Monday, July 13, 2009

ဘန်ကီမွန်လဲ စိတ်တိုတယ်.. ချစ်သူကိုလဲ စိတ်တိုတယ်

စိတ်ကောက်မိယုံလေးနဲ့..
မထားခဲ့ပါနဲ့ ချစ်သူရဲ့..
အဲဒါ ချစ်လွန်းလို့ ပါ နော့..
..
..
ဘန်ကီမွန်က စကား မအောင်တော့
ကျမ စိတ်ပျက်မိတာပေါ့..
..
အရေးထဲ..
ချစ်သူ့ အပါး ကောင်မလေးတွေ က တ၀ဲဝဲ..
ကဲ .. ကျမ စိတ်ကောက်မိတာ ဆန်းသလား .. လို့..
...
..
ကျမ ပွင့်တဲ့ ပန်းမှန်သမျှ
ချစ်သူ့ ဧည့်ခန်းမှာပဲ လှခဲ့စေချင်တာ..

ကျမ သီတဲ့ ခရေကုံး ကိုပဲ
ချစ်သူ ဆွဲ ခဲ့စေချင်တာ..

ကျမရေးတဲံ ကဗျာတွေ ပဲ
ချစ်သူ ဖတ်ခဲ့စေချင်တာ..

ကျမ ပုတ်တဲ့ လှိုင်းကလေးတွေ ပဲ
ချစ်သူ့ ကမ်းပါး.. ရပ်နားစေချင်တာ..

ကျမ ကို ချစ်တဲ့ အကြောင်းပဲ
ချစ်သူ တွေးနေစေချင်တာ..
..
..
..
ကောင်မလေး တွေ ပြုံးပြုံး မပြပါနဲ့ ချစ်သူ ရဲ့.

စိတ်ကောက်တော့လဲ ထားခဲ့ ချင်သတဲ့
ခြေဆောင့်မှာ ကွဲ့ နော်..
နှုတ်ခမ်းလဲ ထော်အုံး မယ်..

ဟွန့်..

ဘန်ကီမွန် ကတော့
လက်ဗလာနဲ့ ပြန်သွား ရှာပြီ
ညာခံထိတာတောင် ပြုံးနေသေး

ကျမ စိတ်ကောက်မိယုံလေးနဲ့တော့
ထားခဲ့ ပါနဲ့ နော့...။


မမသီရိ

11 comments:

kaungkinpyar said...

ထားခဲ့ဘူး ထားခဲ့ပါဘူး ကောက်ပါ၊

ခြေလှမ်းသစ် said...

ဘန်ကီမွန်းတော့ ခရီးစာရိတ်အကုန်ခံပြီး လက်ဗလာနဲ့ ပြန်မယ်မထင်ဘူး တခုတခုပါသွားမယ်ထင်တယ်...

Unknown said...

မမသီရိရေ....

ခံစားမှုတွေက အသွင်ပြောင်းကုန်ပြီ ဟဲဟဲ စာမျက်နှာပေါ်ရောက်ကုန်ပြီ...

မမရေ ဆန္ဒတွေပြည့်ဝပါစေဗျာ....

မခွဲတမ်းတသက် အမြဲတမ်းအတွက်ပေါ့....

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

ကိုရင်နော်ခင်လေးငယ် said...

ကဗျာလေး မိုက်ပါ့ မကြီးရေ..း)
ပြုံးမိတယ်..

မင်းနေ said...

:) .... ကဗျာကသွက်တယ်နော် ...

သမီးပျို said...

သူ ချစ်သူကို ဘယ်လောက်တောင် ဆိုးထာူသလဲဟင် လုက်ရ၀ူးလေ ချစ်ချစ်ခင်ခင်ပေါ့နော့် သူကမထားခဲ့ ပါဘူးတဲ့ ပိုချစ်အောင် တမင်ဟတ်ဆောင်တာပါတဲ့ ကဲကျေနပ်တော့နော်

သမီးပျို said...

သူ ချစ်သူကို ဘယ်လောက်တောင် ဆိုးထာူသလဲဟင် လုက်ရ၀ူးလေ ချစ်ချစ်ခင်ခင်ပေါ့နော့် သူကမထားခဲ့ ပါဘူးတဲ့ ပိုချစ်အောင် တမင်ဟတ်ဆောင်တာပါတဲ့ ကဲကျေနပ်တော့နော်

သမီးပျို said...

သူ ချစ်သူကို ဘယ်လောက်တောင် ဆိုးထာူသလဲဟင် လုက်ရ၀ူးလေ ချစ်ချစ်ခင်ခင်ပေါ့နော့် သူကမထားခဲ့ ပါဘူးတဲ့ ပိုချစ်အောင် တမင်ဟတ်ဆောင်တာပါတဲ့ ကဲကျေနပ်တော့နော်

ဆောင်းယွန်းလ said...

ဘန်ကီမွန် ကတော့
လက်ဗလာနဲ့ ပြန်သွား ရှာပြီ
ညာခံထိတာတောင် ပြုံးနေသေး

ကျမ စိတ်ကောက်မိယုံလေးနဲ့တော့
ထားခဲ့ ပါနဲ့ နော့...။

အချစ်တွေတပွေ့တပိုက်နဲ့အိမ်ပြန်လှပါစေမသီရိရေ

မိုးခါး said...

မမသီရိစိတ်ကောက်ရုံလေးနဲ့တော့ မထားခဲ့လောက်ပါဘူးး))

ကျော်ညိုသွေး said...

ဟေးးး
ဘန်ကီမွန်းကိုပတ်ချွဲနှပ်ချွဲလုပ်ရဘူးလေနော့