Friday, January 16, 2009

ကျောင်းတော်သာ


အရှေ့တံခါး...သော့ခတ်ထား တယ်..
လယ်ကွင်းစပ် က ကျောင်း ကလေး...
နောက်ဖက် ဟင်းလင်း..ညှင်းညှင်း ပြိုကျ..
ထရံစတွေ..ဟိုထိုး ဒီ ထောင်..
အလင်းရောင်တော့ ..ကောင်းကောင်း ရတယ်..
ကြည့် ကြည့်ပြီးတော့ ပြုံး မိသေး......။

နှပ်ချေး တွဲလောင်း.. ညစ်ပတ်ကောင်းတဲ့.
လေးငါး ခြောက်နှစ်..ကိုးနှစ် အရွယ်..
လူ မမယ် တွေ...
ဝလုံး တန်း နဲ့ ..တစ် တန်း လောက် မှာ ..ပြွတ် သိပ်နေ......။

နှစ်တန်း.. သုံး တန်း.. လေးတန်း ..မှာဆို..
ကျောင်းသား ဦး ရေ... တစ္ဆေ ခြောက် လောက်..
ဆရာတွေ တော့ ..သက်သာရော........။

ဘာ့ကြောင့် ခုလို...
စမ်းလို့ မရ...ဖြစ်ကြတာလဲ....
စုံစမ်း ..စပ်စု ကြည့် မိတော့...
၁၃ -- ၄ --နှစ် ..အရွယ်သစ်မှာ..
အိမ်ထောင် ကျသွား လို့ ပါ....တဲ့..................။

ဒေသ ဖွံ့ဖြိုး ...တိုးတက်မှုတွေ....
နှစ်ကမ္ဘာ လောက်...နောက် ကျနေတဲ့..
တိုင်းရင်းသားတွေ....အမြင် ရှည် ဖို့..
ကြိုးပမ်း စို့ လို့...
ဟစ်ကြွေး ဆုံးဖြတ်..အဝေး ရပ်က လာခဲ့ တဲ့ သူ..
ကူ ညီ လူ... မရှိ..... ငုံး တိတိ....
အလေး အနက် မထား တာ....
သဘာ ၀ ဖြစ် သွား ပြီ ထင် ရဲ့....
အပြစ်တွေ ...ရမယ် ဖွဲ့......
ဘယ်သူ့ ဖက် ...လှည့် ရပါ့......
ရင် နာနာ နဲ့.....
ပြန် တာပဲ... ကောင်းလေ.. မလား ရယ်လို့.........။

မမသီရိ....(၁၂.၁၂. ၁၉၈၉)

.............................................................................................
လွန်ခဲ့တဲ့..နှစ်ပေါင်း ၂၀.နီးပါး..... အရွယ်က ၂၀ စွန်းစ... ကောင်မလေး တစ်ယောက် ....ရှိခဲ့ ဖူးတယ်.... သူ့မှာ..စိတ်ကူးတောင်ပံတွေ က..မိုးလောက်ထိ မြင့်..... လွတ်လပ်ခွင့်..ဆိုတာ မြတ်နိုး.....တိုးတက်ရေး ဆိုတဲ့ စကားတွေ..လှိုင် လှိုင်ပြောလို့.....မွေး ရပ်နဲ့.. မိုင်ပေါင်း များစွာ... ဝေးကွာတဲ့ ..အင်မတန်မှ..ဂျောင် ကျ ခေါင် သီလွန်း တဲ့.. အရပ်ဒေသ တစ်ခု ဆီ မှာ ရှိနေခဲ့ ဖူး ပါတယ်...... အဲဒီ အရပ်ဒေသ ကို ရောက် ဖို့.. လေယာဉ် ခရီး.. က တစ်သွယ်... သင်္ဘော..စီးလို့ တစ်မျိုး.... ကားလေး နဲ့ တစ်ဖုံ... ဒေသ အခေါ်.. သဗ္မာန်လို့ ခေါ်တဲ့.. လှေ အိပဲ့ပဲ့ ကို.. စီးလို့..တစ်ခရီး......တစ်ဆင့်ပြီး တစ်ဆင့်သွား ခဲ့ ရတာပါ......


ကိုယ့် ကို ကိုယ် သတ္တိကောင်းလွန်းသူ ရယ် လို့ တော့ အမွှမ်း မတင်ချင်ပေမဲ့... တော်ရုံ ..မိန်းကလေး တစ်ယောက်...အတွက် တော့... သိပ်မလွယ် တဲ့ ခရီး ပါ ပဲ........

ကျမ ဘ၀ရဲ့... အစပထမ...ဘ၀ ခရီး ဆို လဲ မှား မယ် မထင်ပါဘူး.....အဲဒီက အစ ပြုလို့...ဘ၀ ပင်လယ်ထဲ မျောခဲ့ တော့ တာ.....

