Saturday, January 10, 2009

ကျမ ရဲ့ အမေ

ဒီကဗျာလေး.. ဖြစ် တည် ခဲ့ တာ ကြာတော့ ကြာ ခဲ့ပါပြီ..... လွန် ခဲ့ တဲ့ .. ဆယ် စုနှစ် ၂ ခု စာ လောက် တုန်း က... အမေ နဲ့ အလွန် တရာ ဝေး ကွာတဲ့ နေရာ တစ်ခု မှာ ရှိ နေခဲ့ ဖူး တယ်... အကြိမ် ပေါင်း များ စွာ... မေမေ့ အပေါ် စိတ် ကောက် .. ဆိုးခဲ့ ဖူး တယ်.... မိုင် ပေါင်း များစွား ဝေးတဲ့ နေရာ ရောက် နေခဲ့ ခါမှ..
မေမေ့ ကို တမ်းတမ်း တတ လွမ်း ခဲ့ ရတယ်.....မေမေ့ တန် ဖိုး ကို.. နားလည် ခဲ့ ရတယ်....
မေမေ့ ကို ....ပြန် ကြည့် ဘို့  အဆင်ပြေ ပြီ လို့ ထင် ခဲ့ တဲ့ ကာ လ တစ်ခု မှာ တော့....
မေမေ က လူ့ လောက ကြီး က စွန့် ခွာခဲ့ ပြီး ပြီ....... မေမေ့ နောက် ဆုံး အချိန် ကာလတွေ မှာတောင် မေမေ့ အနား ရှိ မနေနိုင်ခဲ့ တဲ့ ..ဘ၀...... မေမေ ဘယ်လောက် များ လွမ်း နေခဲ့ မလဲ ဆိုတာ...
အချိန် တွေ အတော် ကြာ .. နှောင်း ခဲ့ တဲ့ ခါမှ..ပဲ..... မျက်ရည် တွေ နဲ့... တစ်သက် လုံးမခန်း နိုင် မဲ့ မျက် ရည်တွေ နဲ့....
ဒီနေ့... ကိုယ် ရေးချင် တာ ..ရေး လို့ ရတဲ့.... ဘလော့ဂ်လေး ..တစ် ခုကို... ပိုင် ခဲ့ တဲ့ အချိန် မှာ..
အမေ များ နေ့ အမှ တ် တရ အနေ နဲ့..
ကဗျာ ဟောင်း လေး ကို.. ပြန် လည် တူး ဖော် ရင်း... မခန်း သေး တဲ့ မျက် ရည် တွေ နဲ့ .....မေမေ့ ကို..လွမ်း နေ မိပါတယ်......

ကျမ ရဲ့ အမေ

ကျမ ရဲ့ အမေ...
ကျမ ပုခက်တွင်း နေစဉ်က ..
ညင်သာ မြမြ..
သီချင်း လှလှ တွေ...သီဆို ပြလို့..
ကျမ အိပ် ပျော် အောင်..
အမေ စွမ်း ဆောင် ခဲ့ .. တယ်....။

ကျမ ရဲ့ အမေ..
စီးပွားတွေ ..ကျဆင်း လေလဲ..
သမီး အလှ..မျက် နှာ မငယ်စေရ..
သမီး လိုအပ် သမျှ..
အမြဲ ပြည့် စုံ စေခဲ့ .. တယ်....။

ဟင်း မလောက် တဲ့ ထမင်း ၀ိုင်း..
ဆုတ် ဆိုင်း လို့ စား ခဲ့ တဲ့ အမေ...
စာ ကျက် တဲ့ ကျမ အနား...
အိပ် ပျော် မသွား အောင်...စောင့် ခဲ့ တဲ့ အမေ...
သမီး အလှ... ပညာ တတ် မကြီး ဖြစ်ဖို့..
အမေ့ ခွန် အား....
မနား တမ်း စိုက် ခဲ့....

