Saturday, July 11, 2009

အိပ်မက် မိုးတိမ်



ဖမ်းဆုပ်ယူချင်မိပေမဲ့..

အဲဒါက အိပ်မက်တိမ်တွေ….

….

ယုယဖူးချင်တာပေါ့

ရူးမတတ်အချစ်တွေနဲ့

နှလုံးလှတဲ့ချစ်သူကို…

မျက်ဝန်းညိုတွေထဲမှိုင်းညို့

ဒဏ်ရာတချို့နဲ့ ကြေကွဲနေ

ဝမ်းမနည်းပါနဲ့ ချစ်သူရေ….လို့….

သူ့လက်ကလေး ကိုဆုပ်

သူ့ပုခုံးလေးကိုမှီ..

သူ့ကျောလေးသိုင်းဖက်..

ကော်ဖီတစ်ခွက် အတူသောက်

အာရုဏ်အလင်းတွေပဲရောက်တဲ့ မနက်ခင်းတွေသာ

သူ့ဥယျာဉ်ကမ္ဘာလေးထဲ ဖြစ်စေချင်…

ဖန်ဆင်းရှင်ဘ၀ ဖြစ်ပါရလို……

….

….

ခုများတော့လဲ

ရင်တခွင်လုံး ချုံးချုံးချ အလွမ်းတွေနဲ့

တဆစ်ဆစ် နာကျင်ရုံကလွဲ….

......

အော်……ကွယ်……

ဖမ်းဆုပ်ယူချင်မိပေမဲ့..
အဲဒါက အိပ်မက်မိုးတိမ်တွေ…………။



မမသီရိ

15 comments:

http://pyaesonelay.blogspot.com said...

ဖမ်းဆုပ်ယူချင်မိပေမဲ့..

အဲဒါက အိပ်မက်တိမ်တွေ….

မမသီရိရေ...

အလွမ်းတွေနဲ့ ငွေ့ဆိုင်းနေပါလားမမရေ...

နေ့သစ်တွေတိုင်းမှာ လှပပျော်ရွှင်ပါစေဗျာ...

မောင်လေး
ပြည့်စုံ

နဒီမိုးညို said...

အိမ်မက်မိုးတိမ်တဲ့
ခေါင်းစဉ်လေးက..ကဗျာဆန်လိုက်တာ..
အားပေးနေတယ်နော်.
နဒီ..။

Ree Noe Mann said...

ကဗျာလေး ဖတ်ပြီး သူ့ကို သတိရသွားတယ်ဗျာ

လွမ်းသလိုလိုပါပဲဗျာ။

ရီနို( ငယ်ငယ်)

Unknown said...
This comment has been removed by the author.
Yu Ya said...

မမသီရိရေ... ကဗျာထဲမှာ ကျွန်တော်နာမည် ပါနေတယ်နော်။ မူပိုင်ခွင့် တောင်းအုံးလေ... အဟီး...:P

yu ya

မြစ်ကျိုးအင်း said...

ဖမ်းယူဆုပ်ကိုင်လို့မရတဲ့ မိုးတိမ်တွေရယ် တကယ်မဖြစ်နိင်တဲ့ အိမ်မက်ကို ပေါင်းစပ်ထားတဲ့ အလွန်လှပတဲ့ လွမ်းချင်းလေးတခုလို့ မြင်မိတယ်...

...ခင်မင်သောအားဖြင့်...

kaungkinpyar said...

ပျော်အောင်နေပါ ချစ်သူရေ လို့
သူ့လက်ကလေးကို ဆုပ်
သူ့ပခုံးလေးကိုမှီ
သူ့ကျောလေး သိုင်းဖက်
ကော်ဖီတခွက် အတူသောက်....
အင်း လွမ်းတယ် ချစ်မ

ဆောင်းယွန်းလ said...

