Thursday, January 15, 2009

ပန်းကြိုက်တဲ့ ခင်


တစ်နှစ်မှာ ..တစ်ခါ..
ပင်မြင့်လွှာ အသာပွင့်..
လန်းတင့်တဲ့ ငွေ သဇင်..
...
ရနံ့ ငယ်လွင်..
မွှေးကြူစင် ထုံ ရီအေးရယ်နဲ့..
မှုံဝတ်ကာ..နံ့သာ နှစ်ကယ်..
လတ်ဆတ် ကြည်လင်..
....
လေလာတွင်..အသာနွဲ့ ပုံက..
မြင်ရသူ သည်းအူကြွ အောင်..
လှရက်သူ..ပင်ယံဦး ကိုလ..
ဆွတ်ချူငင်..ယူချင်စမ်း ပါတဲ့..
ပန်းကြိုက်သူ ခင်......။


မမသီရိ

8 comments:

Anonymous said...

မမ ဒီကဗျာလေးဖတ်ပြီး ၁၀ တန်းက အလွတ် ကျက်ခဲ့တဲ့ ကဗျာလေးတွေ သွားသတိရတယ် ရွတ်လို့ကောင်းလို့လေ အသံတိတ် အကျယ်ကြီးအော်ဆိုသွားတယ်

လှရက်သူ..ပင်ယံဦး ကိုလ..
ဆွတ်ချူငင်..ယူချင်စမ်း ပါတဲ့..
ပန်းကြိုက်သူ ခင်............................... :)

မေ့သမီး said...

ပန်းကြိုက်သူမမကို သဇင်ပန်းတွေပေးတဲ့သူရှိလားဟင်။ သိချင်လို့ပါ။ :D

Anonymous said...

အား..ပါးး..ပါးး.. ဖတ်လို့တယ်ကောင်းပါလား..
ရေးတတ်လိုက်တာနော်...

Anonymous said...

ရွတ်လို့လည်းကောင်းတယ်.. အဓိပ္ပါယ်လည်းရှိတယ်
သဇင်ပန်းကို သိပ်ကြိုက်တာပဲလား?

ဆောင်းယွန်းလ said...

စပ်တတ်လိုက်တာဗျာ..
ရွတ်လို့လည်းကောင်းအဓိပ္ပာယ်လည်းပြည့်စုံ ကာရန်တွေ
ကလည်းလှ..
တော်တော်ကောင်းတဲ့ကဗျာလေးပါဘဲ...

Anonymous said...

မောင်လေးမျိုး ရေ...ကဗျာရွတ်သံလေး..ကြားလိုက်မိတယ်..ကွ...
မေ့သမီးလေး...ရှိတာပေါ့...တပည့်တွေ လေ....း).....
Craton..ချီးမွမ်းပေးတာ ကျေဇူး... သဇင်ပန်း က..အမှန် ကြိုက်တာပါ...
ကိုဆောင်းယွန်းလ..သိပ်မမြှောက်ပါနဲ့....း)....
ပြည်ပရောက်နေတဲ့..မြန်မာအမျိုးသမီး တွေ အတွက်..
အမှတ်ရစေချင်လို့..ပါ...

လင်းဒီပ said...

သဇင်ပန်းကတော့ ခေတ်အဆက်ဆက်
အမြဲတမ်းကို တင့်တင့်တယ်တယ် တော်ဝင်နေဦးမှာ...

ရွှန်းမီ said...

ကဗျာလေးက သဇင်ပန်းလို နွဲ့နွဲ့လေး . . . လှတယ်။
အစ်မသီရိ စာရေးဖွဲ့ပုံတွေက ရိုးရှင်းပြေပြစ်တယ် လို့ ခံစားရပါတယ်။