ ၂ ရက်ခြား ပြီး ဖွားခဲ့တဲ့ ဇွန် ၂၁ မှာ ကျရောက်တဲ့ ဆရာ့ မွေးနေ့ အတွက်.. ပါ...။


မမသီရိ

Wednesday, June 15, 2011

If We Hold on Together

ဒီကမ္ဘာပေါ်မှာ လူတွေ ၊ ဆင်တွေ မျောက်ဝံတွေ မြေခွေး တွေ၊ ဝေလ ငါးတွေ မပေါ်ခင်တုန်းက ဒိုင်နိုဆောပဲ ဒီကမ္ဘာကြီးကို ကြီးစိုးခဲ့ကြတာ တဲ့....  သစ်ရွက်စိမ်းတွေ ပေါများပြီး အစာရေစာ ကြွယ်ဝတဲ့ မဟာလွင်ပြင်ကျယ် ကြီးဆီ ကို ခရီးချီ ခဲ့ကြတဲ့ ဒိုင်နိုဆော အုပ်စုအချို့ ရှိခဲ့ဖူးတယ်..

အဲဒီအချိန်က ဒိုင်နိုဆော မျိုးစိတ်တွေ မှာ.. သွားချွန်တဲ့ အသား စား မျိုးစိတ်နဲ့၊ အရွက်စား မျိုးစိတ် ရယ်လို့ အခြေခံ အုပ်စုကြီး ၂စု ရှိခဲ့ပါသတဲ့...

Little Foot လို့အမည်ရတဲ့ လည်ပင်းရှည်မျိုးစိတ် ဒိုင်နိုဆောကလေးငယ်လေး တယောက် ဟာ ဒိုင်နိုဆော ကမ္ဘာ ထဲမှာ မွေးဖွားခဲ့ပါတယ်.. သူ့ကိုမွေးတဲ့အချိန်နဲ့ မရှေးမနှောင်းမှာပဲ.. ရန်လိုပြီး မာနထောင်လွှား တဲံ ချို၃ ချောင်းမျိုးစိတ်က Cera အမည်ရတဲ့ ဒခိုင်နိုဆောမလေး တစ်ကောင်ကို မွေးဖွားခဲ့တယ်..



တနေ့မှာတော့ မဟာလွင်ပြင်ကျယ် စားကျက်ကြီး ကို သွားနေကြတုန်း.. Little Foot နဲ့ Cera တို့ဟာ အသားစား ဒိုင်နိုဆောကြီးရဲ့ ရန်ပြုတာခံခဲ့ရတဲံ အပြင်.. ကမ္ဘာဦးမြေလွှာ ပြောင်းလဲမှုတွေကြောင့်ဖြစ်ပေါ်ခဲ့ ပြင်းထန်းတဲ့ ငလျင်ကြီးကြောင့် မိသားစု နဲ့ ဝေးခဲ့ကြတယ်.. Little Foot  ရဲ့အမေကတော့ အသားစား ဒိုင်နိုဆောကြီး နဲ့ တိုက်ခိုက်ခဲ့ရလို့ ရယ်၊ မြေငလျင်ဒဏ်ကြောင့်ရယ် မီးတောင်ပေါက်ကွဲတဲံ့ဒဏ်ကြောင့်ရယ် အသက်ဆုံးရှုံးခဲ့ရတယ်..။ အမေသေဆုံး လို့ စိတ်ဓါတ်ကျနေတုန်း လမ်းပျောက်ခဲံတဲံ Little Foot ကလေး ဟာ.. သူ့ အမေမှာကြားခဲ့၊ သင်ကြားခဲ့တဲံ စကားတွေ နဲ့ အမေ့ လက်ဆောင် သစ်ရွက်စိမ်းကလေး ကြောင့် အင်အားတွေ ပြန်ဖြစ်လာပြီး သူ့နဲ့ ဘ၀ တူ မိဘ ကလေး ငယ်တွေ ကို ဦးဆောင်ရင်းနဲ့ မဟာလွင်ပြင်ကျယ် ဆီ ကို အရောက်သွားခဲ့ကြတဲံ ဇာတ်လမ်းကလေး ပါ.... The Land Before Time လို့အမည်ရပါတယ်..။ အတော်များများလဲ ကြည့်ဖူးပြီးသား သိပြီးသား ဖြစ်မှာပါ။  ကလေးတွေ အတွက် ရည်ရွယ်ထုတ်ခဲ့တာပေမဲ့ လူငယ်တွေ နဲ့ လူကြီးတွေ အတွက်လဲ သင်ခန်းစာယူစရာတွေ အများ ကြီး ရှိတဲံ ဇာတ်လမ်းလေး ဖြစ်ပါတယ်..။
....................
၁၉၈၈ ခုမှာ Universal Studios က စီစဉ်ပြီး ဒါရိုက်တာ Don Bluth ၊ နဲ့ executive-producers တွေက Steven Spielberg, George Lucas, Kathleen Kennedy, နဲ့ Frank Marshall. ဖြစ်ပါတယ်။

