
တဦး ရင်ထဲ တဦးခွဲ လို့
ထိုးဖောက်သိမြင်...
အကြင်နာများ အသဲကြားမှာ
ရင်းနှီး မှု များ နှလုံးသား မှာ
ညီတူ ခံစား
အမုန်းများလဲ .. မရှိပါ ပဲ
စွဲ မြဲနေလျှင်....
မလိုသူများ ..
ကြားထဲကပွေ..
တို့တွေ အသဲ ခွဲလာရဲစေ
မမှုပေဘူး..
ရည်စူး မေတ္တာ ခိုင်ခိုက်မာ လျှက်
မိုင်းပေါင်း ကုဋေ ခြားလို့နေလဲ
အသဲမအေး.. နွေးထွေး မြဲလေ
တို့တွေ မဝေး.. အနီးလေးမှာ...
ဆယ်ကမ္ဘာခြား.. ဝေးလို့ သွားစေ
တို့ တတွေ ရဲ့
သံယောဇဉ်ပန်း... လန်းဆန်းမြဲလေ..
မနွမ်းပေဘူး...
အသဲဦး ရေ....
ဘယ်လောက် ဝေးဝေး .. ဝေးစမ်းပါစေ..
ဘယ်သူပြောပြော.. ပြောစမ်း ပါစေ...
နှလုံးသွေး တွေ လည်နေသရွေ့..
မမေ့စတမ်း.. သစ္စာ ပန်း ကို စိုက် မယ်လေ......။
မမသီရိ
၂၁.၉.၂၀၀၉
13 comments:
မမသီရိရေ ဒီလိုကဗျာမျိုးကျတော့ ဖတ်ရတာ အားကိုရှိသွားတာပဲ။ အမြဲတမ်း အဆင်ပြေပါစေ။
အဲ့လိုဖြစ်ချင်ခဲ့ပါတယ်..
စိုက်ပါပျိုးပါဗျာ...:P
သစ္စာပန်းတင်မက ဂန္ဓာမာတွေ နေကြာတွေ မေမြို့ပန်းတွေပါ စိုက်နိုင်လေ ကောင်းလေ..ဟီး..။
အမရေ ဒီကဗျာလေးကို သီချင်းလုပ်ဆိုရင် အရမ်းမိုက်မယ်လို့ ထင်မိတယ်ဗျာ
ကဗျာလာဖတ်သွားတယ် မမသီရိ၊ သစ္စာနဲ့ပက်သက်တဲ့ ခံစားချက်တွေပေါ့၊ အားပေးလျက်ပါ။
လှပမှုတွေပေါင်းစုံ ဖွဲ့စည်းကာ
မောင့်ပတ်ဝန်းကျင်မှာ
ဖြူနီဝါ ရောင်စုံအသွေးပွင့်ကြလေတာ
ခင်စရာပေမဲ့ သူတို့ကို မမြတ်နိုးပါ
အမြဲ တသ စွဲလန်းခဲ့တာ
တပွင့်တည်းသော ပန်းသစ္စာ
မြတ်နိုးထိုးစိုက်...မောင့်အသည်းမှာ ဆင်မြန်းဖို့ရွယ်ကာ..
( အဟိ မေ့ကုန်ပြီ နောက်က စာလုံးတွေ ..
ဦး ဝင်းဦး ကြီးရဲ့  သစ္စာ သီချင်း လေးကို ပြန် ကြားယောင်နေမိတယ် လေ .. အဖေ ဆိုနေကျ သီချင်းလေး )
သစ္စာ မေတ္တာ ရွှေမန်းသဘင် .. အဲ .. ရောကုန်ပြီ..
သစ္စာ ဆိုတဲ့ စကားလုံး လေး က လှတယ်...
မင်းမှာကတိ လူမှာ သစ္စာ ..
ဒါပေမဲ့ ခုခေတ်ကြီးမှာ ရှားပါးကုန် ဖြစ်နေကြပြီထင်ရဲ့ မမသီရိ ရဲ့ သစ္စာ လေးပဲ အားကိုးပါရစေတော့ ..
ကောင်းလိုက်တဲ့ သစ္စာပဲ ဗျ
ရွှတ်ကောင်းနဲ့ ရွှတ်လိုက်တာ
ပြီသွားတော့ စိတ်ထဲမကျေနပ်ပဲ ဖြစ်သွားတယ်။
တိုလိုက်တာလို့လေ။
လျှာလည်းထိ အာလည်းထိ ဖတ်လို့ ကောင်းယုံတင်မဟုတ်
ခံစားလို့ပါ ကောင်းတယ် တီလေးရေ။
တူတော်မောင် ငယ်ငယ်
ခေါင်းစဉ်ကလေး ဖတ်လိုက်ရကတည်းက ကျေနပ်ပီတိ ဖြစ်လိုက်တာဗျာ။
yu ya
ဟေဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ
ဟေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ပျော်လိုက်တာဗျာ..
ကဗျာကိုဖတ်လိုက်ရလို့ပါ မမမမမမမမမမမမမသီရိရေ..
ကဗျာ အချုပ်လေး အရမ်းကိုမိုက်တယ်
ခိုက်တယ်.. ဂွတ်တယ်.. လန်းတယ်..
အသဲဦး ရေ....
ဘယ်လောက် ဝေးဝေး .. ဝေးစမ်းပါစေ..
ဘယ်သူပြောပြော.. ပြောစမ်း ပါစေ...
နှလုံးသွေး တွေ လည်နေသရွေ့..
မမေ့စတမ်း.. သစ္စာ ပန်း ကို စိုက် မယ်လေ......။
မမမမမမမမမမသီရိသာ တစ်ယောက်သောသူသို့ ဆိုရင်.....
အဲဒီတစ်ယောက်သောသူကို မနာလိုတောင်ဖြစ်တယ်
ဂယ်ပဲ..ပေါတော့ဘူး
ထင်မင်ဂျွာဖြင့်
တားတား..း(
အသဲဦး ရေ....
ဘယ်လောက် ဝေးဝေး .. ဝေးစမ်းပါစေ..
ဘယ်သူပြောပြော.. ပြောစမ်း ပါစေ...
နှလုံးသွေး တွေ လည်နေသရွေ့..
မမေ့စတမ်း.. သစ္စာ ပန်း ကို စိုက် မယ်လေ......
သီချင်းလေးတပုဒ်ကို နားထောင်ရသလိုပါပဲဗျာ...
ရင်ထဲစွဲပြီး ငြိသွားစေမယ့် ကဗျာမျိုးပါပဲ မသီရိရေ
တပွင့်တည်းသောပန်းသစ္စာ မြတ်နိုးထိုးစိုက်မောင့်အသည်း၌ ဆင်မြန်းဖို့ရွယ်လာ။ (သီချင်းဆိုပြန်သွားတာ။ )
မမသီရိ
ရင်ခုန်စရာ ဆွတ်ပျံ့စရာကဗျာလေးတွေကို
သိမ်သိမ်မွေ့မွေ့ရေးတတ်တာလေးတွေ
ချစ်သွားပါတယ်...နော်
သစ္စာတွေခိုင်မြဲပြီး ပျော်ရွှင်ပါစေ ...း))
Post a Comment