Wednesday, January 14, 2009

ခြစ်ဖူးသူ နဲ့ သူမ၏ အိပ်တစ်မက်...







ကျွန်မတို့ မောင်နှမ က အတော် ထူးဆန်းတဲ့ အထဲ ပါတယ် လို့ ပြောရမယ် ထင်ပါတယ်... ပုံမှန် အားဖြင့် ဆိုရင်.. မောင် နှမ တွေ အချင်းချင်း.. ပွင့်ပွင့် လင်း လင်း ချီး မွမ်း တယ်... တစ်ယောက် ကို တစ်ယောက် အသိ အမှတ် ပြု တယ် ဆို တာ ခပ် ရှားရှား ရယ်... အသက် ကြီး လေ... ပို ဆိုး လေ ဆိုပါတော့...
ကျမ တွေ့ ဖူး သမျှ မှာ တော့.. မိုက်ကယ် ဂျက်ဆင်တို့ မောင် နှမတွေ.. တွေ့ ဖူးတယ်... သူ့ညီမ ဂျက်နက် ဂျက်ဆင် က.. အစ်ကို့ ကို.. တရားဝင် ချီးမွမ်း ခန်း ထုတ်တာလေ... သူ့ အစ်ကို .. ဂရမ်မီ ဆု ချီးမြှင့် ခံ ရတဲ့ အခမ်း အနား မှာ... အစ်ကို့ အကြောင်း စီကာ ပတ်ကုံး ချီးမွမ်း ခဲ့ တာ....

ခု ကျမ အစ်ကို က.. ကျမ ကို .. မရှိ တဲ့ ဂုဏ်ပုဒ် နဲ့.. ချီး မြှင့်နေခဲ့ တာ...သူ့ ညီမ ကို.. ပန်းချီ ဆရာမ တဲ့..
အမှန်က ကျမ ပုံဆွဲ ခဲတံ ..မကိုင် ဖြစ် ခဲ့ တာ.. နှစ်ပေါင်း ၁၀ ကျော် လို့ ၂၀ နား ကပ်တော့မှာ.....
အစ်ကို့ အတွက် ...ပေးခဲ့ တဲ့ ခရစ်စမတ် လက်ဆောင် က...ပထမဦးဆုံး... ပြန်ခြစ် ဖြစ်ခဲ့တဲ့ လက်ရာ...

ငယ်ငယ် က ၀ါသနာ ပါရုံ လေး ရှိခဲ့ တာ... သင်တန်းတွေ ဘာတွေ တက်ဖူး တာလဲ မဟုတ်...