..........................................................................


မြို့ နယ်ပညာရေးမှူး ရုံးမှာ..ခန့်စာ ၀င်ယူပြီးတော့... တာဝန်ကျတဲ့ ..ရွာကလေး ကို ရောက်ဖို့ အတွက်..... သဘောင်္ ခရီး တစ်ခု ထပ်စီး ပြီး ...နောက် တစ်မြို့ ဆီမှာ... တစ်ည...တစ်ထောက်နား ရပါသေး တယ်... ..အဲဒီကမှ တစ်ဆင့်... လှုပ်လီ လှုပ်လဲ့ ..မြုပ် ချင်သယောင် နစ်နေတဲ့...သဗ္ဗာန်လေး...လေး စီးပြီး... မြစ်ပြင် ကျယ် တစ်ခု ကို..ပြန် ဖြတ်ရတာ ပါ.... ရေကူး မတတ်သူ ကျမ အတွက်တော့....ဘာဖြစ်နေခဲ့ မလဲ.ဆိုတာ. ခု ပြန်စဉ်းစား ရင် တောင် ..... ရင် က ထိတ်နေသေး တာ ပါ....မြစ် ကလဲ... မြစ် အ၀ မှာ ဆိုတော့.. လှိုင်းတွေ က အမြဲ လိုလို.. ရှိနေခဲ့ တယ်......ရွက်လဲ ကူ တက်လဲ ကူ ..တဲ့.. သဗ္ဗာန်လေး ကို.. ၁ နာရီ နီးပါးလောက် စီးပြီးတဲ့..အဆုံးမှာ တော့... ရေကျချိန် မို့... ကိုက် ၁၀၀ လောက် ရှိတဲ့ နုံး လတာပြင်ကို..ကြည့်ပြီး..မျက်ရည်ကျခဲ့ ရတဲ့..ကာလ တစ်ခု..... ဆရာမအသစ် ပေါက်စလေး..ကို.. ၀ိုင်းသနားနေကြတဲ့..သူ့စကား ကိုယ် နားမလည်.. ကိုယ့်စကား သူတို့ နားမလည်..ကြတဲ့.. ရွာသူ ရွာသား ခရီးသွားဖော် တစ်ချို့..ရဲ့ ကြင် နာတဲ့ မျက်ဝန်းတွေ အောက်မှာ... တစ်ဖက်တစ်ယောက် ၀ိုင်းဝန်း တွဲကူ ရင်းနဲ့... ဆိပ်ကမ်း တာရိုးကို တစ်ထောက် ရောက်ခဲ့........မဆုံးသေးဘူး ..နော် ခရီး..က................. ဆည်ပိတ်ထားတဲ့ ..ချောင်ရိုးလေး တစ်လျှောက်...နောက် ထပ် ၁ နာရီကျော် လောက်..ကနူးလှေကလေး ကို.. ထပ်စီးရသေး တာကိုး.....ရွာ..ရောက်တော့ မိုး စုပ်စုပ် ချုပ် ခဲ့ပြီ.......ရာသီက..ဆောင်း အလယ် ..... တစ်ညလုံး ..အငြိုးနဲ့ တိုက် နေတဲ့... မြောက်လေ ကြမ်း ကြောင့် အေးစိမ့် တဲ့ ဒဏ် ကိုလဲ.. ခု ထိ မမေ့နိုင် သေး............

နောက်နေ့မနက်ကျတော့.. အသစ်ရောက်လာတဲ့ ဆရာမလေး ကို....လာကြည့်ကြတဲ့ တပည့် တွေ...အိမ်ရှေ့မှာ ..အုပ်စု လိုက် ရှိနေခဲ့ တယ်...... အမြဲ လိုလို ကျောင်းတက်မမှန်တဲ့...တခြား ရွာတစ်ရွာမှာ..မိသားစု နဲ့ နေတဲ့..ကျောင်း အုပ်ဆရာကြီး လဲ ပဲ....အဲဒီ နေ့ မှာတော့.. နေသိပ်မမြင့် ခင် ရောက်လာပါ တယ်......

............................

ကလေးတွေ တစ်အုပ်ကြီး ခြံ ရံလို့..ရွာပြင် ကွင်းစပ် က ကျောင်းလေးနား ကို ရောက်တော့....အင်း... သိပ် မဆိုး ဘူး... ကျောင်းလေးက.. သွပ်မိုး..နဲ့... အရှေ့ဖက်က... သော့ခလောက်လေး ခပ်လို့........ဆရာကြီး သော့ ဖွင့်ပေးတဲ့ တံခါးမကြီး..က............ကျောင်းတွင်းထဲ ၀င် လိုက် တဲ့ အခါ မှာတော့..........

