Sunday, October 25, 2009

စပါးပေါ်ချိန်




(မောင်)
ရွာနောက်က တို့လယ်ကွင်း

ဝင်းပါပေါ့ ရွှေရောင်ပြေ

မယ်ဒွေး ရေ. ကြည့်ပါလှည့် . မှည့်နေတာတွေ..


အသီးက ဝေေ၀.. အညှာက အဲ့အဲ့

သိမ်းလိုက်ရင် ရာကျော် တက်မဲ့

ဘိုး ဘွား ပိုင် တို့မြေကွက်.. စိန်နှံတွေ ထွက်..



(မယ်)
ဟုတ်ပါရဲ့ မောင်ကြီးရေ

လှလိုက်တဲ့ ဒီမြင်ကွင်း .. ရွက်ဖျား နှင်းကြွေ

နီးကြဖို့ အိပ်မက်တွေ .. မှန်ပေပေါ့ ဒီဆောင်းဦး
..

တို့လယ်တွေ ကောက်ဆိုင်ဖွဲ့ လို့

တလင်းနယ် ကွင်းကျယ် သိမ်းရင်..

မယ် နဲ့ မောင် .. ဖူးစာ ဖက်မယ်.. ရင်ခုန် ကြည်နူး....။


မမသီရိ


ခက်ဆစ် - - ကောက်ဆိုင် = ရိတ်သိမ်းပြီးသောစပါး ကောက်လှိုင်းများအားစံနစ်တကျစုပုံထားသည့်အပုံ
- တလင်းနယ် = ရိတ်သိမ်းပြီးကောက်လှိုင်းများအား အစေ့ချွေရန် ကျွဲ၊ နွားများဖြင့် လှည့်ပတ်နင်းစေခြင်း





11 comments:

ဂျပန်ကောင်လေး said...

အယ်.. ကြည်နူးဖွယ်ကောင်းလိုက်တဲ့ ကဗျာလေး.. မော်ဒန်ကဗျာမဟုတ်တဲ့ ဒီလိုကဗျာလေးတွေကို ဖတ်ချင်လိုက်တာ...

ဒဏ္ဍာရီ said...

မမရေ ... ရွှေပြည်တော်က လယ်ကွင်းတွေကို မျက်စိထဲ မြင်ယောင်သွားတယ်။

စပါးခင်းတွေ ၀င်းဝါလို့
လမ်းတလျှောက် မြင်ယောင်လို့
ချစ်တဲ့ရွှေပြည် မွေးရပ်သို့

း) ဘာမှန်းမသိပေမယ့် မမကဗျာလေးကို ဖတ်ပြီး လွမ်းလို့ ကဗျာလေး သုံးကြောင်း လက်ဆော့သွားတယ်နော်။

ခင်မင်လေးစားလျှက်

sonata-cantata said...

စပါးပေါ်ချိန် ငွေပေါ်ချိန်
ထမိန်အင်္ကျီတွေ ကြိုက်ရာရွေးလို့
မမသီရိလေး ၀တ်ဖို့ ၀ယ်ပါ့မယ်...

kiki said...

ရွှေရောင် စပါးခင်းတွေ မြင်လိုက်ရတာ စိတ်ချမ်းသာစရာပါဘဲ မမသီရိရေ ..

ဒါပေမဲ့ နာဂစ်ထိတဲ့  စပါးခင်းတွေရော ၊သူတို့ ပိုင်ရှင် မောင် နဲ့ မယ်တို့ ရော .. ခုဆို ဒီလိုကြည်နူးနေနိုင်ပါ့မလား လို့  တွေးနေမိတယ် ။ ။

ခြေလှမ်းသစ် said...

ကဗျာလေးက ကောင်းလိုက်တာနော်... စိန်ဆန်တွေ တကယ်ထွက်ရင်တော့ နအဖ က အကုန်သိမ်းမယ်ပေါ့..

Nge Naing said...

မမသီရိရေ ရွာကို သတိရသွားပြီ။ ခက်ဆစ်မှာ ကောက်လိုင်းနဲ့ တလင်းနယ်(စပါးနယ်) ဆိုတာတော့ သိတယ် ဒါပေမယ့် ကောက်စိုင်ဆိုတာတော့ ကျွန်မတို့ဘက်မှာ ခေါ်လေ့မရှိလို့ အခုမှကြားဖူးတယ်။ တလင်းဆိုတာက မြေကို ကောက်ရိုးငုပ်တွေ အပြောင်ရှင်းကာ ကောက်လှိုင်းတွေကို စပါးနယ်ဖို့ အဆင်သင့်ဖြစ်အောင် စုပုံထားတဲ့ နေရာ ဖြစ်တယ်ဆိုတာ လယ်တော မရောက်ဖူးသူတွေ မသိမှာစိုးလို့ ထပ်ဖြည့်လိုက်တယ်နော့်။

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

အဲလို..ရှင်းရှင်း လင်းလင်း သာသာယာယာ..
ကဗျာလေးတွေကို..ကြိုက် တာ..
လယ်တောဆင်းမယ်ဆိုရင်တော့..ထမိန်တိုတို ဝတ်သွားနော်..း))

ဂျူနို said...

လှလိုက်တဲ့ ကဗျာလေး။
တောသူ တောင်သားတွေက ဒီနှစ် လယ်သိမ်းချိန် စပါးပေါ်ချိန် ဘာလုပ်မယ်နဲ့ တွေးပြီး ပျော်တတ်ကြတာ။

တခုခုဆို စပါးပေါ်ချိန်ထိ စောင့်ပါ ဆိုတာက ရှိသေးတာ။ အဲ့ဒီချိန်မှာ လုပ်ပေးမယ်ပေါ့လေ။

မအယ်တော့ မြို့ သေးသေးတွေမှာ လည်း နေဖူး ရွာတွေမှာလည်း သူငယ်ချင်းတွေဆီ သွားဖူးတော့ ဖရဲခင်း စပါးခင်း အကုန် ရောက်ဖူးတယ်။


မအယ်

လင်းဒီပ said...

စိတ်ထဲမှာ ကိုယ်တိုင် လယ်ထဲ ရောက်သွားသလို...
ကဗျာရေးဟန်လေးက ချိုတယ်..။

စည်သူ said...

မမသီရီရေ..

ကျွန်တော်က တောသားဆိုတော့လေ ဒီကဗျာကိုဖတ်လိုက်ရတာ.. လယ်ထဲပြန်ဆင်းရရသလို ဖြစ်သွားတယ်ဗျာ..

အဖေ.. အမေ.. အဖိုး.. အဖွားကို လွမ်းလိုက်တာ

ပျော်ရွှင်ပါစေဗျာ
ခင်မင်စွာဖြင့်
စည်သူ။

အမရာ said...

လွမ်းစရာလေးပါလား..
မမသီရိရေ...