Saturday, January 31, 2009

ချစ်မိသည့် ..ဒဏ်...


မေ့နိုင်မလားရယ်လို့..
မတွေ့အောင် ..ကိုယ်ရှောင်ပုန်း မိတော့..
နေမင်း.က.အစင်းတစ်ရာ..
ရင်ထဲ .. မှာ သာ......
................

လေဟာနယ် တိမ်တကြော...

အိပ်မက် အမောတွေ နဲ့...

သူ့မျက်နှာ ရီဝေ ပြုံးရယ်
(ထွက်ပြေးသွား တဲ့ အိပ်စက်ခြင်းတွေ ကြား...)

နေရာယူ..ရင်အပူ ဖွဲ့ ပြီ ကွဲ့...

လွမ်း ရက် ဆက်..ကြာ........။


မမသီရိ

12 comments:

ဒေါင်းမင်း said...

ကဗျာလေးခံစားချက်တိုက်ဆိုင်လို့....ကြိုက်တယ်
မမသိရိရေ

Anonymous said...

မမသီရိကဗျာတွေကတော့ လက်ဖျားခါပါတယ်..
ကောင်းလိုက်တာ..
ဖတ်လို့ရော.. ရွတ်လို့ရော..း)

Anonymous said...

ဟားး...နေမင်း အစင်းတစ်ရာဆိုတော့ သေင်္ပြီပေါ့ ပူလိုက်တာဗျာ ။

ကဗျာကတော့ အရင်တိုင်းပဲ ရွတ်လို့ကောင်းတယ်ဗျ ။

ဆောင်းယွန်းလ said...

လေဟာနယ် တိမ်တကြော...
အိပ်မက် အမောတွေ နဲ့...
သူ့မျက်နှာ ရီဝေ ပြုံးရယ်
(ထွက်ပြေးသွား တဲ့ အိပ်စက်ခြင်းတွေ ကြား...)
နေရာယူ..ရင်အပူ ဖွဲ့ ပြီ ကွဲ့...
လွမ်း ရက် ဆက်..ကြာ........။
အပူတွေကိုဖြေချ.ရင်နဲ့မမျှလို့.ကျနော်တို့ဖတ်ဖို့..လက်တို့
လိုက်လေသလား..မသီရိရေ..
အပူကဗျာဆိုပေမည့်လည်း..ကဗျာလေးကသိပ်လှနေတယ်မသီရိရေ...

လင်းဒီပ said...

မေ့ဖို့ ကြိုးစားရတာလည်း မောပါတယ်လေ..

အရုပ်ကလေး said...

ကဗျာကောင်းလေး ဖတ်ရလို့ ကြည်နူးသွားတယ် ..။
ဆက်လက် အားပေးနေမယ် ..။

မေ့သမီး said...

မမ လွမ်းရက်ဆက်ကြာနေပြီပေါ့။ လွမ်းရတာလည်း အရသာတစ်မျိုးလို့ပြောကြတယ်။ ဒါပေမယ့်မလွမ်းချင်ပါ ဘူး။ ဖြစ်နိုင်ရင်ပေါ့။

ကိုအောင် said...

ကဗျာကို လာခံစားပါတယ်။ အားပေးလျက်ပါ။

Anonymous said...

ကဗျာလေးကို ခံစားသွားပါတယ်...အားပေးလျှက်ပါ...

Anonymous said...

မမသီရိလဲ ကဗျာရေး တော်တော်ကောင်းတယ်နော်။
အရမ်းလှတယ်။

Anonymous said...

မိုက်လှချည်လား

My Diary said...

နေမင်းအစင်းတစ်ရာသာတာ
ညီမတို့တောင်မသိလိုက်ဖူး
ခေါ်လိုက်ရောပေါ့ .. (ဓါတ်ပုံမှတ်တမ်းယူထားရအောင်)
စတာနော်
ကဗျာလေး ကောင်းတယ်