ကျမ အမြဲပြုံးနေနိုင်ခဲ့တာ..
အဲဒီယုံကြည်ချက်လေး ကြောင့်ပဲ ကွဲ့....။
..........
..........
............
နှင်းဆီပွင့်ဖတ်နုတွေ နဲ့ ခင်းကျင်း..
ကံ့ကော် ၀တ်မှုံလေးတွေနဲ့ မွှေးထုံနေတဲ့..
မွေ့ယာ ကော်ဇောပေါ်.......
အသာအယာ..ကျမ လဲလျောင်းနေတုန်း.......
..........
..........
ကျမရဲ့ ၀ိဥာဉ်လေး ကတော့...
သူ့နား မှာပဲ ...ရစ်သီ ရစ်သီ..
......
ကျမရဲ့ မိုးကောင်းကင်တစ်ခုလုံး..
သူ့ရဲ့ ရှားပါးတဲ့ အပြုံးတွေ နဲ့ ဖုံးအုပ်..
......
ကျမရဲ့ လေပြေ အားလုံးကတော့..
သူ့အမည်လေးကို ရေးထိုးထားခြင်းနဲ့ ပြည့်နှက်..
.....
ကျမရဲ့ စမ်းချောင်းကွေ့ကောက်လေးမှာ..
သူ့သီချင်းသံ ချိုမြမြ တွေ နဲ့ကြည်လင်အေးစိမ့်..
.....
ကျမရဲ့ ပင်လယ်တစ်ခွင်ထဲ မတော့..
သူ့ကဗျာတွေက လှိုင်းအိလေးတွေ ထ....
.....
ကျမရဲ့ ပန်းပွင့်လေးတွေ အတွက်
သူဟာ အနှိုင်းမဲ့ ဥယျာဉ်မှူး...
.....
ကျမ ချမ်းအေးတဲံ အခါမျိုး..
သူ့ ၀ိဥာဉ်လေး က လာနှိုးလို့ နွေးနေခဲ့..
......
ကျမ ပူလောင်နေတုန်း ကာလ..
သူ့မေတ္တာရေ လေးက အေးစေခဲ့..
.....
ကျမလဲ ကျတော့..
ဘေးကကူ ..သူ...ထူပေးလို့ ဖေးမ...
.....
ကျမချစ်ရတာ..
သူ့အမည် စာလုံးပေါင်းလေးတွေက အစ ပါ....
.......
ကျမကမ္ဘာထဲ..သူ့ကို ကျမပိုင်တယ်..
ညမွှေးပန်း ရိုးတံတွေနဲ့ ထိုးစိုက်ထားတဲ့..
ကျမရဲ့ ခြံစည်းရိုးလေးထဲ..
ကျမ သော့ခတ်ပြီး သိမ်းထား တဲ့..
ကျမချစ်တဲ့ သူ့ရဲ့ ပုံရိပ်တွေ..
သူ့ကိုချစ်တဲ့ ကျမရဲ့ အချစ်တွေ.....
......
......
ကဲ...
ဘယ်သူတွေ ဘာပြောချင်သေး လဲ..
ဘယ်သူတွေ လာလုချင်သေးလဲ...
ကျမ တံခါး က အတော့ ကို ခိုင်တော့..
ကျမရဲ့ သူ့ ကို..
ဘယ်သူမှလဲ လုမယူနိုင်တော့ ဘူး ပေါ့..........
............
................
ကျမ..အမြဲ ပြုံးနေနိုင်ခဲ့တာ...
အဲဒီယုံကြည်ချက်လေး ကြောင့်ပဲ ကွဲ့..........။
မမသီရိ (၂၅.၂.၂၀၀၉)
13 comments:
မမသီရိရေ- ဒီကဗျာလေး တော်တော်ကောင်းတယ်။ စာသားလေးတွေနဲ့ အလင်္ကာလေးတွေယူပုံ နူးညံတယ်။
ကဗျာဆိုတာ..ခံစားချက် က..မစေ့ဆော်ပဲ ဖြစ်မလာနိုင်ဘူးလေ။
ခင်တဲ့-း)
ညင်သာလိုက်တာ...
