Showing posts with label အမှောင်ရက်စွဲများ. Show all posts
Showing posts with label အမှောင်ရက်စွဲများ. Show all posts

Saturday, June 26, 2021

Blog Description

အချစ်၊ အမုန်း၊ ပျော်ရွင်မှု၊ ကြေကွဲခြင်း၊ တွယ်တာခြင်း၊ နာကြည်းခြင်း၊ အောင်မြင်ခြင်း၊ 

ရှုံးနိမ့်ခြင်း၊ စတဲ့ လူ့လောကရဲ့ သဘာဝအကြောင်းတရားတွေကြားထဲမှာ လူ ပီသချင်တဲ့ 

ရလိုမှု တစ်ခုပဲ ရှိပါတယ်။


မမသီရိ


ဒီ Blog Description ကို ဘလော့ စဖွင့်တုန်းကတည်းက ရေးထားခဲ့တာပါ။ 

ခုတော့ လူပီသဖို့ ဆိုရင် မတရားမှု ကိုမြင်ရတာ မတရားမှုလို့ သိပြီး တရားမျှတ ဖို့ ပိုအရေးကြီးမှန်း ကိုယ်တိုင်ဖြတ်သန်းရတဲ့ ဘဝ အတွေ့အကြုံတွေအရ ပိုသိလာရလို့ Blog Description ဒီနေ့ ပြောင်းပါတယ်။ 

Saturday, June 19, 2021

၁၉ .၆.၂၀၂၁

 ဖေဖေါ်ဝါရီ ၂၈ ရက်
မတ် ၃၁ ရက်
ဧပြီ ၃၀ ရက်
မေ ၃၁ ရက် 
ဒီနေ့ ဇွန် ၁၉  ရက်
စုစုပေါင်း ၁၃၉  ရက် ။

ရက်ဆက်ရွာလွန်းလှတဲ့ မိုး၊ သဲကြီးမဲကြီးရွာလွန်းလှတဲ့မိုး ခဏ ရပ်သွားတဲ့  ကောင်းကင်မှာ မိုးတိမ် ကြိုးတိုးကျဲတဲ ကြားထဲ က ထွက်ပြူနေတဲ့ ကြယ်ကလေးတွေ ဟာ လင်းလက်လှတယ်။ ကြယ်ကို တစ်ခါ မှ မမြင်ဖူးတဲ့ သူ လို အငမ်းမရကြည့်ပြီး ကြယ်တွေကို လိုက် ရေ မိတယ်။ ကြွေလွင့်သွား ခဲ့တဲ့ သူရဲကောင်းတို့ ရဲ့ ဝိဥာဉ် တွေ ဆိုတာ အသေအချာ ပါပဲ။ လင်းလက်လွန်းလှပါတယ် လေ။ 

မမသီရိ
၁၉ ဇွန် ၂၀၂၁