Monday, July 20, 2009

အဖြေညှိစရာမလိုတဲ့ ပဟေဠိလေးတွေ


တကယ်တော့..
ကျမ က
မာန်မာန တွေ အပြည့်အ၀နဲ့ ခြင်္သေ့တကောင်သာ ဖြစ်ချင်ခဲ့သူ
သူနဲ့ တွေ့တော့
ဘာလို့များ ယုန်ကလေး ဖြစ်သွားပါလိမ့်....


တကယ်တော့..
ကျမက..
ဦးတည်ရာကို ထက်ထက်ခွင်း မိုးကြိုးတစင်း လို လင်းချင်ခဲ့သူ
သူနဲ့တွေ့တော့
ဘာလို့များ ပန်းကလေး ဖြစ်သွားပါလိမ့်...


တကယ်တော့..
ကျမက..
စကြာဝဠာ တခွင်လင်း နေမင်းတဆူလို..မင်းမူ ချင်ခဲ့သူ..
သူနဲ့တွေ့တော့
ဘာလို့များ.. လ.. ကလေးဖြစ်သွားပါလိမ့်..


တကယ်တော့..
ကျမက..
အဆုံးမဲ့ခမ်းနားသော ပင်လယ်တကြောလို ကျယ်ပြောချင်ခဲ့သူ
သူနဲ့ကျတော့
ဘာလို့များ စမ်းရေအိုင်လေး ဖြစ်သွားပါလိမ့်..


တကယ်တော့..
ကျမက..
အရာရာ ကိုယ့်ဆန္ဒနဲ့ ထပ်တူ အမြဲ ကျချင်ခဲ့သူ
သူနဲ့ ကျတော့
ဘာလို့များ.. အတ္တတွေ မဲ့သွား ပါလိမ့်.....


ခုတော့ .
ကျမ က..
အတ္တအခွံတွေ တလွှာစီ ကွာကျသွားတဲ့
ပန်းကလေး.. ယုန်ကလေး..
စမ်းကလေး.. လ.. ကလေး...
သူ့...အတွက်သာ အရာ ရာ...



ကို..ရေ.. ရင်နှင့်အမျှ .. ထာဝရ...ချစ်ပါတယ်....။



မမသီရိ

12 comments:

လင်းဒီပ said...

အော် ...အော်....အော် ...ချစ်တာကို...:P

နောက်သွားပါသည် အစ်မ

အချစ်နဲ့တွေ့ရင် အဲလို ဖြစ်တတ်လွန်းလို့ (ကျွန်တော်ကတော့ အချစ်ဒီဘက်လမ်းက လာရင် ဟိုဘက်လမ်းက ကွေ့လျှောက်တယ်...)

kaungkinpyar said...

ချစ်... ချစ်....ချစ်...တတ်လှချည်လား ချစ်မမ ရဲ့ မိုက်တယ် ကဗျာတွေက လိုက်လို့ ကို မမှီတော့ဘူး

ကိုရင်နော်ခင်လေးငယ် said...

မကြီးရေ....
ချစ်တတ်လိုက်တာနော်...

ခြေလှမ်းသစ် said...

ပြည့်စုံပါတယ်ဗျာ အရာရာတိုင်းဟာ သူ့အတွက်ဆိုတော့ ...

Anonymous said...

ချစ်တတ်တာကောင်းပါတယ်။ ကဗျာကိုဖတ်ပြီး ကျွန်တော်တောင် ချစ်တတ်သွားတယ် ဟီး။

Yu Ya said...

မမသီရိရေ... သူ့အတွက်သာ အရာရာ ဆိုတော့ ကိုယ့်အတွက် ဘာမှ မကျန်ရင် ဗိုက်ဆာနေမှာပေါ့.. အဟီး။
နောက်သွားပါတယ်။

yu ya

ourstream said...

အစ်မရေ...
ကဗျာလေးက အရမ်းလှတာပဲ...။
ရေးတက်လိုက်တာ....။

Anonymous said...

ဟုတ်ပါ့.. ချစ်တတ်ကြောင်းကို ရင်ဖွင့်ထားလိုက်တာ.. လူကို ပျော့ခွေကျသွားလောက်တယ်. :P

ကံကောင်းသူတစ်ဦးတော့ရှိပါလိမ့်မယ်..

ဆောင်းယွန်းလ said...

နူးညံ့လှပါဘိ.............
အချစ်တဲ့လား
လူတိုင်းရှုံးနိမ့်သွားလောက်အောင်ကို ချစ်တတ်ပါလားဗျာ

ဂျပန်ကောင်လေး said...

ချစ်တတ်လိုက်တာနော်... ဟိး..း)

Anonymous said...

ဂင်ကြီး: တို့ညီမလေးကတော့ ကွာ သူ့ကိုပဲချွဲနေပါလားဟေ့ ဟားးးးးးးးး :biggrin:

kiki said...

အဲ့ ဒီ " ကို " ဆိုတဲ့  လူကြီးရေ ။။
ဒို့  မမသီရိလေး ကို ဂလောက်တောင် အနိုင်ကျင့်ရသလား ..

ယုန်ကလေး ၊ ပန်းကလေး ၊ စမ်းကလေး ၊ လ ကလေး အမျိုးမျိုး ဖြစ်ပြီး ချစ်ပြနေတာတောင် ....
ဟွန်းးး ကြပ်ကြပ်သတိထား နေ ... ဒီလူကြီးတော့ နောက်တခါ မလွယ်ဘူး .. မှတ်လောက်သားလောက်အောင်ကို ဆုံးမပေးမှ ဖြစ်တော့ မှာ ....