Thursday, September 01, 2011

အတိတ်မျဉ်းကွေးများ

အချစ်က ဆန်းကြယ်သတဲ့.
သခင်...
တခါ တုန်းက.. သူ ပြောခဲ့ဖူးတာ...

ကိုယ် အမှန် ချစ်တဲ့ သူ က ..ကိုယ့်ကို ပြန်မချစ်နိုင်
ကိုယ် အမှန် မချစ်သူ ကျတော့ .. ကိုယ့် ကို နှစ်သက်မြတ်နိုး
အတန်တန် .. အထပ်ထပ် စွေသော မေတ္တာချောင်းရိုးကလေး မှာ..
လောကကြီး ဇောက်ထိုး မိုးမျှော် ဖြစ်တာ..
သူ.... မျက်ရည် အခါခါ ၀ဲ ရကြောင်း ..
အပ် ကြောင်းထပ်စွာ... ထပ်ခါ ထပ်ခါ.. ပြောလာပြီးတဲ့နောက်..

သခင်... သူ....
တကယ် မချစ်နိုင်မှန်း သိနေမှတော့..
သဉ္ဖာ စက်ပေါ် မျှော်လင့်ရင်း မျှော်နေခဲ့.. တပြည်သူ မင်းသမီးကလေး လေ...

ကြယ်အကြွေ စောင့်စရာ မလိုတော့..
လ.. အသာ စောင့်စရာ မလိုတော့..
သူ့ အပြာ ရောင်ခန်းဆီးကလေး.. ခိုးကြည့်စရာ မလိုတော့..
သူ့ မှန်အိမ် စိမ်းစိမ်း လေး မျှော်စရာ မလိုတော့..

မိန်းကလေး နှလုံးသား...
ဘာသား နဲ့  ထုထား လို့လဲ ကွယ်....
ချစ်ခဲဖူးပါပြီ.. စံတင်လောက်တဲ့ ထိ..
လွမ်းခဲ့ဖူးပါပြီ.. ဂန္တ၀င်မြောက်တဲ့ထိ..

လျှောက်ခဲ့ဖူးပါပြီ.. ဟိုး... ရောက်နိုင်တဲ့.. အနား ထိ...
အဲဒီ လမ်းကလေး အဆုံး မှာတော့....

အလွမ်းတွေ စမ်းရေထဲမှာမျှော...
တို့တွေ ပတ်သက်ခဲ့ဖူးတာ... အတိတ်မှာသာ........။

မမသီရိ
၉ ဖေဖေါ်ဝါရီ ၂၀၁၁

No comments: