Monday, August 22, 2011

ရှိရှိသမျှအပြစ်တွေ.. လမင်းကိုပဲ

သန်းခေါင်အပြင်.. နက်စရာ ညက ရှိနေသေးလို့လား...

ဖြတ်သန်းခဲ့ရတဲ့ ခရီးတာ ..ရှည် သလောက် ရှည်ခဲ့ပြီးပြီ လေ..

မုန်တိုင်းသင့် ချောက်ချားဖွယ်.. ညနေခင်းများစွာ..
အရိုင်းဆန်သော.. မနှစ်မြို့ဖွယ် ညပေါင်း များစွာ..
ချွေးပြိုက်ပြိုက် ကျ နွမ်းလျ နံနက်ခင်းများစွာ..
မနိုင်ရင်ကန်.. ရုန်းကန် အထီးကျန် ခဲ့ရသော နေ့လည်နေ့ခင်းများစွာ..
ကြည်နူးစဖွယ်..
အချစ်ကိုတွေ့ ဖူးသော
အခိုက်အတန့်ငယ်ကလေးများ ..ပါဝင်ခဲ့တဲ့ ဘ၀ မှတ်တိုင်ကလေးတွေ..လည်းပါ ..

တကယ်တော့..
သူ က ရေဆန်ကို အပြန်ကူးတက်ခဲ့ရတဲ့
လေးလံသော ၀န်တွေပိနေတဲ့ ငါးကလေး တစ်ကောင်သာ..

ကြာရိုးကြာစွယ်ကလေး တခု..
ဦးစွာ ထွေးပွေ့ပြုစုမှု ရယူ ကျောခိုင်းထွက်သွားသူ
ခရီး..  ယာယီ အိပ်မက်ထဲက အဖော်အပေါင်းကလေး ကို
ဒီဝန်တွေ ခွဲမယူရကောင်းလား..
စိတ်တို ငြိုငြင် အပြစ်တင်လို့
အနည်းအကျဉ်းဖြစ်ဖြစ် ကြေကွဲသင့်တယ် မဟုတ်လား...

နေရာလွတ်နေတဲ့ ဘေး ကို ခဏခဏ လှည့်ကြည့်ရင်း
အလွမ်းလို့ မဆိုသာ တဲ့ သတိရ မိတဲ့ စိတ်ကလေး နဲ့

ကြယ်အရောင်အားကိုး..
အလွမ်းတွေ ပျိုးကြည့်မလို့ ကြိုးစားကြည့်ခဲ့သေးတယ်..
အတ္တဖျက်ပိုးကလေးတွေ ခေါင်းတထောင်ထောင် နဲ့ မို့..
အတိတ် ဆိုတာ အတိတ်သာပါပဲလို့.. ဂျစ်ကန်ကန် ရေရွတ်မိသူကို..
သေချာရဲ့လား .. သနားသလို ငုံ့ကြည့်လာတဲ့ လ.. တစင်း..
စိတ်အလျဉ်း တယ် မသင့်ချင်ဘူး..
မျက်စောင်း တချက် ၀င့်.. မျက်ခုံး တဖက် ဘုတော ပင့် ကြည့်မိတော့

ပုန်းရှိုး ကွယ်ရှိုး နဲ့.. အဲဒီ လမင်း ရယ်လေ...
တိမ် အညိုတွေ အနောက် ..ခိုး.. ခိုး..  တိုး ၀င်သွားလေ ရဲ့....။

မမသီရိ
၉.၇.၂၀၁၁

No comments: