Thursday, October 22, 2009

အလွမ်းတို့စေရာ



ဆန်းစလရဲ့ မှုန်ပြပြ အလင်း
ပြူတင်းက တစ်ဆင့်..
မရဲ တရဲ တိုးခွဲ လို့ ၀င်လာနေ..


အခန်းကျဉ်းလေး..

သီးခြား ကမ္ဘာ တစ်ခု

အထီးကျန်နေသူ့ ထံပါး..

လွမ်းတမန် စေရော့သလား..
ရွှေ အားတော် ငယ်......။


ဟိုး အဝေးမှာ ရှိနေတဲ့
အိပ်မက်တွေ ထဲ ထိ
စိုးမိုး မိသူ..

သူ..ဘာတွေ တွေးနေမလဲ

သူ..ဘာတွေ လုပ်နေမလဲ
..
သတိလေး နဲနဲ ရဘို့များ
သတိရမလား....
သတိလေး နဲနဲ ရဘို့များ အဆင်ပြေမလား....


လွမ်းလိုက်တာကွယ်.......။


နတ်သျှင်နောင် ရဲ့ လွမ်း ရတု တစ်ချို့

န၀ဒေးရဲ့ ကာရန် တစ်စ

ဦးစ ရဲ့ တေးသွား တစ်ခု

အလွမ်းတွေ စုနေပြီ...


တဂိုး ရဲ့ အလွမ်းကဗျာ မြစ်ဖျား အစ
ခုမှ ပဲ ခြေရာခံမိ...။

ဟင်နရီ ကွန်စတေဘယ်လ် ရဲ့
နှင်းဆီ ဆူးတွေ..
ရင် ထဲ မှာ စူးနစ်နေပြီ..
....

ဆန်း စလရဲ့
မှုန်ရီရီ အလင်း
ရောင်စဉ် စကြာ နင်းပြီး
သူ့ဆီ အရောက် လျှောက် နိုင်မယ် ဆို

သိပ် ကို ကောင်းမယ်...။


.........
ဆုံ ရမဲ့ ရက်
လက် ချိုးတွက် ရည်

ကမ္ဘာ ..ကမ္ဘာ ဆီ အဝေး..
နာရီ လက်တံ မြန်မြန် လှည့် ပြေး ..
ပြေးတွေ့ချင် တယ်..


...................................

လွမ်း လိုက် တာကွယ်....။


မမသီရိ


အလုပ်တွေ အလွန့်အလွန် ရှုပ်နေလို့ မိတ်ဆွေတွေ လဲ နှုတ်မဆက်အား၊ ဘလော့ များလဲ လျှောက်မလည်နိုင်သော်ငြားလည်း လွမ်းခြင်းတွေကတော့ ပိတ်ပင်တားဆီးမရစွာ လာ လာ လက်တို့ နေတော့.. လ ကွေးကွေးလေး ငေး.ငေးကြည့်ရင်း စီဆင်းလာတဲ့ အလွမ်းတွေအတွက် လွမ်းချင်းလေးတပုဒ် ကသုတ်ကရက် တင်ထားခဲ့ပါတယ်..

ချစ်ခင်ရတဲ့ မိတ်ဆွေတွေအားလုံး နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ..

14 comments:

လင်းဒီပ said...

ချစ်သူရှုသွင်းမယ့်
လေပြေညင်းမှတဆင့်
အလွမ်းတွေ ချစ်သူရင်ထဲ ရောက်စေသား...။

မိုးခါး said...

း)
အစ်မအလွမ်းတွေ တူတိပါစေနော် .. :D
ပျော်ရွှင်ပါစေ အစ်မး))

ကောင်းကင်ပြာ said...

......... ဆုံ ရမဲ့ ရက်
လက် ချိုးတွက် ရည်
ကမ္ဘာ ..ကမ္ဘာ ဆီ အဝေး..
နာရီ လက်တံ မြန်မြန် လှည့် ပြေး ..
ပြေးတွေ့ချင် တယ်..

