Friday, July 31, 2009

ည တည အကြောင်း


အဲဒီ့.. ည ကို ပေါ့
တစစီ ဖြစ်အောင် ဆွဲ ဖြဲ ပစ်လိုက်ချင်တာ..

သူရူး တယောက်လို အော်ဟစ်
အာခေါင်တွေ ခြောက်တဲ့ ထိ
ရင်ဖွင့်လိုက် ချင်ခဲ့..

တစက်စီ လွင့် ထွက်သွားသော
စုတ်ချက် ကြမ်း ဆေးစက်များ..
တစစီ လွင့်ကြေသွားသော
ရောင်စုံ ပွင့်ချပ်များ..
စိတ္တဇ ဆန်စွာ ဟို တချက် ဒီ တချက်..

အိပ်မက်က ရူးချင်ဖွယ်ရာ
စိမ်းရွှေ ရွှေ .. .ညှီ စို့ စို့
ပျို့ အန်ချင်စဖွယ် မနှစ်မြို့မှု များ..
ငါ.. အရမ်း မုန်းတယ်.....

မုန်း တယ်
မုန်း တယ်
မုန်း တယ်......
မုန်းတယ်......


မသတီ ရခြင်းတွေ နဲ့
လုံးထွေးသတ်ပုတ်နေတဲ့ နာရီ တလုံး
ကြေကွဲ ရမှုတွေ ကို
ထုပ်ပိုးထားတဲ့ ပုဝါတစ..
အခန်း အလယ် မှာ
မျက်ရည်တွေ စွန်းထင်း ရင်း လဲ ကျနေ..


အိမ်မြှောင်တကောင်ရဲ့ စုတ်ထိုး သံ
ခြောက်ခြား ဖွယ်ရာ ပဲ့တင်လို့

လူနီရိုင်း တွေရဲ့ တေးသွားနဲ့ ကနေတဲ့
လိပ်ပြာတကောင်ရဲ့ တောင်ပံ လှိုင်း

ဟိုး ခပ်ဝေးဝေး မှာ တော့
ဝံပုလွေ တကောင် က ရီမော.. အူချင်းရှည်


အို.. အသက်ရှူ ရ ကြပ်လိုက်တာ..


လမင်းလေးရေ..
ဒီဘ၀မှာ
အပူ တွေ ငြိမ်းခွင့် မရနိုင်တော့ဘူလား..

လမင်းလေးရေ...
ဒီဘ၀ မှာ
ပျော်ရွှင်ခြင်း ဆိုတာတွေ မရှိနိုင်တော့ ဘူးလား

လမင်းလေးရေ..
ငါ့ ကို လွတ်မြောက်ခွင့် ပေးပါတော့

လမင်း လေးရေ
ငါ လွတ်မြောက် ပါရစေတော့...

လမင်းလေး ရေ.......
လမင်းလေး ရေ...........
လမင်းလေး ရေ.........
လမင်းလေး ရေ..........

..........
...........
..............

နောက်ဆုံးမှတ်ချက်။ ။ တော်ပါသေး ရဲ့.. ငါမုန်းတဲ့ည.. ခဏ ပဲ ရှိခဲ့ လို့..........။


မမသီရိ

10 comments:

နှင်းနဲ့မာယာ said...

မမရဲ့
ညတည ကဗျာလေးက တမျိုးလေးပဲ။
မမအတွက် မုန်းတဲ့ညတွေ မရှိပါစေနဲ့နော်...

ချစ်သော
နှင်း

ခြေလှမ်းသစ် said...

ကဗျာလေးကို လာရောက်ခံစားသွားပါတယ် အောင်ဆုံးက ပြောတဲ့အတိုင်း ငါမုန်းတဲ့ညတွေ နောက်ထပ်မရှိပါစေနဲ့တော့လို့.....

စိတ်စမ်းရေ said...

ကဗျာရေးတဲ့ စတိုင်လေးပြောင်းရေးထားသလိုပဲ....။
စိတ္တဇ ဆန်ဆန် ခံစားရပါတယ်....။
မုန်းတဲ့ညတွေ က လွတ်မြောက်ပါစေ....။

မေ့သမီး said...

မမရေ အိပ်မက်ဆိုးတွေနဲ့ရုန်းရခက်တဲ့ ညတညကို ပြန်အမှတ်ရမိတယ်။

ဆောင်းယွန်းလ said...

စုတ်ချက်ကြမ်းကြမ်းနဲ့ရေးဆွဲထားတဲ့ ပန်းချီကားတချပ်ကိုကြည့်လိုက်ရသလိုပါပဲ မသီရိရေ
ဒီလိုကဗျာမျိုးတွေလည်းဖတ်လို့ကောင်းတာပါပဲ
ဒီလိုညမျိုးတွေတော့ထပ်မကြုံပါစေနဲ့မဆုံပါစေနဲ့ဗျာ

kiki said...

စိတ္တဇညများ ကုန်ပါစေ ။
နေ့ တာတို ညတာရှည်တဲ့ ဆောင်းည တွေဆို မမ ဘယ်လို နေတာလဲဟင် .. တစစီတောင်ဆွဲ ဖြဲ ပစ်တယ်လား ...
လမင်းလေး လည်း အမြဲသာနိုင်ပါစေ ..

မသဒီတဲ့ နာရီတလုံးက ဘာနာရီပါလိမ့် နော်။။
မလိုချင်ရင် ဒီဖက် ပစ်လိုက် ပါ ..ဟဲဟဲ ..
အဆင်သင့်ပဲ ..

Photo_Vigor said...

Hi..reading your post..keep going..

ကောင်းကင်ပြာ said...

ခနပဲ မုန်းပါ မမရယ်၊ မ ချစ်နေတာပဲ မြင်ချင်ပါတယ်

Unknown said...

အောစာအုပ်ရေးပါလား

Unknown said...

အောစာအုပ်ရေးပါလား