အော်……ကွယ်……

ဖမ်းဆုပ်ယူချင်မိပေမဲ့..
အဲဒါက အိပ်မက်မိုးတိမ်တွေ…………
ကြေကွဲလွမ်းဆွေးဖွယ်ရာ တေးကဗျာတပုဒ်ပါပဲလားမသီရိရေ
ဖန်ဆင်းရှင်ဘ၀ ဖြစ်ပါရလို....တောင်းတဲ့ဆုပြည့်ဝပါစေ

လင်းဒီပ said...

တခါတလေတော့လည်း
လွမ်းတွေက မိုးတိမ်လိုပဲ ဘယ်ပြေးပြေးမလွတ်
လူကို အုပ်မိုးလို့..။

ဂျစ် said...

သူ့လက်ကလေး ကိုဆုပ်
သူ့ပုခုံးလေးကိုမှီ..
သူ့ကျောလေးသိုင်းဖက်..
ကော်ဖီတစ်ခွက် အတူသောက်
အာရုဏ်အလင်းတွေပဲရောက်တဲ့ မနက်ခင်းတွေသာ
သူ့ဥယျာဉ်ကမ္ဘာလေးထဲ ဖြစ်စေချင်…
ဖန်ဆင်းရှင်ဘ၀ ဖြစ်ပါရလို……..........။

“မမသီရိ အရမ်းလှတဲ့ အသုံးအနှုံးလေးပဲ....ဂျစ်တူး
သဘောကျလိုက်တာ အထူးသဖြင့် ဖန်ဆင်းရှင်ဘဝ
ဖြစ်ချင်တယ် .....ချစ်သူအတွက် ဆိုရင်ပေါ့ ”

လေးစားစွာဖြင့်
ဂျစ်

မီယာ said...

မမ ချစ်သူ ဖြစ်ရတဲ့သူကတော့ အရမ်း အရမ်းကို ကံကောင်းတာပါပဲရှင်...

Nge Naing said...

ကျွန်မက ဘာသာစကားညံ့လို့ ကဗျာတိုင်းကို နားမလည်ဘူး၊ မမသီရိ ကဗျာလေးကို ဖတ်လို့နားလည်တယ်။ သိပ်လည်းကောင်းပါတယ်။ ဒီလို နားလည်တဲ့ ကဗျာတွေကျပြန်တော့လည်း ကဗျာစပ်သူရဲ့ ခံစားမှု အပူတွေကူးစက်တာ သိပ်လွယ်တယ်။
ခင်မင်လျက်
ငယ်နိုင်

မိုးခါး said...

အလွမ်းတွေ အလွမ်းတွေ

အလွမ်းတွေဝေးပြီး ပျော်ရွှင်ချမ်းမြေ့ပါစေနော် ..း)

Anonymous said...

အမရေ တိုက်ဆိုင်လိုက်တာနော်

အကြောင်းအရာခြင်း တူသလိုပါပဲလေ။

ပထမဆုံးတောင်းပန်ပါရစေ ခေါင်းစဉ်လေးကို မရှာမိပဲ ကိုယ်ပေးချင်သလို ပေးခဲ့တဲ့အတွက်ပါ။ အဲ့ဒီအတွက် ခွင့်ပြုပါအမ။ ကျနော်လည်း ဖော်ပြပေးထားပါမယ်။ အခုလို လက်လွတ်စပယ်လုပ်မိတဲ့အတွက် အနူးအညွှတ်တောင်းပန်ပါရစေ....

အမကဗျာလေးကို အဆုံးသတ်လေးမှာ ဖော်ပြခွင့်ပေးပါ။ ကျေးဇူးအထူးနော်အမ...

လေးစားစွာဖြင့်

ရွှေပြည်သူ (ShwePyiThu) said...

အဆုံးသတ်မှာ လှိုက်ကနဲဖြစ်သွားပါတယ်။ သိပ်ကို ဆွတ်ပျံ့လှပတဲ့ ကဗျာလေးတစ်ပုဒ်ပါ အစ်မသီရိ...