
သူဟာ ရဲရင့်တဲ့ နှင်းဆီ နီနီ
အမှောင်တကာ့ အမှောင်တွေ
သူ အောင်ခဲ့ ပြီးပြီ....
စောက်လွန်းတဲ့ ဓါးတောင်
သူ ကျော်ခဲ့ပြီးပြီ....
ပူပြင်းတဲ့ မီးပင်လယ်
သူ ကူးခဲ့ပြီးပြီ..
သူ့နှလုံးသား..
အများ အတွက် ပေးဆပ်ခဲ့ပြီးပြီ...
သူ့သက်တမ်းတ၀က်
ဓားသွားထက် အိပ်စက်ခဲ့ဖူးပြီ...
သူ့စွန်လွှတ်ခြင်းတွေအတွက်
ကမ္ဘာ ရဲ့ ဦးညွတ်ခြင်း ခံခဲ့ရပြီး ပြီ...
နှစ်ဆယ်ကျော် တနှစ်တက်
ငြိမ်းချမ်းရေး သံလွင်ခက်
ကိုက်ချီကာ သူ သယ်ဆောင်ခဲ့ပြီး မို့..
ခု.. လာမဲ့ ၂၄ ရက်လောက် ကို ဖြင့်
သူကြောက်မယ် မထင်.....။
(ကျမတို့ အားလုံး သူ့အတွက် အကောင်းဆုံးတွေ ဖြစ်လာရေး ဆုတောင်းကြရအောင်ပါ..)
မမသီရိ
8 comments:
ဆုတောင်းသွားပါတယ် မမရေ
ဆုတောင်းပါတယ် မမသီရိ
ဒီနေ့လည်း ဆုတောင်းပါတယ်
မနက်ဖန် (နေကြတ်တဲ့ အချိန်မှာပါ)
အကြပ်အတည်း အနှောင်အဖွဲ့မှ လွတ်မြောက်ပါစေကြောင်း
တိုးဆုတောင်းပါဦးမယ်။
အမြန်ဆုံး လွတ်မြောက်အောက် ဆုတောင်းသွားပါတယ်
ကျွန်တော်တို့ ခေါင်းဆောင်အတွက် ဆုတောင်းပါတယ်
အမေစု လွတ်မြောက်ပါစေ...အားလုံးရဲ့ရင်ထဲမှာ အမေရှိနေပါတယ်...။
သိပ်ကောင်းတဲ့ကဗျာ
အားမာန်အပြည့်ပါတယ်
ဒီနှင်းဆီနီဟာ
ထာဝရလန်း မညှိုးနွမ်းမယ့်
ဂန္ဒဝင်သူရဲကောင်းတွေရဲ့မိခင်
ကျွန်တော်လဲ လာရောက်ဆုတောင်းပေးပါတယ်....။
မမရေ ကဗျာကိုခံစားရင်နင့်သွားပါတယ်။
အမှန်တရား အတွက် ဘယ်တော့မှ ဒူးမထောက် နောက်မဆုတ် ၊ ဘဝတခုလုံးပေးပြီး ရှေ့ က ရဲရဲရင့်ရင့် တိုက်ပွဲဝင်နေတဲ့  သူရဲကောင်းကြီး အမေစု နှင့် နိုင်ငံရေး အကျဉ်းသားများအားလုံး ......
မတရားတဲ့  အမိန့် အာဏာတွေ နဲ့ ချုပ်နှောင်ခံနေရခြင်း မှ အမြန်ဆုံး လွတ်ကင်းပါစေ ။
Post a Comment