Thursday, January 22, 2009

ချစ်တူလေး အတွက်..မွေးနေ့ လက်ဆောင်



တစ်နှစ်ပြည့်စ ..သားလူလှ..
ဟန်တွေ တကြွကြွ...

ဖေ..မေ... လှ..ပ..
ရွတ်နေတယ်...
မပီကလာ..ချစ်စဖွယ်..

ဖေ့ကို ချစ်လား..မေ့ ချစ်လား....
မေးတော့ တူတူ ခေါင်းညိတ်ထား....

ကိုကြီး... ကိုလတ် ကျန်သေးတယ်....
သိပ် သိပ် ချစ်ပါတယ် တဲ့...

မျက်စိမှေးကာ..အိုက်တင်ပေး....
သားသား..လူလည်လေး...

စိတ်ချမ်းသာလို့ ..မာစေ ကွယ်...
ဆုတောင်း ကြပါ တယ်...

အသက် ရာကျော် ရှည်စေ..ဘွား...
ကမ္ဘာကျော်မဲ့...ချစ်တဲ့ သား...........။

၂၀၀၉ ခု ဇန်န၀ါရီ လ ၂၃ ရက်နေ့မှာ.. ၁ နှစ်ပြည့်တဲ့... ကျမရဲ့ အစ်ကို .. ကိုအောင်သာငယ် ရဲ့ သား... ကျမရဲ့... ချစ်တူ အထွေးလေး... ရန်ဆက်အောင် အတွက်.. မွေးနေ့ လက်ဆောင်ပါ... ။ ကိုယ်တိုင် ထွေးပွေ့ ခွင့် မရနိုင်သေးတဲ့ အတွက်.. ကဗျာလေး ရယ်.. ခဲခြစ် ပန်းချီလေး ရယ် နဲ့ပဲ..လှမ်း ပြီး.. မွေးနေ့ လက်ဆောင် ပေးလိုက် ရပါ တယ်............................။

ပုံလေး...ထိုင် ဆွဲ နေရင်း...ချစ်စရာ ကောင်းလွန်းလှ တဲ့.. ကလေးလေး ပေါက်စ အရွယ် ထက် မကြီး ခင်... ချီခွင့် ရရင် ..ဘယ်လောက် များ ကောင်းမလဲ လို့.. လွမ်းနေမိ သေး တယ်.............။
...............................................................................................................
...........................................................
............................................................................................................................
ကျမရဲ့ တူ အထွေးလေးက ..၂၃ ရက်နေ့ ဖွား ဖြစ်တာမို့... ၅ ဂဏန်းပိုင်ရှင်လေး ပါ..။....တူလေး အတွက် မွေးနေ့ လက်ဆောင် ထဲ မှာ.. ချစ်တူ.. ပေါက်စလေး (ပေါက်စလေး ဆိုတာ ကျမထား တဲ့ အမည်..) အပါ အ၀င် ၅ ဂဏန်း ပိုင်ရှင်များ ( ၅ ရက်...၁၄ ရက်... ၂၃ ရက် ဖွား များ) အားလုံးအတွက်..... ၅ ဂဏန်း သမားများ ရဲ့ စိတ်နေ သဘာဝနဲ့.. ကမ္ဘာကျော်.. နံပါတ် ၅ .. ဂဏန်း ပိုင်ရှင်များ ကို ဖေါ်ပြပေး လိုက်ပါတယ်......။

၅ ဂဏန်းဖွားများ သည်... ပါးနပ် လျင်မြန်ပြီး.. အပြောင်း အလဲ မြန်သည့် သဘော သဘာဝ ရှိသည်။ အလွယ် တကူ မိတ်ဆွေ ဖွဲ့ တတ်ခြင်း... လူချစ် လူခင် ပေါများခြင်း.. စိတ်ဇောကြီး ၍ လျင်မြန်စွာ စဉ်းစား တွေးတော.. ဆုံးဖြတ် တတ်ခြင်း.. စိတ်ကူး စိတ်သန်း အသစ် အဆန်းများအား.. အမြဲ ကြံစည် တွေးတော နေတတ်ပြီး... စွန့်စွန့် စားစား ငွေကြေး ဥစ္စာ ရှာဖွေ ရန် အားသန်သူများ လည်း ဖြစ်သည်။ လူတကာ အံ့သြဖွယ် ဖြစ်အောင် အခြေ အနေ ဂုဏ် အင်္ဂါ ရပ်များအား.. ပြောင်းလွဲအောင် လုပ်နိုင်စွမ်း ရှိကြသည်။ သူတပါး ၏ အပြင်းအထန် ထိုးနှက်ခြင်း ခံရသော်မှ.. ပြန်လည် ထူထောင်နိုင်သည့် စွမ်းအားများ ပိုင်ဆိုင်ကြသည်။ ကံကြမ္မာ သည်.. ၅ ဂဏန်း ပိုင်ရှင် များအား.. ထိုးနှက်ရန် မတတ် သာ... အကောင်း အဆိုး ဟူ သမျှ သည်..မိမိ တို့နှင့် သာ.. တိုက်ရိုက် ဆက်စပ် ပတ်သက် နေတတ်သည်....။ ကောင်းခြင်း မကောင်း မှန်သ မျှ .. မိမိ အပေါ်၌သာ မူတည် နေတတ်သည်။

ထင်ရှား ကျော်ကြား..၅ ဂဏန်း ပိုင်ရှင်များ....

စိန့်လူးဝစ်စ် (ပြင်သစ်)........................မေ ၂၃
လူးဝစ် ၁၆.........................................သြဂုတ် ၂၃
HM ဂျော့ရှ် -၆...................................မေ ၅
H-R-H (၀င်ဆာမြို့စားကြီး)................ဇွန် ၂၃
ဆင်မြူရယ် ပက်ပီးစ်............................ဖေဖေါ်ဝါရီ ၂၃
လော့ဒ် လစ်စတာ...............................ဖေဖေါ်ဝါရီ ၅
ရှိတ်စပီးယား......................................ဧပြီ ၂၃
ချက်တူဘရိုင်းန်..................................စက်တင်ဘာ ၁၄
ကားလ်မာ့ခ်စ်.....................................မေ ၅
ဂျိုးဇက်ဖင်း (ပြင်သစ် မိဖုရားကြီး)..........ဇွန် ၂၃

ချစ်တူလေး မွေးနေ့မှာ.. တူလေးနဲ့ အတူ အားလုံး ပျော်ရွှင်ကြပါစေ.............။

မမသီရိ

9 comments:

Anonymous said...

အားပါး.. တယ်စုံပါ့လား..။ မမသီရိရဲ့တူလေး၊ ဦးငယ်ရဲ့သားလေး ၁ နှစ်ပြည့်မွေးနေ့မှသည် နှစ်ပေါင်းများစွာတိုင် မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းအသက်ထက်ဆုံး နေထိုင်သွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

မမသီရိက ပန်းချီဆွဲလည်းတအားတော်တာကိုး။ ကလေးလေးက သိပ်ချစ်ဖို့ကောင်းတယ်။ ချီချင်တယ်။ တူတူပဲး)

Moe Cho Thinn said...

အကို့သားလေး မွေးနေ့က ၂၃ ကိုး။
မမနဲ့အတူ သားသားအတွက် ဆုတောင်းလိုက်ပါတယ်။
တိုင်းပြည်က အားထားရတဲ့ သားကောင်းသားမြတ် ဖြစ်ပါစေ၊ ယဉ်ကျေးလိမ်မာ ကျေးဇူးသိတတ်တဲ့ သားထူးသားမြတ် ဖြစ်ပါစေလို့။
မမက ပုံဆွဲလဲတော်တယ်နော်။

ATN said...

ဆုတောင်းနဲ့ မွေးနေ့လက်ဆောင်အတွက်
ကျေးဇူး အထူးပါ ညီမရေ့...
ပန်းချီဆရာမကတော့
လက်စွမ်းတွေ ပြထားတာပဲနော်...
သားငယ်လေးကလည်း... ဇူးဇူး... ပါတဲ့... ....း)

မီယာ said...

ပုံတူကို စိတ်ကူးနဲ့ မှန်းဆွဲထားတာလားဟင်။ သားငယ်လေးက ချစ်စရာလေး။ Happy Birthday ရန်ဆက်အောင်...

Anonymous said...

Happy Birthday ချစ်ညီလေး သားကောင်းရတနာလေးဖြစ်ပြီး အမြဲပျော်ရွှင်ပါစေ ။

မမသီရိ said...

တူလေး ပေါက်စလေး ရဲ့ မွေးနေ့ ရောက်လာ ကြသူ
တွေ..အားလုံး...မင်္ဂလာပါ...နော်..
Craton..မွေးနေ့ ဆုတောင်း အတွက်ကျေးဇူး..ချီချင်ရင်..အမေရိကား..လိုက်သွားလေ....း).....

ညီမ မိုးချိုသင်း..ပြီးပြည့်စုံတဲ့ ဆုတောင်းလေး ပါ..
ပုံဆွဲ တာ..အနည်း အပါး.လေး..ပါ...ငယ်ငယ်က တောင်ခြစ်..မြောက်ခြစ်..ခြစ်ဖူးတာလေ..(ခေါင်းစဉ် ခိုးချ လိုက်မယ်...း)......

အစ်ကို..ကလေးကို..မြန်မာ လိုလဲ ..ပြောပစေ အုံး နော်..... အကုန်လုံး..နိုင်ငံခြား စကားပြောနေရင်..မြန်မာပြည် ပြန်ရောက်တဲ့ အခါ...အစ်ကို့ ကို...ဘကြီး..ရိုက်လိမ့်မယ်.....၀ိုင်း တားမယ် မထင်နဲ့နော်...
ဒီအတိုင်း ကြည့်နေ ကြမှာ...ဒါပဲ...

မီယာ...ဓါတ်ပုံ ကို ကြည့်ပြီး ဆွဲ တာပါ... မမ က အကြာ.အမြင် မရ ဘူးလေ....း)....

မောင်လေးမျိုး...ကျေးဂျူး.... မောင်လေးမျိုး မွေးနေ့ လဲ ပြောထားလေ...အဲဒီခါ ကျ...ပုံမတူ လေး..ခြစ်ပေး မယ်...း)...

ဆောင်းယွန်းလ said...

ကိုအောင်သာငယ်ရဲ့သားငယ်လေးတစ်နှစ်ပြည့်မွေးနေ့မှ
သည်နောင်နှစ်ပေါင်းများစွာထိမိသားစုနဲ့အတူအေးချမ်း
ပျော်ရွှင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်..
သားလေးကလည်းသူ့အဒေါ်ရဲ့မွေးနေ့လက်ဆောင်တွေ
ကိုကျေနပ်နှစ်သက်မိမှာပေါ့..ကဗျာနဲ့ပန်းချီပုံတူလေးက
လည်းကောင်းနေတာကိုး.....

khin oo may said...

ရ ဂဏန်းလဲ ကောင်းပါတယ။် အဲဒါ တို့လေ

khin oo may said...

မောင်မျိုးမွေ့နေ့ရောက်ပြီ...။