Sunday, January 25, 2009

ဆူး


သံယောဇဉ် ဆူး..
ရင်မှာစူးငြိ....ရူးမိတော့မယ်ကွယ်....
...................
ငယ်စဉ် ဘ၀..အ..ကာလညများမှာ..
ကြိမ်ဖန်များစွာ.. ကြားနာခဲ့ ရ...
ရှေးနိပါတ်တော်ထဲ က..
ကိန္နရီ မောင်နှံ ရဲ့ ..ဇာတ်လမ်း...
လွမ်း လိုက် ကြတာလေ.......
.......................

တစ်ညလေး ခဏ...ဝေးရတာများ..
၇၀၀...ရက်ပေါင်း...
လွမ်းကောင်းတုန် ..ရှိ သေးသတဲ့...
ပြောလို့ လဲ ..မပြီး....
တစ်ဘ၀လုံး...ငြီးကြသတဲ့...
...............

အဲဒီ အလွမ်း ဇာတ်..
ရင်ထဲမှာ မှတ် ထား...
နားထောင်ရင်း စောကြော...ပိုရန်ကော ရယ်လို့....
ရင်ထဲမှာ ဘာမရှိ...
အလွမ်းတွေ မသိခင် တုန်း ကပေါ့......
...............................

စိုးမိုးသူရယ်...
မျက်ဝန်းလေး တစ်စုံ...ဆုံ မိတဲ့ အခိုက်..
နှလုံးသား ထဲ ..လှိုက် လှိုက် ခုန်....
ရင်တုန်မောလျ...ခံစားခြင်း ရသ များ...
နှလုံးသား ထဲ စီးမျော....
အဲဒါ....ဘာသဘောလဲ ကွယ်.......
...................

သူ့မျက်ဝန်းနက်နက်...
အကြင်နာ စွက်နေသလား...ရေရာမှုများ မရှိပေမဲ့..
အထီးကျန် ဘ၀ ငယ်တစ်ခု...
စိုပြေ မှု တော့ ရှိ ခဲ့ တယ်.....
..................

သူ့စကားသံ သဲ့သဲ့...
အကြင်နာ ရှိခဲ့ သလား..ရေရာမှုများ မရှိပေမဲ့..
အဖြူရောင် ဘ၀လေး ထဲ...
နွေးထွေးမှု တော့ ရှိခဲ့ တယ်...
............................................

သူမချော့ပေမဲ့...
ရင်ထဲ မှာ..စိတ်ကောက်..
ဘု နဲ့ ဘောက် တွေ ဖြစ်...
စူးစူး နစ်နစ် ပျော် ... ပျော် ပါတယ်.....
........................................

သူ...ခင်ခင် မခင်ခင်..
နေ့စဉ် ဆုံ ဖြစ်..
သူ ပြောပြော မပြောပြော...
ကိုယ် ကပြော...ဘေးနား ထိုင်...
သူငိုင် ရင် မပျော်ဖြစ်..
ကိုယ်လဲ လိုက် စိတ် ညစ်..ကူ....
............................

အော်......
ခုတော့လည်း....
တစ်နေ့မမြင်..
မရွှင်နိုင်ဘူး...ရူးမိတော့မယ်...
.............

ဟိုး....ငယ်ငယ်..က..
ပို တယ် လို့ ထင် ရ...
ကိန္နရီ မရဲ့ အလွမ်း..အဆန်း တကြယ် မဟုတ်တော့...
ခု မှ ..ကိုယ်ချင်းစာ....
မတွေ့ ရတဲ့...ရက် ကလေးမှာ...

လွမ်းလိုက် တာကွယ်......
...........

သံယောဇဉ် ဆူး....
ရင်မှာ...စူး ငြိ.....

ရူးမိတော့မယ်....

ရူး မိတော့မယ်......ကွယ်.........................။



မမသီရိ (၂၅.၁.၂၀၀၉)

8 comments:

Welcome said...

အချစ်ဆိုတဲ့ သံယောဇဉ်လေးကြောင့်
မကြာမကြာ ရူးမိခဲ့ပါတယ်။

ကဗျာကောင်းလေး ဖတ်သွားပါတယ်။
အဆင်ပြေ ပျော်ရွှင်ပါစေ။

လေးစားလျက်
ဝင်းဇော်

Anonymous said...

သံယောဇဉ် ဆူး....
ရင်မှာ...စူး ငြိ.....
ရူးမိတော့မယ်....
ရူး မိတော့မယ်......ကွယ်......

အဆုံးသတ်လေးက သနားစရာ သံယောဇဉ်ကတော့ ဘယ်လိုအရာပဲဖြစ်ဖြစ် ခံစားရတာပါပဲ အထပ်ထပ်နှောင်ဖွဲ့မိနေတဲ့ ကြိုးတွေက ဖြည်ရခက်တယ် ။ အချစ်ကဗျာ နုနုလေးတွေဖတ်ရတဲ့ အတွက် ကျေးဇူး မမ ရည်းစားထားချင်စိတ်တောင်ပေါက်လာပြီး အဲ့တာ အစ်မကြောင့် အနော့်ပါသာ အေးဆေးနေတာကိုး)

မီယာ said...

မမရေ အလွမ်းက အချစ်နောက်က ကပ်ပါ လာသလား လို့..တည မက ခွဲဖူးပြီ (ခရီးသွားလို့) ရက် ၇၀၀ မပြောနဲ့ လွမ်းလားလို့တောင် မေးမကြည့်မိဘူး ဟီးဟီး

Anonymous said...

အားပါးပါး.. ကောင်းချက်
လွမ်းသွားပြီဗျို့။

khin oo may said...

ရူးနေပါပြီကွယ။်
(ကိုယ့်ဘာသာပြောသွားတာနော်။မမသီရကိုစောင်းပြောသွားတာ မဟုတ်

ဆောင်းယွန်းလ said...

လွမ်းတောင်လွမ်းသွားတယ်..လွမ်းတတ်လိုက်တာမသီရိရာ..
သံယောဇဉ် ဆူး....
ရင်မှာ...စူး ငြိ.....


ရူးမိတော့မယ်....


ရူး မိတော့မယ်......ကွယ်.........................ကဗျာလေးကလွမ်းစရာကောင်းလှပါတယ်..

Anonymous said...

ကိုဝင်းဇော်....ဘ၀ တူမှန်းသိရလို့..၀မ်းသာမိတယ်..း)..
မောင်လေးမျိုး...ရီးစား ထားချင် စိတ် ပေါက်တာ ကောင်းတာပေါ့ကွ.. ကောင်းတဲ့ အလုပ်တွေ ပဲ...း)...
ပညာ စုံ ရင်..ကြင်ယာ အတွက် ရင်ခုန်လို့ ရပြီ.. ၂၃ နှစ် က မငယ်တော့ ဘူး နော်..မမ တို့ တောမှာ ဆို..ကလေး က...၂ တန်းလောက် ရောက်နေပြီ..ကွ..း)..
ဒါပေမဲ့......မမ ပြောခဲ့ တယ် မို့ လား..မောင်လေးမျိုး..ဒီနှစ်တွေ မှာ.ရီးစား ရဘို့ မသေချာသေး ဘူး လို့...း)... မမ ဗေဒင်က မှန် တယ်နော်..မယုံမရှိနဲ့..း)....

မီယာ ရယ်..ဖြစ်ရလေ..း)...

Craton....:)...

မKOM...ရူးနေမှန်း.. မှန်းကြည့်လို့ ရပါတယ်..း)...ရန်ကုန်ကို ရောက်နေတယ် ဟုတ်..း)...

ကိုဆောင်းယွန်းလ.. ကူလွမ်းပေးတာ ..ကျေးဇူး နော်....

Phyo Maw said...

လန်းပါတယ်။ ဒီ blog အရောက်နောက်ကျလို့ အဖတ်နောက်ကျလိုက်ပါ့။ :D really cool hum!!!