Friday, December 05, 2008

နောင်တ မဲ့သော

ပန်းကလေး
အလှမ်းမဝေးပါဘူး...
သခင်
အလိုရှိတယ် ဆိုရင်ဖြင့်..
လှမ်းဆင့်လို့ချွေ
ကမ်းလင့်လို့နေရုံနဲ့
ကြွေပါ့ မယ်..
မောင့်ခြေရင်းမှာ..
ဝပ်စင်းလို့လေ....
.......
မျိုးမမှန်..
ဖိုး မတန်တဲ့ ပန်းရယ်လို့
သခင်..
အထင်တော် လွဲပါနဲ့
..
ချစ်လွန်း လို့ပါ..
...
တစ်သက် တစ်ခါ
ပွင့်လာတဲ့ ချစ်ပန်း..
သခင် မနမ်း..
လက်မကမ်း ချင်လဲ လေ..
ဝေပါရစေ..
ရင်တွင်းမှာ နေပစေပေါ့..
သခင် ရယ်...
လွမ်း တ စွာနဲ့.....။

မမသီရိ

1 comment:

Phyo Maw said...

ဒီ blog ရဲ့ ပထမဆုံး ကဗျာထင်တယ် :D
ဒါကြောင့် ခံစားချက်တွေ ပြည့်လို့ စာသားတွေ နုလှနေလေရဲ့...။