ကျမရဲ့ ကဗျာလေးကို မွေးဖွားစေခဲ့ တဲ့...ကျောင်းလေးရဲ့ ဘ၀ မှန် ကို မြင်လိုက်ရပါတော့ တယ်........
.......................................................................

ဓါတ်ပုံ ဆရာ တစ်ယောက် မျက်စိလည် လမ်းမှားပြီး ရောက်လာတဲ့ တစ်နေ့မှာ... ကျမရဲ့ ပထမ ဦး ဆုံး တပည့်တွေ နဲ့ အတူ...ကျမရေးထား တဲ့ ကဗျာလေး အတွက်..မှတ်တမ်းတင် ဓါတ်ပုံလေး ကို..ရိုက်ဖြစ်ခဲ့ ပါတယ်.... ကျောင်းရှေ့ဖက် က...မရိုက်ပဲ ...စုတ်ပြတ်နေတဲ့ ကျောင်းနောက်ဖက်မှာ..သွား ရိုက်တော့...တပည့်တွေက..မျက်နှာ မလှ ချင်ကြ...ဆရာမကလဲ...ဒီလောက် ဆိုးတဲ့ နေရာကိုမှရွေးရိုက် ရသလား တဲ့.......

........................

တိုင်းရင်းသား ပြည်သူ တစ်ရပ်..လုံး အောက်ခြေ အဆင့် က စပြီး တိုးတက်မှ..... တစ်နိုင်ငံ လုံး..တိုးတက်နိုင်မယ် လို့..ယုံ ကြည်ခဲ့ ပြီး...... ကိုယ် တတ်နိုင်တဲ့ ဖက် က...တစ်ထောင့် တစ်နေရာ က..တစ်ခုခု လုပ် ချင် ခဲ့ တဲ့.....လူငယ် ဘ၀..ကျမရဲ့.. ရည်ရွယ်ချက်တွေ ဟာ..အဲဒီ အချိန် တုန်းက ..lack of support, lack of effective assistance, lack of proper planning & proper management တွေ.. ရွှံ့ဗွက်တွေ.. အထီးကျန် ဆန်မှုတွေ.....နဲ့.... အိမ်သာ မရှိတဲ့...လူနေမှု ဘ၀ တစ်ခု အတွင်းမှာ.........ကဗျာတွေ... တစ်ပုဒ်ပြီး တစ်ပုဒ် မွေးဖွားရင်း.....ကာလအတန် ကြာ ခဲ့တယ်.....တစ်တပ်တစ်အား ဆိုတဲ့ အယူအဆ ကို.. ခုထိ ယုံကြည်ဆဲ ပေမဲ့....အဲဒီ တစ်တပ်တစ်အား.. အတွက် တွန်းအား နဲ့ ပံ့ပိးု မှုတွေ..ရှိပါမှ.... ဆိုတာ ကို.... အချိန်ကာလ အတော်ကြာမှ.... ပိုပြီး သဘောပေါက် ခဲ့ ရတာပါ..........

.................................

ဒီပို့စ်လေး ရေးဖို့ စိတ်ကူး ရမိတာက...တော့. Community Development & Social Management ကိုစိတ်ဝင်စား တယ် လို့ ခဏခဏ ပြောတတ်တဲ့..Information Technology ကြောင့် ..ရခဲ့တဲ့ ..ကျမရဲ့ သားတော်မောင် Wara .....ကျမရဲ့ ..Blog လေးကို ပထမဆုံး ကာလတွေမှာ လာလည်တဲ့...မဖွံ့ဖြိုးသေးတဲ့ ဒေသမှာ ကျောင်းဆရာ လေး လုပ်ချင်တယ် လို့.. သူ့ ရဲ့ profile လေးမှာ ရေးထားတဲ့.. မောင်ငယ် စိုးသွန်း (ဆိုးသွမ်း... လို့ မခေါ်ချင်လို့ ပါ မောင်လေး ရေ.... ပညတ်သွားရာ.. ဓါတ်သက် ပါသတဲ့..... သဘောတူရဲ့ လားတော့ မသိဘူး....း)........နဲ့... ဖွံ့ဖြိုးရေး ဆိုတာ ကို စိတ်ဝင် စား တဲ့ လူငယ် တွေ အတွက်..ပါ.......လွန်ခဲ့တဲ့ နှစ်ပါင်း ၂၀ မှ သည်...ခုလက်ရှိ ကာလ ထိ... ....ဒီအနေ အထား အတိုင်း ပဲ ရှိနေတဲ့..... မဖွံ့ ဖြိုးသေးတဲ့ ဒေသ တွေ.. မြန်မာနိုင်ငံ တနံတလျား ..အများ ကြီးရှိနေပါတယ်.......

8 comments:

အောင်သာငယ် said...

