Wednesday, November 30, 2011

သတ်မှတ်ခဲ့တဲ့ နေရာ မှာ....

အမြဲ မမြဲသော သဘော အရ

သဲသဲ လှုပ်နေတာတွေ
တချိန်ကျ အေးစက် သွား မှာ..

ချွဲ ပျစ်ပျစ် ကျိ နေတာတွေ
တချိန်ကျ ခါးသက်ကုန် မှာ..

အဲသလို ချွဲ ကျိကျိ .. သဲသဲ လှုပ်
မောင်.. လိုအပ် နေတာ တွေ..
အဲဒါအဟုတ် သေချာ လို့လား ..

ကျမ ကူးခပ် ဖူးတဲ့
ပင်လယ်က သိမ်မွေ့ လှတယ်
ကျမ လမ်းလျှောက်ဖူးတဲ့ သက်တံ က..
အညှီအဟောက် ကင်းတယ်..
ကျမ ထိုင်ငေးဖူး တဲ့ ကောင်းကင် က
တည်ငြိမ် ခဲ့တယ်..

နဖူး ပေါ် လက်တင်..
ဘယ်လို ပင် စဉ်းစား စဉ်းစား..
သဲ သဲ မလှုပ် ချင်တာတော့ အသေအချာ..
ချွဲ ကျိကျိ မကြိုက်တာကတော့ အသေအချာ..

အချစ် ကို
အချစ် နေရာ မှာ
အချစ်လိုပဲ
မွန်မွန်မြတ်မြတ် သိမ်း ထုပ်..
ယုယု ယယ ထွေးပွေ့.. ..
သက်ဆိုင်သူ ရောက်လာမဲ့ နေ့ထိ..
စောင့်နေမယ့်သူ တယောက် မောင့်ဥယာဉ် အစွန်အဖျား နားမှာ ပဲ ရှိနေ. ... ။


မမသီရိ
၂၃ နိုဝင်ဘာ ၂၀၁၁

No comments: