( ဘာတွေ လုပ်လို့ လုပ်မိမှန်းတောင် မသိတော့ပါဘူး ရှင်ရယ်...)
ဟိုမှာ တဖက်ကမ်း က ထွန်းညှိလိုက်တဲ့ ရောင်းစုံမီးပန်းတွေ...
ဘယ်အပွင့် ဟာ ဖြင့် ဘယ်သူ့ အတွက်လဲ ..
ဘယ်အရောင် ကဖြင့် ဘာကို ဆိုလိုလေသလဲ..
ဘယ်နှစ်ခက် ဖြာ ရင်တော့ ဘယ်လောက် ကြာကြာ လွမ်းနေသလဲ..
ဘယ်သူ တယောက်မှ သတိမထားမိသော်ငြားလေလဲ..
ဒီတယောက် ကတော့ဖြင့် အဲဒီ တပွင့်က အဲဒါ ကိုပြောတာလို့ သိကိုသိနေခဲ့ပါတယ်..
ခရီးက ဝေးနေတော့ တဖွားဖွား အသံ ကလေး ဖြင့် မကြား ရပေဘူး...
ရှင် ပစ်လွှတ်လိုက်တဲံ့မီး ပန်းကလေးတွေ .. .
ကျမ ရဲ့ ည ကောင်းကင် မှာရောင်စုံ တောက်ပလို့ပေါ့ .. ရှင်ရယ်...
ည ပိုးကောင် တွေ စီစီ ညံ အောင် ၀ိုင်း အော်တော့
ရုတ်တရက် နင့် နင့် သည်းသည်း... ရှင့် ကို .. လွမ်း မိပါတယ်....
မှောင် ရီ စွန်း စ တညနေခင်း..
ကျမ .. ကျမ စာ စီရင်း လွမ်းထားတဲ့ ကဗျာ လေး ..
တလုံး စီကြွေ လို့.. ပုလဲ လုံးကလေး တွေ လို.. ရှင့် ဆီ လိမ့်လာ လိမ့် မယ်...
ဖမ်းယူ ကောက်သိမ်း ထား ပါ့ .. ကျမတို့ ဆုံ တဲ့ ထိ ပေါ့ .. ကွယ်...........။
မမသီရိ
No comments:
Post a Comment