Sunday, October 11, 2009

ငါက ကျန်စစ်သား မဟုတ်ဖူး

ရှေးရှေးက ပုဂံ ရာဇ၀င်
အရှင် ကျန်စစ်သား.. မင်းတရား မဖြစ်ခင်က
သူ့သခင် စောလူး.. ကျူးကျော်သူတွေ ဖမ်းဆီးတော့
သက်စွန့် ဆံဖျား
ကျန်စစ်သား ၀င်ကယ်..
ညဥ့်သန်းခေါင်ယံ အလယ်
ကျောပိုးလို့ သယ်ထုတ်...
စောလူး မင်းယုတ် မလိုက်လို...
ရန်သူ ကို အားကိုး သူအော်လို့ နှိုး တော့..
အရှင် ကျန်စစ်.. ချန်ရစ်ရပါ့ပေါ့ စောလူး ကို..
..ဟယ်.. မင်း ဆိုး မင်း ယုတ်...
ရန်သူ့ လက်ပေါ် ဖြစ်လိုရာဖြစ်လေရော့.. လို့
လက်လျှော့ ပြန်ဆုတ်...
ရာဇ၀င်မှာ .. အဟုတ်ကို ရှိခဲ့တာ......

ပစ်တိုင်းထောင် အရုပ်ကိုတဲ့
ကြိုး ရှုပ်အောင် ဖန်တီး
တိမ်တွေကို စီး လို စီး.. ရေကြီးတော့ ငို လို ငို..
အိမ်မက် ကို လိုက် လိုက် ဖမ်း..
တေးမဆို တဲ့ အရုပ် ငှက်... သီချင်းဖွဲ့ ဖို့ သင်လို သင်....
ပန်းမပွင့် တဲ့ အပင် အောက်.. ပန်း အကြွေကောက်ဖို့ စောင့်..
နားမကြားတဲ့ ပန်းပုရုပ်.. တယော ထုတ်လို့ တေးသီ ပြ...
အသီးမသီးတဲ့ အပင်
အသီး တင်လေနိုး မျှော်ကိုး ငံ့လင့်
အော်.. ငါ့ အရှင့် ရက်တွေ.........

အားကုန် မောပမ်း..ခြေအစုံ မှာ ပုံလုခမန်း...
နွမ်းလျဝေသီ ရာသီတွေ ချီလာတော့
မြင်ရသူ ပင်ပမ်း.. နှလုံးတွေ ကျွမ်းလာလို့..
တံခါးတွေ တွန်းဖွင့်လို့.. လမ်းအသင့်ဆီ ထွက်ခဲ့စေလိုပေမဲ့..
လာခဲ့လို့ လက်ကမ်း..သူ ဖမ်းလို့ လှမ်းယူစေချင်ပေမဲ့..
နှလုံး နုသူ လူကလေး..... တွေတွေ လေး ငေးနေ.....
ချစ်သူလေးရေ...
မင်းက တခြမ်းသော ငါ့ နှလုံးသား...
အဲဒီ နှလုံးသား တခြမ်းကိုဖြင့်..
လွင့်ချင်သလို လွင့်စေတော့ လို့
လက်လွယ်စပယ်.. ချန်ဖယ်လို့ မထားနိုင်..
ငါ ကျန်စစ်သား လဲ.. မဟုတ်လေတော့...
မင်းး ၀ဋ်ကြွေးတွေ ကျေ လို့
ကြိုးတွေ ဖြေလျှော့ ပြီးတဲ့နောက်..
လွတ်မြောက်ပြီ... ကြွေးကြော်တဲ့ နေ့...
မင်း.. ခြံ အရှေ့ က ထိုင်စောင့်မယ်....။


(ဘာရယ်မဟုတ်.. ရုတ်တရက် အားမလိုအားမရဖြစ်ချင်စရာ တစုံတယောက် အတွက် တစုံတရာ ခံစားနေသော တစုံတယောက်ကိုယ်စား.. အမြင်ကပ်စွာ ရေးမိခြင်း ဖြစ်ကြောင်း ၀န်ခံအပ်ပါသည်.. ယနေ့ ပို့စ် တင်ရန် အကြံ မရှိသော်လည်း အမြင်ကပ်ကပ် နှင့် တင်ခြင်း ဖြစ်ပါကြောင်း...)

မမသီရိ

6 comments:

zawzaw said...

အမရေ .... အမြင်ကပ်ကပ်နဲ့ တင်လည်းပဲ ထိမိတဲ့ ကဗျာလေး ဖတ်လိုက်ရတာပါပဲ ဘာပဲဖြစ်ဖြစ်တင်သာ တင်ပါဗျာ ...
ကိုဇာ်

အိန္ဒြာ said...

ကဗျာလေး လာဖတ်သွားပါတယ် မမသီရိ ရေ..

အတွေးတစ်စတစ်ခု နက်နက်ရှိုင်းရှိုင်းတွေးပြီး..
ပြန်သွားပါတယ်..။



ခင်ခင်မင်မင်

kiki said...

အမြင်ကလည်း အတော်ကပ်တတ်ပါလား မမသီရိရေ ..
ဒါဆို နေ့ တိုင်းသာ ကပ်နေပါစေ..
တယောက်ပြီးတယောက် တမျိုးပြီးတမျိုး မရိုးရလေသော အမြင်များ ကပ် ပါစေ ..

ကျန်စစ်သားလည်း မနေရ ...
ကောင်းတော့ ကောင်းတယ် ။။ ( အမြင်ကပ်ဖို့  )

အသီးမသီးတဲ့ အပင်က ဘာပင်လည်း ဟင်..
ဂေါက်ပင် ဆိုရင်ဂေါက်သီး သီးမှာနော် ..း)
ဝါးပင် မှာ ဝါးပန်းပွင့်ရင် နမိတ် မကောင်းဘူး လို့ တော့ ပြောသံကြားဖူးတယ် ..... ဟုတ်လား မသိ ..

ရွှေရတုမှတ်တမ်း said...

အဲသည်.တစုံတယောက်ကိုပြောလိုက်ပါ..မသီရိ ရယ်..
ခြံရှေ့က ထိုင်စောင့်..မနေနဲ့ ..အော်သာခေါ်လို့...

Ree Noe Mann said...

တီလေး ဘာတွေဖြစ်နေလဲ။
ငယ်လည်း Internetပျက်နေလို့ ခုမှ ရောက်တယ်။
တူတော်မောင် ဘာလုပ်ပေးရမလဲ။
လိုအပ်တာပြော တီလေးဖက်မှာ ငယ်ငယ်ရှိတယ်။

ပထမတော့ ကဗျာကို မဖတ်ပဲ ကျော်ကြည့်လိုက်တာ
(ဘာရယ်မဟုတ်.. ရုတ်တရက် အားမလိုအားမရဖြစ်ချင်စရာ) ကို တွေကလို့
ပြုံးပြုံးလေးနဲ့ ဖတ်သွားတယ်နော်။

ချစ်တဲ့ တူတော်မောင်

မိုးခါး said...

ပစ်တိုင်းထောင် အရုပ်ကိုတဲ့
ကြိုး ရှုပ်အောင် ဖန်တီး
တိမ်တွေကို စီး လို စီး.. ရေကြီးတော့ ငို လို ငို..
အိမ်မက် ကို လိုက် လိုက် ဖမ်း..
တေးမဆို တဲ့ အရုပ် ငှက်... သီချင်းဖွဲ့ ဖို့ သင်လို သင်....
ပန်းမပွင့် တဲ့ အပင် အောက်.. ပန်း အကြွေကောက်ဖို့ စောင့်..
နားမကြားတဲ့ ပန်းပုရုပ်.. တယော ထုတ်လို့ တေးသီ ပြ...
အသီးမသီးတဲ့ အပင်
အသီး တင်လေနိုး မျှော်ကိုး ငံ့လင့်

အင်းလေ
အမြင်ကတ်မယ်ဆိုလည်း ကတ်လောက်ပါတယ် .. :D