Wednesday, July 08, 2009
ကန္တာရ သစ်ပင်
ဧ၀ စားခဲ့ဖူးတဲ့ ပန်းသီး တကိုက်
ဘယ်လိုများ ချိုသလဲလို့
အမောတကော အိပ်မက်တွေနဲ့တူးဆွ
အဲဒီ ပန်းသီးအဖဲ့အစလေး လိုက်ရှာနေမိသူ...
ကြွက်တခုန် ကြွေတလက်
ကြယ်တံခွန် အလင်းတချက်ကို
တပ်မက်စွာ ရင်ခုန်မလား ရင်ခုန် ရဲ့..
မိုးတစက် နှင်းတပေါက်
ရာသီအလိုက်ရောက်လာတာလေး
ရူးသွပ်စွာ ကြည်နူးမလား ကြည်နူးရဲ့..
ပုံရိပ်ယောင် လပြည့်ည
လှပလွန်းလှချည့် အေးမြလွန်းလှချည့်
တမ်းတမ်းစွဲ တမ်းတမလား တမ်းတရဲ့..
လေအဝှေ့ လေအလာ
မာယာနဲ့စီးမျော အယာအယာ လာပုတ်သော
လှိုင်းကလေးကိုပဲ ရူးသွပ်မလား ရူးသွပ်ခဲ့...
အိနြေ္ဒ တခွဲသားနဲ့
တွေ့ဆုံခြင်းလမ်းမကတော့
မြူအလိမ်းလိမ်းကပ်လို့ ဟိုတဖက်ကမ်းမှာ
အဲဒီမြစ်က ရေစီးသန်လွန်းလှချည့်...
အိပ်မက်အလယ်မှာသာ ကြုံဖူး
တိမ်းမူးဖွယ်ရာ ရင်ခွင်ကျယ်
ထုံရီရီ ၀တ်မှုံလူးထားတဲ့ အနမ်းတွေ
အကြိမ်ကြိမ် အထပ်ထပ် ဝေးနေဆဲ
မျှော်လင့်ခြင်း တောင်တန်းများ
အရောက်သွားလိုပေမဲ့
အဲဒီလမ်းမ လေအဟုန်ကပြင်းပါ့ ....
ဒီလိုနဲ့....
ကန္တာရအလယ် တနေရာ မတော့
အပွင့်အခက်မစုံတဲ့ သစ်တပင်ဟာ
အလွမ်းနဲ့သာ ရှင်သန်နေတော့တယ်......။
မမသီရိ (၆.၇.၂၀၀၉)
Subscribe to:
Post Comments (Atom)
7 comments:
မမရေ
မမကဗျာလေး လှတယ်။
အလွမ်းနဲ့ရှင်သန်နေတဲ့
အပွင့်အခက်မစုံတဲ့ သစ်တပင်ကို
်သနားလို့....
ကဗျာလေးက ကောင်းလှချည်လား...
အပွင့်အခက်မစုံတဲ့..သစ်တစ်ပင်ကို...
သနားလိုက်တာ..မမရယ်
ကန္တာရအလယ် တနေရာ မတော့
အပွင့်အခက်မစုံတဲ့ သစ်တပင်ဟာ
အလွမ်းနဲ့သာ ရှင်သန်နေတော့တယ်......။
အဲဒီစာသားလေးကို သဘောအကျဆုံးပါပဲ....။
ခံစားရလွန်းလို့......။
မီးမီးလဲ အလွမ်းတွေနဲ့ ရှင်သန်နေပါတယ်
ကန္တာရအလယ် တနေရာ မတော့
အပွင့်အခက်မစုံတဲ့ သစ်တပင်ဟာ
အလွမ်းနဲ့သာ ရှင်သန်နေတော့တယ်......။
အဲဒီစာသားလေးကို အရမ်းကြိုက်တယ်ဗျာ..
မမသီရိရေ...
အလွမ်းတွေဆုံးမယ့်နေ့ကိုမျှော်နေမိပေါ့ဗျာ...
ပြည့်စုံ(ဝေါသားလေး)
မိုက်တယ် မမရေ
Post a Comment