အစ်ကို့လို.. အရောင် တွေ နိုင်နင်း တဲ့သူ လဲ မဟုတ်.... .. ခဲတံ တစ်ချောင်း နဲ့ မှတ်စု စာအုပ်တွေ ထဲ..ဟိုခြစ် ဒီ ခြစ်.......ခြစ် ခဲ့ ဖူးသူ တစ်ယောက် သာ....... အဲ... သူငယ်ချင်းတွေ ကြားထဲ တော့..လူ စွမ်းကောင်း...ဖြစ်ခဲ့ တယ်...... သူတို့ က ... လမင်း ပုံ ဆွဲ ကြရအောင် ဟေ့ ဆို ရင် တောင် ၀လုံး နဲ့ လမင်း တူ တာ မေ့ ပြီး ...မဆွဲ တတ်ပါ ဘူး ...အော်..နေကြသူတွေ .. ဆိုတော့.... ကျမ က ပန်းချီ ဆရာမ ပေါ့...း)......
ကျမ အစ်ကို နဲ့ ...ကျမ က ၀ါသနာ တူ ...စိတ်သဘောထား ချင်း လဲ ..အတော် တူ.. အကြိုက် တွေ လဲ အတော် တူ ခဲ့ ကြတာ... ... ပန်းချီ... ဂီတ... အနုပညာ... ခံစား ချက်... လွမ်းတတ်တာ...မှန်တယ် ထင် ရင် ဇွတ်တိုးတတ် တာ.. ခေါင်းမာတာ.... အဲ.....မတူတာတွေ လဲ ရှိ သပေါ့ နော်........ ကျမ က.... မကြာ ခဏ စိတ်ကောက် တတ်သူ... အစ်ကို.က. မကြာ ခဏ စိတ်တို တတ် သူ... ကျမ က.. မိန်းကလေး ဖြစ်ပေမဲ့.. ထမင်းချက် ရင်း ဘ၀ အဆုံး မခံ နိုင် ဘူး လို့ ယူ ဆပြီး... အဖေ နဲ့ အမေ ကို ၂ နှစ် လောက် ချက် ကျွေး ဖူးတာက လွဲပြီး.. တစ်သက်လုံး ထမင်း မချက် ရ အောင် ကြိုး စား ခဲ့ သူ..... အစ်ကို.. က တော့ ...အချက် အပြုတ် ၀ါသနာ ပါသူ.... ..... ကျမ က... ကျမရဲ့ စာကြည့် စားပွဲ တို့.. အလုပ် စားပွဲ တို့ မှာ...အမြဲ.. ရှုပ် ရှက် ခတ် နေ သလောက်... အစ်ကို.. ကျ တော့.....သန့် ရှင်း သပ်ရပ် စံနစ် တကျ ရှိတဲ့ သူ..
ပန်းချီ နဲ့ ကဗျာ တွေနဲ့ ပတ်သက် လာရင် .တော့.... ကျမ ကပဲ တစ်ချိန်လုံး....သူ့ ကို အား ကျနေခဲ့ ရတာ.....ပါ.. ..အစ်ကို ဆွဲ တဲ့... ပန်းချီကားတွေ က အရောင် တွေ ရဲ့ ဖွဲ့ စည်း ပုံ ကို.. ကျမ အရမ်း သဘောကျခဲ့တာ လေ.....ကိုယ် က အရောင် နဲ့ ပတ်သက် လို့... ကကြီး ခခွေး အဆင့်တောင် ရှိတာ မဟုတ်...... ခုတော့ အစ်ကို က..ကွန်ပျူ တာနဲ့ တောင်.. ဖန်တီး လို့ သူ့ ခံစား ချက်တွေ အသက် သွင်း နေခဲ့ ပြီ....

အဲဒီလောက် ညံ့ သူ..သူ့ ညီမ ကို..မှ... မြှောက် ပုံ များ...ပန်းချီ ဆရာမ တဲ့.....ငို ရ ခက် ရီ ရ ခက်...

ဒီ....အစ်ကို လုပ် ပုံ နဲ့ ကျမ ခဲ တံ ပြန် ကိုင် ရတော့ မဲ့ ပုံ....
........................................
...တစ် ကယ်တော့... ကျမ မှာ... အိပ်မက်တွေ.. က...များများ စား စား မရှိ ပါဘူး...

အဲဒီ အနည်း အကျဉ်း ထဲ က..... အပြင်း ပြဆုံး အိပ်မက် တစ်ခု ကတော့...
ကျမ တို့ မောင်နှမတွေ...တစ်စု တစ်စည်း ထဲ ..တစ်နေ့နေ့ မှာ.. ပြန် ဆုံ ကြဘို့.... ပြီးတော့.. အစ်ကို နဲ့ အတူ... လုခ်ပြတိုက်.. စမစ်ဆိုနီယန် ပြတိုက် က...ကမ္ဘာကျော် ပန်းချီ လက်ရာတွေ ကို.. အတူ ခံစားဖို့.. အမှန် က... ကျမ က မိုက်ကယ်အိန်ဂျလို နဲ့.. အိုင်းရစ် ပန်း ချီ ကျော် တွေရဲ့ လက်ရာတွေ ကို ပဲ..တစ်လျှောက် လုံး..စွဲစွဲ မြဲမြဲ.. နှစ်သက်ခဲ့ပေမဲ့... အစ်ကို သဘောကျတဲ့ .. ရေးနွား.. ဗန်ဂိုး...ပီကာဆို.. နဲ့.. ဒါဗင်ချီ တို့ လက် ရာတွေ ကို .. ကြည့် ပြီး အစ်ကိုနဲ့ ငြင်းခုံခွင့်.လေး တစ်ခုပြန်ရဘို့... အဲဒီ ခရီး မှာ ပဲ.. .အစ်ကို သိပ် စိတ် မ၀င် စားပေမဲ့.....ကျမရဲ့... အိပ်မက် မြို့တော်.. ဖလောရင့်စ်က.. မိုက်ကယ် အိန်ဂျဲလို ရဲ့... ပန်းပု လက်ရာတွေ ကို.. ဆက်ပြီး သွား ကြည့် ကြ ဖို့.......... ပြီးတော့... အစ်ကို ချစ် တဲ့ အမိ မြန်မာ ပြည် မှာ.. မိသား စုတွေ အာလုံး ဆုံ ကြပြီး..... ထန်း ရိပ်ညို ဒါမှ မဟုတ်လဲ ..လောကနတ် မှာ... အစ်ကို့ လက် ရာ ပန်းချီ ကားတွေ နဲ့... ကျမရဲ့ ခဲ ပန်း ချီ တွေ ကို.. ပြ ပွဲ တစ်ခု လုပ် ဖို့ ပါ....... ကျမဆွဲ တဲ့ ... ခဲ ပန်းချီ တစ်ချို့ ကို တော့.. အစ်ကို့ကို အတင်း ပူဆာပြီး.. အရောင်တွေ ဖြည့် ခိုင်းဘို့ လဲ.. စိတ်ကူး က ရှိသေး....း)........
...............................
အဲဒါ က...........................ကျမရဲ့ အိပ်တစ်မက်.....
............................
ခု လောလော ဆယ် တော့.... အစ်ကို ချီးမြှင့် ထား တဲ့.ဂုဏ်ပုဒ်လေး. အလကား ..မဖြစ် ရအောင်... ငယ်ငယ်က.. ခြစ် ဖူး ခဲ့ ...တဲ့..ပုံ လေး တွေထဲ က တစ်ချို့ ကို.. ပြန် လည် ဖေါ်ပြလိုက် ပါတယ်......

ဒါပေမဲ့..ပန်းချီ ဆရာမ ... တော့ ..မဟုတ်ဘူး....နော်.....
မမသီရိ

9 comments:

:P said...

ပုံတွေကြည့်ရတာတော့ ပန်းချီဆရာမလို့ခေါ်တာ
မလွန်ပါဘူး.... ခြစ်ဖူးသူရယ်......

Anonymous said...

ဆရာမပါပဲ ဆရာမကလည်း ၀ိုင်းမြှောက်သွားတယ်း)

Anonymous said...

ခြစ်ဖူးသူဆိုလို့ လာပြေးကြည့်တာ ဟီဟိ...
လှလိုက်တာပုံလေးတွေက ပန်းချီသင်တန်းသာမတက်ခဲ့တယ် သူတို့ထက်မသာရင်တောင် လက်ရာကမညံ့။း)

ခေါင်ခေါင် said...

မမခြစ်တာလည်း ဆရာမမဟုတ်ဖူး သာဆိုတယ်....
ဆရာမပါပဲ မမရယ်.....

လင်းဒီပ said...

ဘာပဲဖြစ်ဖြစ် ခဲခြစ်ပန်းချီလေးတွေက ချစ်စရာ..
အစ်မပျော်ရွှင်ပါစေ..

မီယာ said...

အားလုံးကြိုက်တယ်။ ပေးမလားဟင်။

ဆောင်းယွန်းလ said...

စိတ်ကူးတွေလက်တွေ့အမြန်ဆုံးဖြစ်လာနိုင်ပါစေလို့ဆု
တောင်းပေးပါတယ်မသီရိရေ..
ပန်းချီလက်ရာတွေလည်းတကယ်ကောင်းပါတယ်.
ခင်မင်လျက်...

Anonymous said...

san din lar, မောင်လေးမျိုး..Craton, ညီမ ခေါင်ခေါင်..ကိုလင်းဒီပ.... အားပေးသွားတာ..ကျေးဇူးနော်....
မီယာ..လိုချင်ရင်.. ယူသွား လေ...း)..
ကိုဆောင်းယွန်းလ..ဆုတောင်းပေးတာ..ကျေဇူး...
...
အားလုံးပဲ...၀ိုင်းမြှောက်ပေး နေကြတော့..
ပုံ အသစ် လေး ထပ်ဆွဲ ဖြစ်မယ် ထင်ပါ ရဲ့....း)....

Anonymous said...
This comment has been removed by a blog administrator.