Friday, July 17, 2009

ခံပွင့်ကလေး


မမေ့သာသည်...
ကမ္ဘာတည်သရွေ့
ရုပ်နဲ့ခန္ဓာ မြဲကာ နေသရွေ့..
သံသရာ အလည် ကျင်လည်နေသရွေ့..


မုန်းဘို့မတွေး..
မေ့ဘို့ မကြံ..
ယာယီခံပန်း နွမ်းချင် နွမ်းစေ
လမ်းရပ်ခိုနား သွားချင်သွားစေ

ခဏအတွေ့ သူ.. ပျော်မွေ့ ရင်
ခံပန်းကလေး
ကျေနပ်ဝမ်းသာ ရှိရပါတယ်..

ရက်ရက် စက်စက် သူ. .ချွေရက်လဲ
ဝမ်းပန်းတနည်း ငို ရုံလွဲ လို့
အပြစ် မဆို.. ကို ..ပျော်ပါစေ..

ရက်ရက် စက်စက် ထားခဲ့ ရက်လဲ
အလွမ်းတောထဲ ငိုရုံလွဲ လို့
လိုက်လို့ မခေါ်... ကို.. ပျော်ပါစေ..
..ကို.. ပျော် ပါစေ.. ကို.. ပျော်ပါစေ.. ကွယ်...။


မမသီရိ

11 comments:

လင်းဒီပ said...

"ယာယီခံပန်း နွမ်းချင် နွမ်းစေ
လမ်းရပ်ခိုနား သွားချင်သွားစေ"
ပန်းကလေးက စိတ်ရင်းကောင်းလိုက်တာ...

Anonymous said...

မ .
ကဗျာအဟောင်းတွေပါ စုဖတ်သွားတယ်
အရမ်း ချစ်လွန်းတာ မကောင်းဘူးနော်
သတိတော့ ထားပါအုံး.
မိန်မိန်

မေ့သမီး said...

မမ မလွမ်းဘူးဆိုလို့ ၀မ်းသာနေတာ။ ဘာလို့ ကိုပျော်ပါစေလဲ။ နှစ်ယောက်စလုံးပဲပျော်ပါ။ အတူတူလေ။

ခြေလှမ်းသစ် said...

ခန္တီပါရမီ ကြီးလိုက်တာနော် ..ဒီကဗျာလေးက.

Anonymous said...

အလိုက်တော်တန်သင့်ရုံပ ခံပွင့်ကိုကုံးဆိုတာလေး တွေးမိသွားတယ်

Moe Cho Thinn said...

မမရေ
သိပ် ခွင့်လွှတ်တတ်တာ အချစ်ပဲလား။
ကံကောင်း ပျော်ရွှင်ပါစေ မမရေ..
ကိုယ့်အချစ်ကို တန်ဖိုးထားတဲ့ ခံပန်းကို မြတ်နိုးတဲ့သူနဲ့သာ ဆုံရပါစေ။

Unknown said...

ဟုတ်တယ်... မမသီရီရေ...

အချစ်ဆိုတာ တကယ်တော့ချစ်နေဖို့ပဲလေ..
ချစ်နေရရင်ဆိုပဲ ပြီးပြည့်စုံနေသလိုပါပဲလေ..

သက်ရောက်မှုတွေတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိနိုင်ပါစေ မမသီရိရေ...

ခင်တဲ့
မောင်လေးပြည့်စုံ

kyalkalay said...

လက်ရှိခံစား ချက်နဲ့ကွက်တိ

ဖတ်ရင်း သူ့ကိုသတိရ
ph လာရင် ပြောပြဖို့
copy & paste လုပ်သွား ပါ၏

ဆောင်းယွန်းလ said...

ကဗျာထဲမှာ စွန့်လွှတ်အနစ်နာခံတဲ့အချစ်တွေကို တွေ့လိုက်ရပါတယ်မသီရိရေ

Anonymous said...

အစ်မရေ...ကဗျာလာဖတ်ပါတယ်.....။အလွမ်းတော
မှာ ငိုတဲ့လူ မဖြစ်ပါစေနဲ့ဗျာ.....။

kaungkinpyar said...

ကို ပျော်ပါစေ ကို ပျော်ပါစေနော်