Thursday, August 11, 2011

တိတ်တခိုးအလွမ်း

မိုးဖွဲဖွဲအောက်..
တလှမ်းချင်းလျှောက်..
အောက်စိုက် .. ခေါင်းငုံ့ .. အလွမ်းရုပ်လေ...
မြင်ရုံနဲ့သိ.. ရိပ်မိကြမယ်...

ကွင်းစပ်နံဘေး..
ခပ်ဝေးဝေးမှာ...
ဗာဒံရွက်ကြွေ... မြေသက်လေပေါ့..
လွမ်းရော့ နိမိတ်.. ခပ်မဆိတ် နဲ့..
မသိသလို.. ပင်အိုငယ်...

သခင်မေ့ပါး.. ဝေးလို့သွားရင်..
လွမ်းနေတတ်တာ မသိပါလား..
မေ့ထားတမင်.. မကြင်တာလား...

မိုးသက်လေထဲ ..ရွက်ကြွေ ၀ဲသလို..
တို့ရင်ထဲလဲ.. လွမ်းသဲနဲ့ ငို..
သခင်မြင်လှဲ့.. ချစ်တဲ့သူ..ဆို...
တိတ်တခိုးတမ်းတ.. ဆန္ဒငယ်ကို...
မသိစေလို.. သိစေလို......


မမသီရိ
၂၉.၇.၁၉၉၀ (edited on 11 Aug 2011)


No comments: