Tuesday, May 17, 2011

ခရမ်းရောင် ခမောင်းပန်းတို့ရဲ့အလယ်

နှစ်ချက် ပြတ်ချင်လို့
တချက်ခုတ်ခဲ့လေသလား
မမြင်ရတဲ့ ကြိုးတချောင်း ပြတ်သွားတဲ့အခါ..
တော်လဲ သွားခဲ့ပေါ့ ဒီမြေကမ္ဘာ...

ပန်းတွေ ပြာနေအောင်ပျံ့ကျဲ..
ရုတ်ရုတ်သဲသဲ ညဥ့်ငှက်တို့ ထပျံ..
နွေနှောင်း ခမောင်းပွင့်တွေ..
ခရမ်းရောင် မှိုင်းလို့ဖြင့် လွမ်းကျန်......

မျိုးဗီဇ ပြောင်းလဲလို့ စွင့်ကားတဲ့ နှင်းဆီရယ်..
တောင်စောင်းပေါ်က အလေ့ကျ နှင်းဆီ ရိုင်းရယ်...
ခံစား တတ်ခဲ့ရင်ဖြင့်..အလှချင်း က အတူတူ ပါပဲ..
မင်းတမ်းတဖူးတဲ့.. အပြာရောင် ကြယ်ဟာ..
မင့် ဘယ် ရင်အုံ ပေါ်က
အဖြူရောင် နှင်းဆီ ရိုင်းကလေးလောက်
မနွေးထွေးစေနိုင်မှန်း.. မင်းသိလာမဲ့ တနေ့ မရောက်ခင် ကလေး မှာပဲ.....
တောင်တကြော... လင်းပြာနေအောင် ပွင့်သော..
ခမောင်းတော.. တွေ ရဲ့ အလယ်.....

မမြင်ရတဲ့ ကြိုးတချောင်း..ပြတ်ခဲ့သော အခါ...
မင်း ခို နားမယောင် ပြုခဲ့ဖူးသော... ရင်ခွင်ငယ်ကလေး တခု... ဟာ........ ။


မမသီရိ
၁၇ မေ ၂၀၁၁



1 comment:

မောင်ဘကြိုင် said...

21 May 11, 21:27
မောင်ဘကြိုင်: ခရမ်းရောင် ခမောင်းပန်းတို့ရဲ့အလယ်..... ဆိုတဲ့ကဗျာလေးကိုကြိုက်တယ် အစ်မ