Saturday, July 02, 2011

ကြယ်တံခွန်...

ရေကြည်တပေါက်
သောက်ခွင့်ရမဲ့ အရေး
ရေတွင်းကလေးတွေ ဘယ်လောက်ထိ တူးရမှာလဲ ကွယ်...

လေပြေ တကြိုက်
ရှုရှိုက်ခွင့်ရမဲ့ အရေး
တောင်တွေ ဘယ်လောက်မြင့်မြင့် တက်ရမှာလဲ ကွယ်...

အနမ်းတပွင့်
လန်းစွင့်ဖို့ အရေး...
ဘယ်လို အရာတွေများ ထပ်ပြီး ပေးဆပ်ရမှာလဲ ချစ်သူ ရယ်...

ရေကြည်တွင်း တွေ ရာ ထောင်မက ကိုယ် တူးရလဲ ဖြစ်ပါတယ်..
တောင်တန်းတွေပေါ် မိုင်ထောင်ကျော် ထိ ကိုယ် တက်ရလဲ ဖြစ်ပါတယ်..
မင်း... နဖူး ကလေး တချက် နမ်းခွင့် ရဖို့ ရယ်..
မင်း ဆံ ပင်ကလေးတွေ့..  ထိတွေ့ ခွင့် ရဖို့ရယ်....
မင်း လက်ကလေးတွေ ပါးမှာ အပ်ထား ခွင့် ရယ်....
မင်း ရင်ခွင်ထဲ .. ခဏ လောက် မှေး စက်ခွင့် ကလေး ရယ်....
ခက်လိုက် တာများ ဆို...
ကြယ်တံခွန်တွေ လိုက်.. လိုက် .. ဖမ်းတာ မှ လွယ် လိမ့်အုံး မယ် ထင်ပါတယ်.....။


မမသီရိ
၂.၇.၂၀၁၁



No comments: