Tuesday, October 27, 2009

ဥယျာဉ်မှူးနဲ့သူ၏ပန်း



အမြတ်တနိုး သူပျိုး
အဲဒီပန်းအိုးလေး
အဖူး အပွင့်တွေဝေဆာတော့

မွှေးလဲ မမွှေး သူငေးကြည့် ရုံ
..

အပင်လေးအတွက်မြေသြဇာ

သူ ကဗျာတွေ ရေး


အပင်လေး အမြဲလန်းဖို့

တေးချင်းသီ သူ စောင်းကြိုးညှိ


အရိပ်တကြည့်ကြည့် ..
ကြည့်ရုံလေး မြတ်နိုးတာ....
သူ ပြောလာပေမဲ့..


အဲဒီအပင်ကလေး
အဖူးတွေ ပွင့်အာ ခိုက်

ဝတ်မှုန်တွေကြား တွန်းတိုက်ထွက်

ညင်သာညံ့သက် တီးတိုးသံ သဲ့သဲ့
....
ဥယျာဉ်မှူးကို ချစ်သတဲ့.


မမသီရိ
23.9.2009

12 comments:

kiki said...

မမသီရိက ကြံကြံဖန်ဖန် ပြန်ချစ်တတ်တယ် ။ပန်းကလေးကလည်း ချစ်တတ်သတဲ့ လား ။
ဥယျာဉ်မှူးက သူပျိုးတဲ့ ပန်းကလေးတွေကို
အရိပ်တကြည့်ကြည့်နဲ့ မြတ်နိုးနေတတ်တယ် လို့ တော့ ကြားဖူးပါတယ် ။
ဒါဆိုရင်တော့ လောကကြီးက တရားပါတယ် လေ ။
မမသီရိ နဲ့ တွေ့ မှ တရားသွားတာ ....း)
ပန်းကလေးတွေ မညှိုးရအောင် ရော ..
ဘာမြေသြဇာတွေ ထည့်ပေးရတာလည်းနော် ။

emayarKhin said...

ဒါကမှတကယ်..ကဗျာဆန်တာ...
အလဲ့..ဥယျာဉ်မှူးကိုချစ်တယ်တဲ့...

ရွှေရတုမှတ်တမ်း said...

ဥယျာဉ်မှုးက..မာလီ ကုလားကြီး ဆိုရင်တော့...
အမလေး...နှုတ်ခမ်းမွှေး..မုတ်ဆိတ်မွှေးတွေ နဲ့....
ချစ်ရဲပေါင်ဗျာ.....း)))

Nge Naing said...

ဟုတ်တယ် ကိကိ ပြောသလိုပဲ ပန်းက ဥယျာဉ်မှူးကို ချစ်တယ်လို့ တင်စားတာ အခုမှ တွေ့ဖူးတယ်။

ဂျပန်ကောင်လေး said...

နူးညံ့လိုက်တဲ့ စာလေး.... အပေါ်က ကုလားကြီး ကွန်မန့်ကိုဖတ်တော့ ပြုံးသွားရတယ် မမသီရိရေ...

Anonymous said...

ဥယျာဉ်မှူး ဆိုတဲ့ blogger ရှိတယ်လေ... သူကိုစောင်းပြောတာတော့ မဟုတ်ပါဘူးနော်

မိုးခါး said...

း)
ဟုတ်ပ မမသီရိရယ်
ပန်းလေးက ဥယျာဉ်မှူးကို ချစ်တယ်ဆိုတာ ခုပဲကြားဘူးတယ်
နှုတ်ခမ်းမွှေးမပါလို့ နေမှာပါ :D

သိင်္ဂါကျော် said...

ချစ်စရာ ကဗျာလေးပဲ.. ဥယျာဉ်မှုးနဲ့ ပန်းလေးနဲ့ လိုက်ပါတယ်။ ဥယျာဉ်မှုးက အဘိုးကြီး တော့ မဟုတ်ဘူး မို့လား...

လင်းဒီပ said...

တစ်ပင်မေတ္တာ တစ်ဦးမှာပေါ့...:P

ဒဏ္ဍာရီ said...

ပန်းဆိုတာလည်း သက်ရှိပေမို့
ခံစားတတ်တယ်ဆိုတာ နားလည်သွားတယ် မမသီရီ။

ခင်မင်လေးစားလျှက်

ဂျူနို said...

အဖိုးကလည်း အဖွားကို ချစ်တယ် ချစ်တယ်တဲ့
အဖေကလည်း အမေ့ကို ချစ်တယ် ချစ်တယ်တဲ့
ပန်းကလေးကလည်း ဥယာဉ်မှူးကို ချစ်တယ် ချစ်တယ်တဲ့
.....ကလည်း မမသီရိကို ချစ်တယ်... ချစ်တယ်တဲ့

ဟိဟိ။

မအယ်

ဆောင်းယွန်းလ said...

တယ်စာတဲ့ဆိုပါလား မသီရိ..

ကြားဖူးတဲ့ ကဗျာလေးရွတ်ပြမယ်
”သခင်ပျိုးတဲ့ပန်း
သခင့်အနမ်းနဲ့ပဲ နွမ်းပါရစေ”...တဲ့
အဲလိုလားးးးဗျ