Wednesday, October 14, 2009

မိဆိုး

ခုန်ချင်သလိုခုန်နေတဲ့ ရင်ခုန်သံတွေ
ပြန်ချင်သလို ဘာသာပြန်ပြီးတဲ့ နောက်မတော့
အရိပ် သုံး ပါး လဲ နားမလည်ချင်
ကာလ သုံး ပါးလဲ မှတ်မထားချင်
အချိန်ရှိ သရွေ့
ချစ်ပဲ ချစ်နေချင်မိ.......


သူ ချစ် ချစ် .. မချစ် ချစ်
ကိုယ် က သူ့ကို ချစ်
သူ သိသိ မ သိသိ
ကိုယ့် ရင်ထဲ သူ ရှိ
သူ လာ လာ .. မလာ လာ
ဆုံနေကျနေရာ အမြဲ ရှိ

သူ အား အား မအားအား
ကိုယ့်အနား ပဲ ရှိနေစေ့ချင်


ကိုယ်..ခေါ် တာသူ မကြားလို့ ကတော့
ရင်ပူအောင် သူလုပ်လို့ ကတော့..
နှုတ်ခမ်း ထော် ... စိတ်ကောက်
ခြေ ဆောင့် .. လို့ ..မျက်စောင်း ထိုး.
ဆိုး မျိုး တွေ စုံအောင်... ဆိုး...


မိဆိုး လို့ ခေါ်ချင်ခေါ်
တော် ကို မတော် နိုင် ဘူးနော်
ချစ်လို့ ကို.. ဆိုး နေတော့..
ဆိုးတယ်.. ဆိုး..ဆဲ.. ဆိုး မြဲ.. ဆိုး.. အုံး မှာ............။


မမသီရိ

11 comments:

မိုးခါး said...

ခုမှသိတော့တယ်
မမသီရိ တော်တော်ဆိုး :P

kiki said...

အောင်မလေးးးး
အတော်ဆိုး ပါလား ။
နှုတ်ခမ်းထော် နဲ့  မျက်စောင်းထိုးပြီး ခြေဆောင့် နေတဲ့  မိဆိုးတော့ ဒုတ်စာ မိတော့ မှာပဲ ....
တယ်လေ .... လုပ်လိုက်ရ... ဟင်းးး ။။

(စတာပါ .. ဆိုး .. ဆိုး .. ဆက်သာဆိုး..သိလား ...း)

ဟိဟိ ...ဆိုးလ် မြို့ မှာ နေတာ လား မမသီရိ က ..
ဆိုးနည်းသင်တန်းကျောင်း ရော .. ဖွင့်ထားသေးလား..လို့  ..
စာရင်း မပိတ်သေးရင် သွင်းပေးပါ ... ဟိဟိ..

သိင်္ဂါကျော် said...

အဲဒီလို ဆိုးတာကို ခံနိုင်မယ့် သူ လိုချင်သား...

Anonymous said...

အားပါးပါး.. သားသားနဲ့တူ၏ ဆိုးတဲ့နေရာမှာ..း)

sonata-cantata said...

မိဆိုးက ဘယ်သူလဲ
မမသီရိလား?
(မိဆိုး...ဆိုးမှန်းသိလို့ စ, သွားတယ်)

Yu Ya said...

အင်း..မမသီရိတစ်ယောက်တော့ အဆိုးထိပ်ခေါင် ဖြစ်နေပါရော့လားဗျာ အဟီး..

yu ya

Ree Noe Mann said...

တီရေ ဆိုးချင်သလောက်သာ ဆိုးစေဗျာ

ချစ်တဲ့ တူတော်မောင်

လင်းဒီပ said...

တော်ကြာ အရမ်းဆိုးလို့ ရဲဖမ်းသွားဦးမယ်..:P

စည်သူ said...

မိဆိုး လို့ ခေါ်ချင်ခေါ်
တော် ကို မတော် နိုင် ဘူးနော်
ချစ်လို့ ကို.. ဆိုး နေတော့..
ဆိုးတယ်.. ဆိုး..ဆဲ.. ဆိုး မြဲ.. ဆိုး.. အုံး မှာ............။

ခစ် ခစ် ခစ်.
ရဘူး ချိုးမှာပဲ.. ချိုးမှာပဲ..
တားတားလည်း ချိုးမှာပဲ.. လက်လေးကို ကိုပြီးပြောတော့ ဆိုးကနေ ချိုးဖြစ်သွားတာ တခနကြာတော့...

ဗြဲ..း( ဗြဲ..း( ဗြဲ..း(
တားတားလေးလက်ကို ကိုက်မိတွားဘီ..း)

ရွှေရတုမှတ်တမ်း said...

မိဆိုး.....အဆိုးလေးမို့ကွယ်...ကိုယ်ချစ်တယ်....
အဲသလို..သီချင်းလာဆိုသူရော...ရှိရဲ့လား...း)

ကောင်းကင်ပြာ said...

ဆိုးစေဗျား ဆိုးစေ..