ဟိုးအရင် တဂိုးကဗျာလေးတွေ ဖတ်ရသလိုပဲအစ်မ..
“ကျမချစ်ရတာ..
သူ့အမည် စာလုံးပေါင်းလေးတွေက အစ ပါ....“
ဲ.ဘယ်လောက်ကောင်းလိုက်တဲ့ အဖွဲ့လေးလဲနော်
ကဲ...
ဘယ်သူတွေ ဘာပြောချင်သေး လဲ..
ဘယ်သူတွေ လာလုချင်သေးလဲ...
ပြောလဲပြောဝူး၊ လုလဲလုဝူး၊
မမသီရိကို ချစ်တဲ့ ကောင်းကင်ကတော့ မမ ယုံကြည်ချက်တွေ အပြည့်ပါစေလို့
အစ်မရေ...နုနုလေးတွေရေးတဲ့နေရာမှာတော့အတော်ကို
လက်ဖျားခါလောက်ပါတယ်....။
ဘယ်ယုံကြည်ချက်လဲ ဟင်...
အော်... အချစ်ကြောင့် အချစ်ကြောင့်.. အချစ်ဆိုတာကြီးကြောင့် မမသီရိ ရင်ထဲက စကားလုံးလေးတွေ နူးညံ့လှပနေလိုက်တာ။ အဲလို အချစ်မျိုး အားကျပါတယ်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ပါစေ။
စကားမစပ် ပုံက တကယ်ဆွဲပေးမှာနော်? :P
ကျွန်တော်မှာလဲယုံကြည်ချက်တစ်ခု၇ှိတယ်
ကဗျာလေးအရမ်းကောင်းတယ်
အဲဒီယုံကြည်ချက်ကိုက ကဗျာဖြစ်နေတဲ့ ယုံကြည်ချက်မျိုး ထင်ပါရဲ့ မမ။ ချစ်စရာကောင်းလိုက်တာ။
ကျမ ချမ်းအေးတဲံ အခါမျိုး..
သူ့ ၀ိဥာဉ်လေး က လာနှိုးလို့ နွေးနေခဲ့..
......
ကျမ ပူလောင်နေတုန်း ကာလ..
သူ့မေတ္တာရေ လေးက အေးစေခဲ့..
.....
ကျမလဲ ကျတော့..
ဘေးကကူ ..သူ...ထူပေးလို့ ဖေးမ...
.....
ကျမချစ်ရတာ..
သူ့အမည် စာလုံးပေါင်းလေးတွေက အစ ပါ....
နူးညံ့သိမ်မွေ့တဲ့ အဖွဲ့အနွဲ့တွေပါလား မသီရိရေ...
ဒီယုံကြည်ချက်ကလေး အမြဲလတ်ဆတ်ရှင်သန်နေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...
ကဗျာလေး အရမ်းချစ်ဖို့ကောင်းတယ် မမ ရေ့ မိန်းခလေးတွေလည်း တော်တော်ချစ်တတ်ကြပါလားနော် နုနုရွရွလေး လှတယ် စကားလုံးတိုင်း ။
“ကျမချစ်ရတာ..
သူ့အမည် စာလုံးပေါင်းလေးတွေက အစ ပါ....”
ဒါလေး သဘောကျတယ်း)
ဖတ်လို့ကောင်းတယ်။
စကားလုံးအသုံးလေးတွေက နုတယ်။
သုခမိန်(E-Journal)
ကဗျာစာသားတွေက နူးညံ့ပြီး ကောင်းလှချည်းလား။
ကဗျာလေး အရမ်းနူးညံ့ပြီးတော့ ကောင်းတယ်ဗျာ။ နောက်ဆုံးနှစ်ပိုဒ်လေး တော်တော်လှတယ်။
Post a Comment