Monday, January 19, 2009

ခေါ်သွားချင်တဲ့ နေရာတွေ..



ဆိပ်ကမ်းကို ကားရပ်တော့..မနက် ၆ နာရီထိုးခါနီးနေပြီ....အစတုန်းက အစီအစဉ် အတိုင်း ဆို..၅း၃၀ မှာ ဆိပ်ကမ်း က ခွာ ကြဘို့ ဖြစ်ပေမဲ့... ထုံးစံ အတိုင်း...လူစုရင်း..လူစောင့်ရင်း...အချိန်တွေ ကကြာ..ခဲ့ ပါသည်။ ဒီခရီး ကို သွားကြရအောင်လို့ စပြော လာသူ က သူတို့ ရဲ့ ဆရာ ဖြစ်ပါသည်။ ... ဆရာက သူ ဒီဒေသ ရောက်တာပဲ.. ၅ နှစ် ရှိခဲ့ ပြီ...ဒီဒေသ ရဲ့.. အထင်ကရ ရှေး ဟောင်း မြို့တော်ကို.. မရောက်ဖူး သေးတာမို့..သွားချင်ပါ တယ်..၀န်ထမ်းတွေ အားလုံး သွား ကြ ရအောင် စီစဉ် ပါ ဆို တာနဲ့... အလုပ်တွေ ရှုပ်ကြတဲ့ ကြား ထဲ ကပဲ..မဖြစ်..ဖြစ် အောင် စီစဉ် ခဲ့ ကြရတာပါ...။ ရုံး ပိတ်ရက် .. ၃ ရက် လောက် ဆက် တိုက်ရတာလဲ ပါ ပါ သည်။ တကယ် သွားဖို့ ဖြစ်လာတော့... ၀န်ထမ်းတွေ အားလုံးမပါ နိုင် တော့....။ ....ရုံးဝန်ထမ်း ၁၅ ယောက်၊ တစ်ချို့ ၀န်ထမ်း မိသားစု ၀င် အချို့နဲ့... အခြားရုံးက မိတ် ဆွေ တွေ တစ်ချို့ ပါ ပေါင်း လိုက် တော့ အင်အား.. ၂၀ ကျော် ၃၀ နား ကပ် သွား ခဲ့ သဖြင့် အုပ်စု အင်အား တောင့် ပါသည်။... လူတွေ အားလုးံ စုံ လို့ အဆင်သင့် ဖြစ်ပါ ပြီ ဆိုတော့... မနက် ၇ နာရီ ထိုး ပြီ...။
စုစုပေါင်း.. ဘုတ်မောင်း ချိန် ၁၀ နာရီ ကျော်ကျော် လောက် မှန်းထားတာမို့... ဘုတ်ပေါ် မှာ..မပျင်း ကြရ အောင်...အစား အသောက် မျိုး စုံ..(အရက် မပါ ပါ..) အင်တာတိန်း မင့်တွေ..အမျိုး မျိုး စီစဉ်လာခဲ့ ကြ သည်...။ တီဗွီ.. ဒီဗွီဒီ အောက်စက်..... ကာရာ အို ကေ...ဆောင်းဘော့ခ်စ်....ဖဲဝိုင်း...နောက် ဘာ ကစား ၀ိုင်း လေး လဲ မသိတဲ့ အဖွဲ့ လေးတွေ.. ကိုယ့် အဖွဲ့ နဲ့ ကိုယ်..... ဟုတ်နေကြတော့ သည်...။..
ဆရာ...သူမ နဲ့... ကပ်ရက် ရုံး က..ဂျပန်မလေး ကတော့...ထုံးစံ အတိုင်း...တွေ့သမျှ... မြင် သမျှ... ဓါတ်ပုံ ဖမ်း ရိုက် ကြ တာပေါ့...။ သူ မတို့ ၃ ယောက်လုံးက..ရုံးမှာ.. နာမည် ကြီး ပြီးသားတွေ လေ..။........(စိတ်ပုပ်တဲ့..း)....) ဒရိုင်ဘာ တစ်ချို့ ဆို... သူမတို့ နဲ့ Field မဆင်း ချင်ပါဘူး ရယ် လို့..နောက်မှာ အတင်းတုပ် ကြတာ.....။ ဟိုအနား လေး... ကား ရပ်ပါအုံး.... ဒီ အနား လေး ...ခဏ ရပ် ပါ အုံး နဲ့ ....ဓါတ်ပုံ တွေ စွတ်ရိုက်နေတော့....ခရီး မှ မတွင် တာကိုး.....း).....ခု ဘုတ်နဲ့ ဆိုတော့..ဘယ်သူ့မှ မျက်နှာပူစရာမလို တော့......။
........................................................................................
..............................................................................................................................
အမှန်တော့...ဒီမြေ က....လွန်ခဲ့ တဲ့... ဆယ်စုနှစ် ၂ ခုနီးပါး စာ ကာလ တစ်ခု ဆီ တုန်းက....အချိန် ကာ လ အတော်ကြာ...သူ မ ကျင်လည် ဖူး ခဲ့တဲ့... နေရာ လေး တစ်ခု ပါ......။ ဘ၀ မှာ ကိုယ့်ခြေထောက် ပေါ်..ကိုယ် ပထမ ဦးဆုံး ရပ်ခဲ့ တဲ့ နေရာ..... ဘ၀ က ဂျွမ်းထိုး မှောက် ခုံ ဖြစ်ခဲ့ ပြီး.....ခု ချိန် ထိ လဲ...အဲဒီ ဒဏ်ရာတွေ အကျိုး ဆက်တွေ..နဲ့.....ထွေးလုံးရစ် ပတ်ဆဲ....ဖြစ်စေခဲ့ တဲ့...နေရာ လေး ပါ...ဒီ ၁၅ နှစ် ကျော် ကာလ တစ်ခု မှာ ဘာတွေ များ ပြောင်း လဲ နေမလဲ ရယ် လို့...ရှည် လျား လှ တဲ့... ခရီး စဉ် တစ်လျှောက် မှာ... အချိန်ရ တိုင်း....စဉ်းစား နေခဲ့ မိပါ သည်.....။
သူမ နေခဲ့ တဲ့ ...ကာ လတစ်လျှောက် မှာ.. လဲ..ဒီဒေသ ရဲ့...ကာလ တိုင်းကို.. နှစ်သက်ခဲ့ တာပါ.....အထူး သဖြင့် ဆောင်းရာသီ ကာ လတွေ ကို..သူမ သဘော အကျဆုံး.....နှင်းငွေ့ တွေ... မြူ ငွေ့တွေ.. နဲ့ အမြဲ အုံ့ မှိုင်း ပြီး.. လွမ်း စရာကောင်းလှတဲ့..ဒီမြေ..ကို.......(ဒဏ်ရာတွေ ရစေခဲ့ တဲ့ တစ်ချက် ကလွဲ လို့)....သူမ မြတ်နိုးပါ သည်.....။
.......................................................................................................................
လမ်း တစ်လျှောက် မှာ... ထူးခြားတာက... ဆောင်းခို ငှက်တွေ... တစ်ကောင်တစ်လေမှ ကို... မတွေ့ ရတာပါ ပဲ.... ဟို အရင် တုန်း က ဆို....ဒီက ဆောင်း ကာ လမှာ... ဆိုက်ဘေးရီးယန်း ငန်းတွေ ရယ် လို့ နာမည် ကျော် တဲ့.... မိုင်ပေါင်းသောင်းချီ ခရီး ကနေ.. ဆောင်းခို ဘို့ ရာရောက်လာတဲ့..ငှက်တွေ က... မြစ်ကြော တစ်လျောက် ဘယ်နေရာ ကြည့်ကြည့်... အပြည့် ပါ......။ ခုတော့.. ဒေသ ခံ ငှက်ကလေးတွေ... စင်ရော်လေး တွေ ကလွဲ လို့.... မမြင် မိခဲ့.....။
..............................................................................................................................
....သူမတို့ ရဲ့... ဘုတ်ကလေး.... မြို့ ကို ၀င် တော့...ညနေ ဆည်းဆာ ရဲ့ အလှဆုံး အချိန် ဖြစ်နေခဲ့ ပြီ..... လမ်းဘေး ၀ဲယာ တစ်လျှောက် မှာ တွေ့ ရတဲ့.. ရွာကလေး တွေ... ရှု ခင်းတွေ....ပြီးတော့..တစ်မြို့လုံး လိုလို ရဲ့ မြင်ကွင်းတွေက.....ကုန်လွန်ခဲ့ သော..ကာလတွေ နဲ့... ဘာမှ ထူး မခြား နား..... မြစ်ကမ်းနားက တဲ ကုပ်ကုပ် စုတ်စုတ်လေးတွေ.... ဖြတ်သွား တဲ့... ဘုတ်တွေ..ကို.. လက် ဝှေ့ ရမ်း ပြနေတဲ့.... ကလေးလေး တွေ...က..ဟို အရင်ကအတိုင်း... ထူးခြားမှု တစ်ခုကတော့.... မြို့တွင်း နဲ့ အနီးအနား တစ်ဝိုက် မှာ.. အဆင့်မြင့် ဟိုတယ်တွေ..တည်းခို ခန်းတွေ..ရှိလာတာ ဖြစ်ပြီးတော့ ....ကမ္ဘာလှည့် ခရီးသည်နိုင်ငံ ခြားသားတွေ က..စက်ဘီးလေးတွေ နဲ့.... ဖုန်ထူထူ လမ်းလေးတွေ ပေါ်မှာ..။ ......၁၉၈၈ မတိုင်ခင် တုန်း က...မြန်မာ့ အရေး လေ့လာသူ တစ်ဦးဖြစ်တဲ့...ဒေါက်တာ ရောဘတ်တိုင်လာ... (ကျမ သိပ်မသေချာတော့ပါ...အမှန်သိသူများကျေးဇူးပြီး..ပြင် ပေး ကြပါ...)... က ...တစ်ကယ်တော့ မြန်မာပြည် ဟာ...တိုးတက်နေတဲ့ ကမ္ဘာကြီး ကို...သစ်ပင်ရိပ်လေး တစ်နေရာကနေ.. ကောင်းကင်မှာ ပျံသန်းသွားတဲ့ လေယာဉ်တစ်စီး ကို..ငြိမ်ငြိမ် လေး..ထိုင်ကြည့် နေတဲ့... ကလေးလေး တစ်ယောက် လိုပါ ပဲ......တိုးတက်ရကောင်း မှန်းမသိတဲ့... ချစ်စရာ ဓလေ့ထုံးတမ်း စဉ်လာတွေ နဲ့.. နစ်မျောနေတဲ့ နိုင်ငံ တစ်ခု ရယ် လို့...ဝေဖန်ခဲ့ ဖူး တာ ..သွား အမှတ်ရမိပါတယ်.....။ ခုချိန် ထိ ပဲ ပေါ့...။
.................................................................................
.........................................................................................................
ဒီခရီးစဉ်လေးက တော့... ကျမ ရောက်ဖူးချင်တယ် ...ဆိုလို့...။..ဓါတ်ပုံဝါသနာပါသူ..ကျမရဲ့..မိတ်ဆွေဟောင်းလေး... တစ်ယောက် က..သူ့ဆီ ရှိနေတဲ့ ပုံလေးတွေ ပို့ပေး လိုက် တာနဲ့...သူရေးလာတဲ့..မေးလ် ကို ဖတ်... အဲဒီ .. ဓါတ်ပုံတွေ ကို ကြည့် ပြီး...စိတ်ကူးနဲ့... ရူး မိလိုက်တာပါ.........................။
....................................................................................................................
.............တစ်နေ့နေ့... .........
အဲ ဒီ... တစ်နေ့နေ့... ဆိုတာ...ရှိခဲ့ ရင်.....
ကျမ ချစ်တဲ့ သူတွေ နဲ့..... အတူတကွ...သွား ချင် တဲ့ နေရာလေး တွေ...ပါ...
ကျမ ရဲ့ ချစ်သူတွေ ကို ကျမ...ခေါ်သွားချင် တဲ့ နေရာလေးတွေ ကို...ဝေမျှပေးလိုက်ပါ တယ်......။



မြစ်အတွင်း က ဆည်း ဆာ ချိန်.......



ပျင်းရိနေတဲ့...ဗျိုင်းလေးတွေ................။



တိတ်ဆိတ်နေတဲ့...လမ်းကလေး.......။


လွမ်းစရာ့.....မနက်ခင်း.........။


အတူခံစားချင် မိတဲ့...နေ၀င်ချိန်...............။

ရှုခင်း လှလှ.....။


...နာမည်ကြီး...ပုထိုးတော်.......။


မြူငွေ့ တွေ ကြားမှာ.........။


တိတ်ဆိတ်နေတဲ့...မနက်ခင်း ထဲ.....။


ရှေးဟောင်း...ဆင်းတုတွေ..........။


အထင်ကရ...ပုထိုးတော်ကြီး..........။


လူငယ် ဘာ ၀..............။


လွမ်းစေတီ........။


အတူလျှောက်ချင်တဲ့ လမ်း ကလေး..........။


.......ရှေး လက်ရာ.....။


အနှစ် ၂၀ ပေမဲ့..ဘာမှ မပြောင်းလဲ ပါ.....။


သူတို့..ဘယ်ကို သွား ကြ ပါလိမ့်.........။


မရိုး နိုင် တဲ့ မြင်ကွင်း..........။


ဒီ ကန်ကြီး ထဲ မှာ တော့...ဆောင်းခိုငှက်တွေ ရှိနေတယ်... တော် သေးတာပေါ့......။


ခုထိ အသုံး ၀င်ဆဲ..... ရေယာဉ်ငယ်......။

မြစ်တစ်ကြော က...ငှက်လေး တွေ.........။

မမသီရိ

15 comments:

လင်းဒီပ said...

အစ်မရေ တန်ဖိုကြီးတဲ့ဓာတ်ပုံဆောင်းပါးလေးပါ။ ဓာတ်ပုံလေးတွေ သိမ်းထားလိုက်တယ်။
ကျွန်တော်ကတော့ အဲဒိအလှတွေ အဲဒိဘဝတွေကို အမြဲတမ်းဖိုးထား ..
မြန်မာလို့ပြောရတာ ကျေနပ်နေတဲ့ကောင်ပါ။

တစ်ကယ်တော့ မြန်မာပြည် ဟာ...တိုးတက်နေတဲ့ ကမ္ဘာကြီး ကို...သစ်ပင်ရိပ်လေး တစ်နေရာကနေ.. ကောင်းကင်မှာ ပျံသန်းသွားတဲ့ လေယာဉ်တစ်စီး ကို..ငြိမ်ငြိမ် လေး..ထိုင်ကြည့် နေတဲ့... ကလေးလေး တစ်ယောက် လိုပါ ပဲ......တိုးတက်ရကောင်း မှန် မသိတဲ့... ချစ်စရာ ဓလေ့ထုံးတမ်း စဉ်လာတွေ နဲ့.. နစ်မျောနေတဲ့ နိုင်ငံ တစ်ခု ရယ် လို့...ဝေဖန်ခဲ့ ဖူး တာ ..သွား အမှတ်ရမိပါတယ်..

ဒီစကားက အမှန်ပဲ..
ကျွန်တော်က တိုးလည်းတိုးတက်ချင်တယ်..
Culture ကိုလည်းထိန်းထားချင်တယ်..

ခင်မင်စွာ
လင်းဒီပ

ဆိုးသွမ်း said...

ဓါတ်ပုံတွေ အကုန်မသွားတယ် ဆရာမရေ။
ရှိသေးရင် ကျေးလတ်က ပုံလေးတွေ
များများတင်ပေးစေချင်ပါတယ်။

အခုက ဂူဂယ်ထဲ မြန်မာဆိုပြီး ဓါတ်ပုံရှာလိုက်တိုင်း နာဂစ်နဲ့ .....တွေပဲ ထွက်ထွက်လာတယ်။ ဆိုးပါ့

khin oo may said...

တို့ကတော့ကြည့်ဘဲကြည့်သွားတယ်။

Anonymous said...

မမရဲ့ ပို့စ်လေးကိုဖတ် ဓာတ်ပုံလေးကိုကြည့်ပြီး ကော့မန့်ရေးမယ်လုပ်တော့ ကိုလင်းဒီပ ပြောသွားတာလေး သဘောကျလိုက်တာ ။ တိုးတက်လာတာနဲ့အမျှ ယဉ်ကျေးမှုလေးတွေလည်းနည်းပါသွားမလားး
မြင်ကွင်းလေးတွေကိုတော့ မြန်မာ့ဓလေ့မို့ ချစ်မိတာ အမှန် ။ ကျေးဇူးဗျာ အရမ်းတန်ဖိုးရှိတာပဲ ။

Moe Cho Thinn said...

ခေါ်ချင်တဲ့သူကလဲ ခေါ်ချင်သလို လိုက်ချင်တဲ့သူကလဲ ကြည်ကြည်နူးနူးကို လိုက်လာခဲ့ပါတယ်။ သဘာဝအလှတွေကို အမိဖမ်းနိုင်တဲ့ ဓာတ်ပုံတွေကတော့ အပျံစားပါပဲ။ လွမ်းစေတီမှာ ခုလို ကိုယ့်ပြည်ကိုယ့်မြေကို လွမ်းမနေရတဲ့သူ ဖြစ်ပါစေလို့ ဆုတောင်းမယ်။

ဆောင်းယွန်းလ said...

ဓာတ်ပုံလေးတွေဘဲကြည့်ပြီးလွမ်းနေရတဲ့ဘဝမို့ဓာတ်ပုံ
တွေယူသွားပါရစေမသီရိရေ...
စိတ်ကူးထဲကနေအရောက်ပါအောင်ခေါ်သွားနိုင်တဲ့မသီရိ
ကိုကျေးဇူးတင်ပါတယ်ဗျာ...
နှစ်တွေဘယ်လောက်ဟောင်းဟောင်းမပြောင်းနိုင်တဲ့
မြင်ကွင်းလေးတွေပါဘဲလား...........

မီယာ said...

အမရေ မြောက်ဦးလား။ မရောက်ဖူးလိုက်ဘူး။ လွမ်းဖို့ကောင်းတယ်။ ဓါတ်ပုံတွေက အရမ်းလှတယ်။

Anonymous said...

မြောက်ဦးမြို့ဟောင်းကို ကျမလည်း သိပ်စိတ်ဝင်စားမိတယ်။ ရောက်လဲ ရောက်ဘူးချင်တယ်။

Anonymous said...

မမသီရိ
လာလည်တာကျေးဇူးပါ--
စာတွေလာဖတ်ပါတယ်---
စာရေးကောင်းတယ်--သိတာနောက်ကျလေခြင်းလို့--
နောက်ထပ်လာလည်လို့ရအောင်--
လင့်ထားပါတယ်--
ပျော်ရွှင်ချမ်းမြေ့ပါစေ---

pandora said...

ဘယ်နှစ်ခါရောက်ရောက် ကိုယ့်ရေကိုယ့်မြေဆိုတဲ့ ခံစားချက်တွေ အမြဲပေးစေတဲ့နေရာလေးတွေ။
ကြုံကြိုက်ရင် အတူသွားကြတာပေါ့နော်။

Anonymous said...

ကျမ ချစ်တဲ့ သူတွေ နဲ့ သွားချင်နေရာလေးတွေ ကို အတူ ..လိုက်ခဲ့ ကြတဲ့.. ကိုလင်းဒီပ...မောင်ငယ်စိုးသွန်း..မ Khin Oo May ...မောင်လေးမျိုး.. ညီမ Moe Cho Thin..ကိုဆောင်းယွန်းလ..ညီမ မီယာ.. ကေ...ဆရာမ. မသက်ဇင်..နဲ့.. မပန် တို့ အား..
အထူး ကျေးဇူး တင်ပါ တယ်......
နောက် သွားချင်တဲ့ နေရာတွေ ကိုလဲ ခေါ် ချင်ပါသေးတယ်.......

Welcome said...

((..တစ်ကယ်တော့ မြန်မာပြည် ဟာ...တိုးတက်နေတဲ့ ကမ္ဘာကြီး ကို...သစ်ပင်ရိပ်လေး တစ်နေရာကနေ.. ကောင်းကင်မှာ ပျံသန်းသွားတဲ့ လေယာဉ်တစ်စီး ကို..ငြိမ်ငြိမ် လေး..ထိုင်ကြည့် နေတဲ့... ကလေးလေး တစ်ယောက် လိုပါ ပဲ......တိုးတက်ရကောင်း မှန်းမသိတဲ့... ချစ်စရာ ဓလေ့ထုံးတမ်း စဉ်လာတွေ နဲ့.. နစ်မျောနေတဲ့ နိုင်ငံ တစ်ခု ရယ် လို့...ဝေဖန်ခဲ့ ဖူး တာ ..သွား အမှတ်ရမိပါတယ်.....။ ခုချိန် ထိ ပဲ ပေါ့...။))
-----
ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကို ဦးစားပေးရင်တော့ တိုင်းပြည် တိုးတက်ဖို့ လမ်းမမြင်နိုင်ပါဘူး။ တစ်ခုကို ဦးစားပေးရင် တစ်ခုတော့ နစ်နာရစမြဲပါ။ တိုင်းပြည် အမှန် တိုးတက်စေချင်ရင် တဖက်ကိုတော့ မျက်စိမှိတ် ထားရမှာ ဖြစ်ပါတယ်။ ဥပမာ ဗီယက်နမ်ကို ကြည့်ပါ။ ဈေးကွက်စီးပွားရေး လုပ်တာ မြန်မာနိုင်ငံထက် နောက်ကျပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ စိးပွားရေး ထောင်တက်သွားတယ်။ ဒါပေမယ့် နစ်နာမှုတွေတော ရှိပါတယ်။ ရှိစေတော့။ ယိုးဒယားကိုကြည့်မလား။ ဘုရင်အုပ်ချုပ် တာပဲ၊ တိုင်းပြည်တိုးတက်ဖို့၊ နိုင်ငံရဲ့ အရန်ငွေတိုးပွားဖို့ အတွက် ဘာမဆို ရောင်းစားပစ်နိုင်တဲ့ သွေးအေးတဲ့ သတ္တိရှိတာကို လေးစားတယ်။ ဒါပေမယ့် တိုင်းပြည်တော့ ဖာနိုင်ငံဖြစ်သွား တာပေါ့နော် (ကန်တော့ပါ)။ ကဏ္ဍ ၂ ခုလုံး တစ်ပြိုက်နက်တည်း တိုးတက်ဖို့၊ အောင်မြင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ မသိနိုင်သေးတာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပါပြီ။ (လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်၊ ကျွန်တော့်အမြင်လေးကို တင်ပြတာပါ) အဆင်မပြေရင် ပြန်လာ အော်ပါနော် ....

Anonymous said...

ရခိုင်ပြည်နယ်ရဲ့အထင်ကရနေရာတွေပေါ့
သဘာဝရူခင်းတွေအများကြီးရှိပါသေးတယ်
လာလည်ကြပါအုံး

ဖိုးကေ said...

အောင်မြင်မှုတွေနဲ့ခရီးဆက်နိုင်ပါစေ

khunmyowai(ရွှေညောင်) said...

မမသီရိကျွန်တော့်ကိုအဲဒီနေရာကို
ခေါ်သွားပါလားဟီးဟီး
မမ လာလည်သွားတယ်နော်
ပျော်ရွှင်နေတဲ့ဘ၀လေးဖြစ်ပါစေ
ခိုင်မြဲပါစေ