လော ကထဲ ... အမေ မြောက် များ စွာထဲ..
ဂေါ်ကီ ရဲ့ အမေ...
သိန်း ဖေမြင့် ရဲ့ အမေ...
ချစ် စံဝင်း ရဲ့ အမေ....
အမေ...
အမေ...
အမေ...
နာမည် တွေ ...ကမ္ဘာ ကျော်ခဲ့....
အမေ..
အမေ...
အမေ...
ဒီ အမေတွေ ထဲ..
ကျမ ရဲ့ အမေ...
နာမည် မကျော် လေ ပေမဲ့...
....
ခု... မေ့ သမီး လက်ထဲ..
ဖယောင်း ခဲ နဲ့.. ပန်း ဖူး လေးတွေ...
အနာ ဂတ် တိုင်းပြည် မှာ..
အသုံး ၀င်စွာ...ပွင့် ကြ ဘို့...
ပုံ သွင်း ယု ယ..
မေ့ သမီး ...ဆရာမ ဖြစ် ခဲ့ ပြီ...
....
ကဲ...
အမေ့ ရဲ့ ပုခက် လွှဲ ခဲ့တဲ့ လက်..
ကမ္ဘာ တစ်ဖက် ကိုင် လှုပ် နိုင် တော့မကွဲ့ လို့...
ကျမ ပြော ရင်...
ဘယ် သူမှ ...ငြင်း ချင် တော့ မှာ မဟုတ် ပါ ဘူး... မေမေ.....။

မမသီရိ (၁၈.၉.၁၉၉၃)

8 comments:

Anonymous said...

မမသီရိရေ
ကဗျာလေးတွေ လာခံစားသွားတယ်နော်။


ညီမလေး နှင်း

ဖြိုးငယ် said...

ကဗျာလေးက ကောင်းပါတယ်...
အပေါ်က စာကို ဖတ်ပြီးတော့ စိတ်မကောင်းဖြစ်ရပါတယ် အမရေ ...

ခေါင်ခေါင် said...

ရင်နင့်အောင် ခံစားရပါတယ်...အမရယ်...

khin oo may said...

လာလည်ဖတ်ရှူသွားပါသည်.။ ခင်မင်မိပါသည်။

မေ့သမီး said...

လောကမှာရှိတဲ့အမေအားလုံးကိုဒီနေ့မှာဂုဏ်ပြုပါတယ်။ ကဗျာလေးကိုခံစားရင်းနဲ့ လာနှုတ်ဆက်ပါတယ်။ အားပေးတဲ့အတွက်ကျေးဇူးနော်။ ပြိုင်ပွဲဝင်အဆင့်မရောက်သေးပါဘူးမမရယ်။ မူလတန်းအဆင့်ကဗျာများပြိုင်ပွဲဆိုရင်တော့ ပထမရရင်ရနေမှာ။ :P

မမသီရိ said...

ဒီဘလော့ဂ်လေး ..ရှိခဲ့တာ.. ကြာခဲ့ ပြီ
ဖြစ်ပေမဲ့... သိမ်း ထား ဘို့ ပါပဲ..
ခုတော့... အစ်ကို က..အားပေးတာနဲ့..
အမေများ နေ့ မှာ.. ဘလော့ဂိုစဖီးယား ထဲ စလွှတ်လိုက် တာပါ..
ပထမဦး ဆုံး လာလည် ကြတဲ့..
ညီမလေး နှင်း...
မောင်လေး.. ဖြိုး
ညီမ..ခေါင်ခါင်
အစ်မ KOM..( အစ်မကို.. သိနေတာ ချစ် ခင်နေခဲ့ တာ ကြာပါပြီ..)..
ညီမငယ်လေး.. မေ့ သမီး...
အားလုံးပဲ...
ကျေးဇူး အရမ်း တင်ပါတယ်......

ဆောင်းယွန်းလ said...

အမရဲ့ကဗျာလေးကအရမ်းကိုကောင်းပါတယ်အမရေ..
ရင်ထဲထိစီးဆင်းသွားအောင်ကိုခံစားရပါတယ်..
လောကကြီးပေါ်မှာရှိတဲ့အမေတိုင်းကသူတို့သားသမီး
တွေအပေါ်မှာထားရှိတဲ့မေတ္တာတရားကအင်မတန်မှကြီးမားလှပါတယ်လေ..အမရဲ့ကဗျာထဲမှာအမေ့ရဲ့မေတ္တာတရားဘယ်လောက်ထိ
ကြီးမားတယ်ဆိုတာကိုရေးဖွဲ့ထားပုံကပီပြင်လှပါတယ်ဗျာ
ခင်မင်လျက်....

ကြယ်စင်မင်း said...

ကျွန်တော်အခုမှ ဖတ်ရပါတယ်။။ ဘာပဲပြောပြော သက်ရှိထင်ရှား အမေရှိနေတဲ့ သားသမီးတိုင်း အမေကိုရော အဖေ့ကိုပါ လေးစားချစ်ခင် နားလည်နိုင်ကြပါစေဗျာ...

ကျေးဇူးတင်ပါတယ်။။။ ဒီပိုစ့်အတွက် ( ကဗျာ )