စိတ်မကောင်းစရာ အဖြစ်အပျက်တွေဟာ ဗမာနိုင်ငံရဲ့ ထောင့်ကြားတွေတိုင်းမှာ ရှိနေခဲ့တယ်။ တချို့တွေလည်း လူသိ သူသိ... တချို့လည်း လူမသိ သူမသိ...။

ဘာပဲဖြစ်ဖြစ် စေတနာတွေကတော့ ဘယ်တော့မှ အလဟသ မဖြစ်တတ်ပါဘူးလေ။
တနေ့နေ့ကိုပဲ အားတင်း မျှော်လင့်ကြရမှာပဲလေ...

ဆောင်းယွန်းလ said...

ရင်နဲ့မမျှတဲ့ခံစားမှုတွေတသီကြီးတန်းစီပြီးရလိုက်သလိုဘဲ..ဟုတ်တယ်ဗမာပြည်ရဲ့အခြေအနေကပိုတောင်ဆိုး
လာသေးတာ..အနာဂတ်တွေမဲ့မဲ့လာတဲ့ခလေးတွေရဲ့
မျက်နှာတွေကိုကြည့်ရမှာသနားတာထက်ကိုယ့်ကိုကိုယ်
ပိုရှက်လာသလိုခံစားရတယ်.ကိုယ်ယူခဲ့တဲ့တာဝန်ကိုကိုယ်တိုင်အဆုံးမသတ်နိုင်လို့ပါ.
မသီရိရဲ့စေတနာတွေကမသီရိကိုအကျိုးပေးမှာပါ..
ခင်မင်လျက်

Craton said...

မမသီရိစိတ်ဓာတ်ကို လေးစားလိုက်တာ...
သားလည်းအခွင့်အရေးများရှိခဲ့ရင် သူတို့လေးတွေကို တစ်တပ်တစ်အား
ပညာတွေဝေငှချင်ပါတယ်..။

မောင်မျိုး said...

အရမ်းလေးစား သွားပြီး မမ ရေ့ မြန်မာပြည်ရဲ့ ပုံရိပ်လေးတွေလည်း ပြန်မြင်မိတယ် ပြီးတော့ ပညာရေးဖြင့် ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံသစ်ရဲ့ အစပျိုးမယ့်နေရာလေးက စိတ်မကောင်းစရာ ။
ဝေမျှပေးတာ ကျေးဇူးပါ ကိုယ်တွေ့လေးမို့ဖတ်ရတာ ပိုကောင်းတယ် ။

Anonymous said...

ငါ့အစ်မက နာမည်တောင် ပြောင်းလိုက်သေးတယ်။ ဘယ်လိုပဲ ဆိုး ၊ စိုး စိတ်ထဲ ရှိဖို့ပဲ အရေးကြီးတယ် မဟုတ်လား။

အစ်မပြောသလိုပါပဲ။ ခေတ်စကားနဲ့ဆို စပွန်ဆာ လိုတယ်။ နောက်ခံအားပေးမှု မရှိဘဲ
ရုန်းကန်ရတာ ခရီးမရောက်နိင်ဘူး ဖြစ်ရတယ်။

ဆရာမကိုတော့ လေးစားပါတယ်။ ကျွန်တော်က ကျောင်းဆရာ အစစ်မဖြစ်ခဲ့တော့ နည်းနည်းတော့ ရှက်သား။ နောက်မှ ပို့စ်မှာ တင်ဦးမယ်။ :)

ဆိုးသွမ်း ( စိုးသွန်း )

လင်းဒီပ said...

ဟုတ်တယ်အစ်မရေ..
ကျွန်တော်တို့ညီအစ်ကိုမောင်နှမတွေ
အစစအရာရာ ဖွံ့ဖြိုးတိုးတက်လာဖို့က အားလုံးရဲ့တာဝန်ပဲလေ..
နိုင်စွမ်းသလို လုပ်ကြရမှာပ

ခေါင်ခေါင် said...

ဝေးလံခေါင်ဖျားတဲ့ အရပ်က အသက် ၂၀ အရွယ် ..ရဲရင့်တဲ့ ဆရာမလေး တစ်ယောက်ရဲ့ပုံကို မျက်လုံးထဲမှာ မြင်နေမိပါတယ်...

ကဗျာလေးကတော့ ရင်နင့်စရာကောင်းတယ်....

အပေါ်က အစ်ကိုတွေ ပြောသလိုပါပဲ....
ဖွံဖြိုးတိုးတက်လာဖို့ကတော့ အားလုံးမှာတာဝန်ရှိတယ်..

မမသီရိ said...

အစ်ကို....ကိုဆောင်းယွန်းလ..မောင်လေး.Craton..မောင်လေးမျိုး.. မောင်ငယ် စိုးသွန်း.. ကို လင်းဒီပ..
ညီမလေးခေါင်.... အားလုံး ဖတ်ပြီး အားပေးသွား တာ ကျေဇူး ပါ......