Tuesday, July 28, 2009

ဆူပွက်စ ထမင်းတအိုး၊ မီးမတောက်သော မီးတဖို နှင့် သူတို့ ၃ ယောက်

စပ်တငံ့ငံ့နဲ့..
လှောင်အိုက်သော နေ့ရက်များ..
မိုးကလဲ မရွာနိုင်
လေက လဲ မတိုက်
နေ ကမထွက်..
အုံ့ပြပြ နဲ့ မှိုင်းညို့နေသော ကမ္ဘာ...
တနေရာမတော့..
မီးခိုးတွေ အုံ ... မြုံနေသော မီးတဖိုနဲ့
ဆူပွက်စ ထမင်းတအိုး..
(တစုံတရာ) ဆာလောင်နေသော..
သူတို့ သုံးယောက်.. အဲဒီမှာ..
..
..
..
ညီမလေး။ ။ ငါ...နော်...
တကယ်.. စိတ်မရှည်တော့ဘူး..
ဘယ်လိုဟာတွေပါလိမ့်.... ဟင်း..... ။


မမ။ ။ သက်ပြင်း တွေ
ခဏ ခဏ မချ ပါနဲ့ ညီမလေး ရယ်..။
ဒီလောက ကြီးမှာ..
နေသာ သပ လေညာ က ဆိုတဲ့ အရာတွေလဲ ရှိသကွဲ့..
ဘယ်သူသေသေ ငတေမာ ပြီးရော လို့ လဲ ရှိသေးသတဲ့..
မျက်စိတွေ စပ်လို့
မျက်ရည် တွေ ကျနေပြီလား ညီမလေး...
မင့် မျက်လုံးတွေ မမှိတ်လိုက်နဲ့ အုံးနော်
ငါ တို့ ကြည့်ချင်နေတဲ့ မြင်ကွင်း..
ရှိကို ရှိနေသေးတယ် ကွဲ့ .. ညီမလေး...ရဲ့.........။


မောင်လေး။ ။ ငါ .. တော့...
တကယ် စိတ်ကုန်ပြီ နော်..
စိတ်မရှည်တော့ဘူး..
တခုခု တော့ ထ လုပ်မိ တော့ မယ်... ဟင်း....။


မမ။ ။ သက်ပြင်းတွေ
ခဏ ခဏ မချ ပါနဲ့ မောင်လေး ရေ
မင်း လက်သီးတွေ ကို တော့
ဆုပ်မြဲ ဆုပ်ထား လိုက်ပါ ကွဲ့..။
အချိန် ရင်.. နွားပိန်တောင် ကန်သေး သတဲ့..
ငါတို့ ရဲ့ နေ့ တနေ့
ရှိ ကို ရှိနေသေးတာတော့ အသေ အချာ..
စောင့်လို့ ပဲ စောင့် ခဲ့ ပြီ..
အဆူ စောင့်ပြီး မှတော့
အနပ် ကို စောင့် ကြစို့ ရဲ့ ..

မောင်လေး ရေ....
ညီမလေး.. ရေ...
တကယ် မနပ် နိုင်တာ.. သေချာ ပြီ ဆိုရင်ဖြင့်..
ပုဆိန် ဆွဲ သူ ဆွဲ
ဓား ဆွဲ သူ ဆွဲ..
ဆွဲ ကြတာပေါ့ ကွာ... ထင်း ခွဲ ရအောင် လို့......။


မမသီရိ (၂၈.၇.၂၀၀၉)

10 comments:

kyalkalay said...

11111111111111

kyalkalay said...

ထင်းဝိုင်းခွဲမယ်

နပ်အောင်မစောင့်တော့ဘူး

လင်းဒီပ said...

အချိန်မတန်သေးဘူးလားဗျာ....
:P
ထင်းခွဲရမလို ဖြစ်နေပြီ...။

kiki said...

ဒီထင်းတွေခွဲပြီး မီးစာလုပ်နေရတာနဲ့ပဲ
ရှိသမျှ သစ်တောလည်းပြုန်းပြီ ။
ဒင်းတို့ တူးဆွရောင်းစား နေတာ နဲ့ 
ရှိသမျှ သယံဇာတလည်း ဆုံးပြီ ။

ဘာတွေ ခွဲစရာ ရှိသေးလည်း
လက်တို့ လိုက်နော် ။။
ကူ ခွဲ ပေး မယ် ...

ခင်လေး said...

ချစ်မ........

ခင်လေးလည်း စိတ်ရှည်တော့ဖူးပဲ..
ဘာလုပ်ရမလဲဟင်...!!
ဓါးဆွဲဘီနော်...
လိုက်တားနဲ့ ဂယ်ပြောတာ :P

ခြေလှမ်းသစ် said...

ခိုက်လိုက်တာဗျာ... ဒီကဗျာလေးကို.... လိုရာဆွဲတွေး သွားပါတယ် မှားသွားရင်တော့ .. နားမလည်ဘူး... ဒီကောင်တွေကို တော်လှန်ဖို့ မစောင့်နိုင်တော့ဘူး... ထမင်းအိုးဆူလဲ စောင့်မနိုင်တော့ဘူး... ဓါးဆွဲပြီး လိုက်ခုတ်တော့မယ်.... သေနတ်ဆွဲပြီး လိုက်ပစ်တော့မယ်.... အမဲ ...အမဲ....

ဆောင်းယွန်းလ said...

အဓိပ္ပာယ်သိပ်ရှိတဲ့ကဗျာလေးပဲမသီရိရေ

စိတ်စမ်းရေ said...

ထင်းဝိုင်းခွဲပေးရမလား အစ်မ.....။

အနမ်း said...

ဟာ အရမ်းကောင်းတယ် မသီရိ။ ဒီပိုစ့်လေးကို သဘောကျတယ် တကယ်ပဲ။
အဆင်ပြေပျော်ရွှင်ပါစေနော်။

မီယာ said...

အယ်... မမရေ ဘယ်လို အတွေးများ ရသွားပါလိမ့်... ငယ်ငယ်က မောင်နှမတွေ ထမင်းစားဖို့ ထိုင်စောင့်နေတဲ့ မြင်ကွင်းကို သွားမြင်ယောင်တယ်