ဒီအခွေလေး ကို ကျမတို့ ရဲ့ လူငယ်ပရောဂျက်မှာ သင်ခန်းစား တခု အနေနဲ့ ထည့်သွင်း အသုံးပြုခဲ့တာပါ..။ အဲဒီ ဇာတ်လမ်းရဲ့ ဇာသိမ်းပိုင်းမှာ Diana Ross သီဆိုထားတဲ့ နာမည်ကျော်သီချင်း If We hold on Together ကလဲ အဓိပါယ် အလွန်ပြည့်ဝတဲ့ သီချင်းလေးတပုဒ်ပါ။ ကျမတို့သင်တန်းတွေရဲ့အဓိကအသုံးပြုတဲ့ သီချင်းတပုဒ်လဲ ဖြစ်ပါတယ်..။

ဒီဇာတ်ကား ကလေး ကို လူငယ်တွေကိုပြသပြီး.. ကောက်ချက်ကလေး ဆွဲ နှုတ်တိုင်း ကျမရဲ့ မျက်စိ နဲ့ အတွေးထဲမှာ.. ကျမတို့ ရဲ့ လူထုခေါင်းဆောင် ကို အမြဲ အမှတ်ရမိပါတယ်..။

သူမအနေနဲ့ ခုနေချိန်ခါ အခက်အခဲတွေ နဲ့ ဆင်မပြေမှုတွေနဲ့ မီးတောင်တွေ ကျော်နေရသော်လည်း သူမချစ်တဲံ မြန်မာပြည်သူလူထု အတွက် ဆက်လက် ဦးဆောင်သွားမယ်လို့ ယုံကြည်မိပါတယ်..။ 

တဆက်တည်းမှာပဲ.. ၁၉၈၈ မျိုးဆက်ကျောင်းသား တွေ လဲ ပဲ If We Hold On Together သီချင်းလေးနဲ့ ဆက်လက်ပြီး ပန်းတိုင်ရောက်တဲ့ လက်တွဲ မဖြုတ်ကြဖို့ တိုက်တွန်းရင်း နဲ့ .. လူထုခေါင်းဆောင် ရဲ့ ဇွန်လ ၁၉ ရက်နေ့ မွေးနေ့ ကို ဂုဏ်ပြု လိုက်ပါတယ်..။ 

 

Theme to: The Land Before Time
IF WE HOLD ON TOGETHER - Diana Ross

Don't lose your way
With each passing day
You've come so far
Don't throw it away
Live believing
Dreams are for weaving
Wonders are waiting to start
Live your story
Faith, hope & glory
Hold to the truth in your heart

If we hold on together
I know our dreams will never die
Dreams see us through to forever
Where clouds roll by
For you and I

Souls in the wind
Must learn how to bend
Seek out a star
Hold on to the end
Valley, mountain
There is a fountain
Washes our tears all away
Words are swaying
Someone is praying
Please let us come home to stay

If we hold on together
I know our dreams will never die
Dreams see us through to forever
Where clouds roll by
For you and I

When we are out there in the dark
We'll dream about the sun
In the dark we'll feel the light
Warm our hearts, everyone

If we hold on together
I know our dreams will never die
Dreams see us through to forever
As high as souls can fly
The clouds roll by
For you and I



အားလုံးကိုချစ်ခင်လေးစားတဲ့
မမသီရိ
၁၅.၆.၂၀၁၁
 

Monday, June 06, 2011

မြတ်နိုးဖွယ်ရာ အစိမ်းရောင်

ဆဲလ် အသေတွေနဲ့
မာကျစ်နေခဲ့ပြီဖြစ်တဲ့ နှလုံးသား..
ဆတ် ကနဲ ခါအောင်.. လှုပ်နှိုးလိုက်တာ... ဘယ်သူလဲ...

ဒီလောက် ညီညာ ချောမွေ့ တည်ည် ငြိမ်ငြိမ် လမ်းကလေး..
အက်မွ ကြွေကျ.. အလဲလဲ.. အကွဲ ကွဲ ....
လေထဲ မိုးထဲ... ထီး မဆောင်းပဲ လျှောက်သွားခဲ့တာ..
ဘယ်သူ့ ကိုလွမ်းလို့လဲ.. မင်း မေးကြည့်ရဲပါရဲ့လား...


ကျမ ရဲ့ အညိုရောင်တောင်ကြား ကလေး.. ပြန်စိမ်းနေပြီ...
စိန်ပန်းနီနီတွေ .. ဖြန့်ကျဲ ချထားသော.. မြက်ခင်း စိမ်း..
သစ်ရွက်တွေ စိမ်းလန်းလွန်းနေတာ..
မိုးရေစက်တွေ တခုတည်းကြောင့်တော့ မဟုတ်တန်ရာ...
သူ တို့ ကိုယ်တိုင် စိမ်း လို့ လဲ စိမ်း တာပေါ့....

မိုးကြို ရင်ငွေ့.. ဖွဲ လိုက် သဲ လိုက် အောက်မှာ...
ပြန်လည် ရှင်သန် ထမြောက် ခဲ့သော နှလုံးသား.....

လန်း ဆတ်နေလိုက် တာဆို.......
သူ့ ကို ချစ်ခြင်းတွေ ကြောင့်ပါပဲ... စိမ်းစိမ်းကို လဲ့ လို့............။


မမသီရိ
ဇွန် ၃၊ ၂၀၁၁

Thursday, June 02, 2011

ရွှေနဖူးစာ




ချစ်သူတို့ လျှောက်သောလမ်း ..
ဆူးကြမ်းချင်လဲ ကြမ်းမယ်...
ပန်းလွှမ်း ရင် လဲ လွှမ်းမယ်...

နှစ်ယောက် အတူတူ တဘ၀..
ထူထောင်ကြစို့ လို့ ..
ရည် ရွယ် လက်တွဲ ပြီး ကြမှတော့....

မိုးရွာသော နေ့ မှာ မိုး နဲ့ ပျော်စေ..
နှင်းဝေသော မနက်တွေ နှင်းနဲ့ ပျော်စေ..
နွေထူသော နေ့ခင်းတွေ... ချွေးနဲ့ ပျော်စေ...

မှောင်လွန်းသော.. ညများ.. တွဲလက်နဲ့ ဖြတ်စေ..
ရှည်လွန်းသော ညများ... ရင်ငွေ့လှုံ ကျော်စေ..

ပြုခဲ့ဖူး သော.. သစ္စာ.... ကမ္ဘာတည်သရွေ့ တိုင်ပါစေ.......။




မောင်ငယ် အရင်းအချာ တယောက်လိုချစ်ခင်ရတဲ့ မောင်ငယ်ကလေး .. အမှတ်တမဲ...............နှင်း ဘလော့ပိုင်ရှင်... ကဗျာဆရာကလေး ဘုန်းနေသွန်း နဲ့ ချစ်သူ မီ တို့ ရဲ့ မင်္ဂလာ ၂ လ ပြည့် အမှတ်တရ ပါ..
ကဗျာရေးဖြစ်တာ အတော်ကြာနေပေမဲ့ အကြောင်းကြောင်း ကြောင့် တင်မပေး နိုင်ခဲ့ဘူး...

မင်္ဂလာပွဲ ကို အရောက်မလာ နိုင်ခဲ့တဲ့အတွက်လဲ နားလည်ပေးစေလိုပါတယ် မောင်လေး နဲ့ ညီမလေး ရေ..။

ချစ်တဲ့

မမသီရိ


Wednesday, May 25, 2011

ခိုင်လွန်းသည့်ကြိုး

မမြင်ရပေလို့ပေပဲ..
ခိုင်မာလိုက်တဲ့ ကြိုးတမျှင်..
လွန်းတင်ထားခဲ့ တဲ့ ကြိုးပေါင်း က ၂၀၀၀ ကျော်.မို့.

မောင်ရေ...
၅၂၈ ပင် နဲ့ ချည် ထားခဲံ့
နောက်ထပ်ကြိုး ပေါင်း ၁၅၀၀ .. ထပ် ပြီး အားဖြည့်ထားမိမှတော့
ဘယ်သူတွေ ဘယ်လိုဖြည် ချင်လဲ ရတော့မယ် မထင်..

ကော်ဖီ တူတူ သောက်ချင်တယ်
စန္ဒယားတူတူတီးချင်တယ်
ဥယျာဉ်တူတူစိုက်ချင်တယ်
အဖျား နဲ့ချမ်း နေတဲ့ အခါ ဖက်ထားပေးမယ်
အိမ်အလွမ်း စိတ် တွေ တူတူ မျှဝေလို့..
နေညို ချိန်အတွေးတွေ ဖမ်းယူ စုတ်ချက်တင်ရင်း..
ညသန်းခေါင်ကျော် .. ကဗျာ တပုဒ် ရေးတဲ့အခါ ..
မောင့် ကို နှိုးပြီး ဖတ်ခိုင်း ရင် စိတ်မဆိုးပါနဲ့...
လူတွေက ရူးလိုက်တာလို့ ပြောရင် လဲ ကျမ က ပြုံးပဲ ပြုံးနေလိုက်မှာ...
အချစ်တွေ သေဆုံး တယ် ဆိုတာ မယုံ ကြည်သူမို့..
ဓား ထက်ထက် တွေ အလုပ်ပို ရှာ ရင်း မသွေးပါနဲ့ တော့ မောင်.....။


မမသီရိ
မေ ၂၀၁၁

Saturday, May 21, 2011

You're Still The One

 ဒီ ကနေဒီယံ အမျိုးသမီးကလေးကို နှစ်သက်မိတာ နှစ်တွေ အတော်ကြာခဲ့ပါပြီ..။
ကျက်သရေရှိလှတဲ့ သူ့ မျက်နှာ၊ ချစ်စဖွယ် သူ့ အပြုံး.. ၊ နှာခေါင်းသံ ကလေး သဲ့သဲ့ နဲ့ သူ့ အသံ ကို ဘယ်လို စွဲ မက်မိမှန်းမသိ..။ သူ့ ထွက်သမျှ အခွေတွေ လဲ ၀ယ်ဖြစ်တာပါပဲ..။ 
သူ့ သီချင်းတွေ အတော်များများ ကို စွဲစွဲလမ်းလမ်း ကြိုက်ပါတယ်..။ 
စိတ်တွေ ညစ်တဲ့အခါ တိုင်း... စိတ်ဖိစီးမှုတွေ များလာတိုင်းမှာ နားထောင်ဖြစ်တာ သူမကလေးရဲ့ သီချင်းတွေပါ.. ။ သီချင်းရေးတာရော.. ဆိုတာရော.. တီးတာပါ ရတဲ့ သူမရဲ့ ပါရမီ ကို အားကျမိတာလဲ အခါခါ..


ဒီသီချင်းက.. နှစ်သက်မိသာ သီချင်းများထဲ တပုဒ်ပါ............။



 





You're Still The One

Songwriters: Lange, Robert; Twain, Shania;

When I first saw you, I saw love
And the first time you touched me, I felt love
And after all this time, you're still the one I love

Looks like we made it
Look how far we've come my baby
We mighta took the long way
We knew we'd get there someday

They said, "I bet they'll never make it"
But just look at us holding on
We're still together still going strong

(You're still the one)
You're still the one I run to
The one that I belong to
You're still the one I want for life

(You're still the one)
You're still the one that I love
The only one I dream of
You're still the one I kiss good night

Ain't nothin' better
We beat the odds together
I'm glad we didn't listen
[- From :http://www.elyrics.net/read/s/shania-twain-lyrics/you_re-still-the-one-lyrics.html -]
Look at what we would be missin'

They said, "I bet they'll never make it"
But just look at us holding on
We're still together still going strong

(You're still the one)
You're still the one I run to
The one that I belong to
You're still the one I want for life

(You're still the one)
You're still the one that I love
The only one I dream of
You're still the one I kiss good night
You're still the one

(You're still the one)
You're still the one I run to
The one that I belong to
You're still the one I want for life

(You're still the one)
You're still the one that I love
The only one I dream of
You're still the one I kiss good night

I'm so glad we made it
Look how far we've come my baby

these lyrics are last corrected by kendal gunier

မမသီရိ

Tuesday, May 17, 2011

ခရမ်းရောင် ခမောင်းပန်းတို့ရဲ့အလယ်

နှစ်ချက် ပြတ်ချင်လို့
တချက်ခုတ်ခဲ့လေသလား
မမြင်ရတဲ့ ကြိုးတချောင်း ပြတ်သွားတဲ့အခါ..
တော်လဲ သွားခဲ့ပေါ့ ဒီမြေကမ္ဘာ...

ပန်းတွေ ပြာနေအောင်ပျံ့ကျဲ..
ရုတ်ရုတ်သဲသဲ ညဥ့်ငှက်တို့ ထပျံ..
နွေနှောင်း ခမောင်းပွင့်တွေ..
ခရမ်းရောင် မှိုင်းလို့ဖြင့် လွမ်းကျန်......

