Thursday, July 02, 2009

ပေးပို့ချင်သော အနမ်းများ

လွမ်းရင်.. အနမ်းတွေ ပို့လိုက်လေ တဲ့...
ချစ်သူ့ မှာစကား..
ခဏခဏ ကြားယောင်.
ငူ ငေါင်မိသော.. အခိုက် အတန့်ပေါင်း များစွာနဲ့..
..
..
ပို့ပေးချင်တာပေါ့ .. အချစ် ရယ်..
ဘယ့်နှယ် ပြောပါလိမ့်..
...
..
အနမ်းတွေ တလှေ ကြီး..
ရေစီး နဲ့ ပို့ချင်ရဲ့..
...
အနမ်းတွေ တပုံ ကြီး..
လေဟုန်စီး ပို့ ချင်ရဲ့..
...
ကောင်းကင် ယံ ပျံ သွား
ငှက်ငယ်တွေ မြင်ထား
အားကျ မနာ လို .. ငြင်ငြိုမိတယ် တကယ်ပဲ
အဲဒီ တောင်ပံ
ကျမမှာ ဘာလို့ မရှိတာလဲ....
...
ရေထဲ ကူးခပ် သွား
ငါးကလေးတွေ မြင်ထား
အားကျ မနာ လို .. ငြင်ငြိုမိတယ် တကယ်ပဲ

ကျမက ဘာလို့
ငါးကလေး မဖြစ်တာလဲ....
...
..
လွမ်းလို့.
အနမ်းတွေ ပို့ ချင်တာပေါ့ အချစ် ရေ..
ကိုယ့် ဘ၀အပူ ဘယ်သူ လာကူမှာပါလိမ့်
..
..

မင့် တောင်ပံလေး
ခဏငှားပါ ငှက်ကလေး ရေ
ချစ်သူ့ ထံ ပျံ ချင်လို့
လွမ်းလို့.. အနမ်းတွေ ပို့ချင်လို့ပါ..
..
ငါး ကလေး ဘဝ
ကျမ ခဏ ဖြစ်ပါရစေ...
ချစ်သူ့ နား ကူးသွားချင်လို့

သူ့ကို လွမ်းလို့..
အနမ်းတွေ ပို့ ချင်လို့ပါ..
..လွမ်းလို့.. အနမ်းတွေ ပို့ ချင်လို့ပါ
သူ့.. ကို.. လွမ်း လို့..
အနမ်းတွေ..
အနမ်းတွေ ပို့ချင်လို့ပါ.....။

မမသီရိ

11 comments:

မီယာ said...

အကြိုက်ဆုံး ကဗျာတွေထဲ ထည့်ထားလိုက်မယ် မမရေ။ ကဗျာလေးက ချစ်စရာ ကောင်းလိုက်တာ။ ငယ်ငယ်က မဂ္ဂဇင်းထဲက ကဗျာတွေ ကူးရေးရတာ သတိရတယ်။ ခုတော့ အားလုံး ပျောက်ကုန်ပါပြီလေ။

လင်းဒီပ said...

အနမ်းတွေ traffic jump ဖြစ်ကုန်ပါဦးမယ်...ဖြေးဖြေးချင်းခွဲပို့နော် အစ်မ

phoethutaw said...

အနမ်းတွေကို ပို့တာတော့ ကောင်းပါတယ်... ဗိုင်းရက်စ်တော့ ပါမသွားစေနဲ့နော်.... ဟီးဟီး.

ကဗျာလေး လှတယ် အမ.

သူတော်

kaungkinpyar said...

ပို့ချင်လို့ ပို့ချင်လို့၊ ဟိ ပို့လိုက်ပီ မမ၊ စိတ်ကြီးတယ်:)

Anonymous said...

ကဗျာလေးက ချစ်စရာကောင်းလို့ ကြိုက်တယ်....

mie nge

Yu Ya said...

အနမ်းတွေများလို့ Gmail နဲ့ attach လုပ်မပို့နိုင်ရင် တစ်ခြား size ကြီးကြီးပို့လို့ရတဲ့ ဟာတွေရှိတယ်နော်။ အဟီး....

နှင်းနဲ့မာယာ said...

မမရေ
အနမ်းတွေ အများကြီးပေးမှာလား
DHL နဲ့ပို့မှာလားဟင်...
ငှက်ကလေး....
ငါးကလေး.....
မဖြစ်ရင်တောင်
ဘလော့ဂါလေး ဖြစ်နေတာပဲ
ပို့ချင်တာတွေ ပို့လို့ရနေပီနော်....

Moe Cho Thinn said...

ဝေဟင်မှာ လေလျင်စီး
ယီးလေးခိုကာရယ်
မောင့်ဆီကို မနားတမ်း ၀ဲပျံကာရယ်
ချစ်ခွန်းတွေဖွဲ့ကာ ဖွဲ့ကာ
သူ့ကို နွဲ့ဆိုး ဆိုးလိုက်မယ်ကွယ်..

ဝေးနေတုန်းက ချိုသင်း ဆိုညည်းမိတဲ့ သီချင်းလေး လက်ဆင့်ကမ်းလိုက်ပြီ။

ဆောင်းယွန်းလ said...

မသီရိကဗျာလေးကလှလိုက်တာ
အနမ်းတွေလွတ်လပ်စွာပျံသန်းကူးခတ်စေသတည်း....

သီဟသစ် said...

မမသီရီရေ

အနမ်းတွေအများကြီးပို့လိုက်ပေါ့ဗျာ
နှင်းပြောသွားသလို ဘလော့ဂါလေးဖြစ်နေတာပဲ
အနမ်းတွေရော အလွမ်းတွေရော အကုန်ပို့ပစ်လိုက်

ခင်မင်စွာဖြင့်
သီဟသစ်

မိုးခါး said...

မမရေ
ညီမ အပေါ်ကနေစဖတ်လာတာ
အလွမ်းတွေ အရမ်းများနေသလိုပဲး)