စည်သူ said...

မမမမမမမမမမမမမမမမ သီရီရေ

အလုပ်တွေကမအား အရမ်းကိုရှုပ်နေလို့ မလည်အား မရေအား..

သိုပေသိ.. လွမ်းချင်းတော့ အား.. ဟား.ဟား.ဟား
သဘောကျတယ်ဗျာ..

ကဗျာက တော့ ရင်တွင်းဖြစ်မို့လားမသိ
ဖတ်လိုက်တိုင်း လန်းနေတာပဲ မမမမမမမမမမသီရိရေ

ပျော်ရွှင်ပါစေ
စည်သူ။

ခြေလှမ်းသစ် said...

လွမ်းချင်းလေးအတိုင်း ပြတင်းပေါက်ကလေးကနေ လွန်းနေလိုက်တာလားအမရေ ....

ခြေလှမ်းသစ် said...

လွမ်းချင်းလေးအတိုင်း ပြတင်းပေါက်ကလေးကနေ လွန်းနေလိုက်တာလားအမရေ ....

ကိုအောင် said...

ကဗျာလာဖတ်သွားတယ် မမသီရိ၊ အားပေးလျက်ပါ။

Sonata Cantata said...

လွမ်းတာ လှမှန်း မမသီရိနဲ့မှ သိရပေတော့သည်။

ဒဏ္ဍာရီ said...

မမရဲ့ ကဗျာလေးတွေ ဖတ်လိုက်တိုင်း ခံစားချက်နဲ့ ရေးလို့လားမသိဘူး စာသားလေးတွေက ရသမြောက်သလို ဖတ်ရတဲ့သူ ရင်ထဲကိုလည်း စူးရှသွားစေတယ်။
အလွမ်းတွေ ကုန်ဆုံးနိုင်ပါစေ...

ခင်မင်လေးစားလျှက်

Nge Naing said...

ဒီအလွမ်းက ပိုင်ဆိုင်ပြီးသားကို တမ်းတတဲ့အလွမ်းဆိုတော့ သောက သိပ်မဖြစ်လို့ ကိစ္စမရှိပါဘူး။ နီးရမည့် ရက်ကို လက်ရေချိုးပြီး ပီတိဖြာတဲ့ အလွမ်းမို့ ပြန်မရနိုင်တော့မည့် ဆုံးရှုံးသွားတာ တခုကို လွမ်းတဲ့အလွမ်းမှ မဟုတ်ပဲ လွမ်းသာလွမ်းပါ။

kiki said...

လွမ်းနေရတဲ့  အထဲ မမသီရိ လုပ်လိုက်တော့မှ ပိုပြီး ပိုပြီး လွမ်းသွားပြီ ..
ငိုချင်ရက် လက်တို့  ...
ပြန်လျှော်ပေး ...း((

ဆောင်းယွန်းလ said...

မသီရိတို့လွမ်းတတ်ပုံများ မနာလိုစရာပါပဲ...
လွမ်းငွေ့တဝေဝေသီချင်းလေးကိုရောဆိုနေသေးလား...
ကဗျာကတော့ ထုံးစံအတိုင်း လှပနေလျှက်ပေါ့..
အလုပ်တွေရှုပ်နေတယ်လား...အစစအဆင်ပြေပါစေဗျာ

Anonymous said...

အမကဗျာက ကျွန်တော့်မျက်စိထဲ ကြည်အေးတို့ မိနှောင်းတို့ လို့မျိုးလှတာပါ...အမြဲမရောက်နိုင်တာလဲ ခွင့်လွှတ်ပါဗျာ...မအားတာကြောင့်ပါ...

emayarKhin said...

အမရဲ့ကဗျာလေးကိုဖတ်ပြီး
ပိုလွမ်းသွားတယ်...