မျိုးဗီဇ ပြောင်းလဲလို့ စွင့်ကားတဲ့ နှင်းဆီရယ်..
တောင်စောင်းပေါ်က အလေ့ကျ နှင်းဆီ ရိုင်းရယ်...
ခံစား တတ်ခဲ့ရင်ဖြင့်..အလှချင်း က အတူတူ ပါပဲ..
မင်းတမ်းတဖူးတဲ့.. အပြာရောင် ကြယ်ဟာ..
မင့် ဘယ် ရင်အုံ ပေါ်က
အဖြူရောင် နှင်းဆီ ရိုင်းကလေးလောက်
မနွေးထွေးစေနိုင်မှန်း.. မင်းသိလာမဲ့ တနေ့ မရောက်ခင် ကလေး မှာပဲ.....
တောင်တကြော... လင်းပြာနေအောင် ပွင့်သော..
ခမောင်းတော.. တွေ ရဲ့ အလယ်.....

မမြင်ရတဲ့ ကြိုးတချောင်း..ပြတ်ခဲ့သော အခါ...
မင်း ခို နားမယောင် ပြုခဲ့ဖူးသော... ရင်ခွင်ငယ်ကလေး တခု... ဟာ........ ။


မမသီရိ
၁၇ မေ ၂၀၁၁



Wednesday, May 11, 2011

1.1.11-11.1.11-1.11.11-11.11.11

၂၀၁၁ ခုနှစ်ဟာ ၁ ဂဏန်းတွေနဲ့ ထူးခြားနေတဲ့ နှစ်ဖြစ်ပြီး တရုတ်လူမျိုးတို့ရဲ့ ဖုန်းရွှေ ပညာအလိုအရ ဒီနှစ်ကို ငွေအိတ်နှစ် လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ်ရဲ့ ဇူလိုင်လဟာ တနင်္ဂနွေ ၅ ရက်၊ စနေ ၅ ရက် နဲ့ သောကြာ ၅ ၇က်စီ ရှိနေပြီး ခုလို မျိုး တိုက်ဆိုင်ဖို့ အတွက် ၈၂၃ နှစ်ကြာမှ တစ်ကြိမ် တွေ့ နိုင်ပါသတဲ့။

၂၀၁၁ ခုနှစ် ထဲမှာ ပဲ ၁ ဂဏန်းတွေ ဆင့်နေတဲ့ နေ့ စွဲ ၄ ကြိမ် ရှိပါတယ်
၁-၁-၁၁ ။ ၁၁-၁-၁၁။ ၁-၁၁-၁၁ နဲ့ ၁၁-၁၁-၁၁ ရက်တွေ ပါပဲ ..

နောက်အထူးခြား ဆုံး အချက်ကတော့ မိမိမွေးတဲ့ မွေးသက္ကရာဇ် ခုနှစ် ရဲ့ နောက်ဆုံး ဂဏန်း နှစ်လုံး နဲ့ မိမိ  ရဲ့ ခု ရောက်ရှိနေတဲ့ အသက် ကိုပေါင်းလိုက်ရင် ၁၁၁ ရပါတယ်.. ကမ္ဘာပေါ်မှာ ရှိနေတဲ့ လူတိုင်း အတူတူ ဖြစ်နေတဲ့ အချက်ပါ..  (ဥပမာ ၁၉၈၈ မှာမွေးတဲ့သူတယောက်က ခု ၂၃ နှစ် ရှိပြီး - ၈၈ နဲ့ ၂၃ ပေါင်းရင် ၁၁၁ ရပါတယ်..) ..

ဖော်ဝါ့မေးလ်က ရခဲ့တဲ့ အကြောင်းအရာလေး တခုပါ။ 


This is kind of interesting ..... read it all and do the birthday calculation! 
  
  

THIS IS THE ONLY TIME WE WILL SEE AND LIVE THIS EVENT  
Calendar for July 2011  

July

Sun
Mon
Tue
Wed
Thu
Fri
Sat
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31


Money bags

This year, July has 5 Fridays, 5 Saturdays and 5 Sundays. This happens
Once every 823 years. This is called money bags. So, forward this to
Your friends and money will arrive within 4 days. Based on Chinese
Feng Shui. The one who does not forward.....will be without money.
Interesting - read on!!!


This year we're going to experience four unusual dates.

1/1/11, 1/11/11, 11/1/11, 11/11/11 and that's not all...

Take the last two digits of the year in which you were born - now add
The age you will be this year,

The results will be 111 for everyone in whole world. This is the year of
The Money!!!

The proverb goes that if you send this to eight good friends money will
Appear in next four days as it is explained in Chinese FENGSHUI.

Those who don't continue the chain won't receive.......

Its a mystery, but its worth a try. Good luck.


မမသီရိ
၁၁.၅.၁၁