Saturday, October 10, 2009

အိုဘယ့်ဘယ်.. အိုဘယ့်.....


ရွေးစရာ လူမရှိလို့ရယ်တော့ ဟုတ်ပုံမရ
ပေးစရာ ငွေပေါလို့လဲ ဖြစ်ပုံမကျ
နတ်ဒေ၀ါ တွေ အလိုကျ လဲ ဟုတ်မယ် မထင်
အရှင်လတ်လတ် ဖျတ်ဖျတ်လူး
ငြိမ်းချမ်းရေး ဆုထူး သူ ခူးခဲ့ပြီ...

သူ ဘာတွေ လုပ်ပြီးပလဲ
သူ ဘာတွေ လုပ်ခဲ့ လို့လဲ
အဲဒီမေးခွန်းတွေ အကျော်မှာ
သန်းပေါင်းများစွာ သော အာမေဍိတ်သံ အကြား
မှင်တက်မိစွာ သူ ရ လာသော ဆု..

ဂရုပြုသော မျက်လုံးပေါင်း များစွာ
စွင့်ထား သော နားပေါင်း များစွာ..
စောင့်ကြည့်သော အကြည့်ပေါင်းများ စွာ အောက်
လောက်အောင် တန်ရဲ့လား
သူ ကိုယ်တိုင် မေးခဲ့ရပြီးတဲ့ နောက်မှာတော့

နိုဗယ်ဆု ကြီး ရှေ့ ချ
သနား စဖွယ် သူ့ဘဝ
ရှေ့ဆက် ဘယ်လို... က မလဲ
ဘေးကြပ် နံ ကြပ် သူ့ ဘဝ
အရှေ့အလယ်ပိုင်း ဇာတ် ဘယ်လို ဆက်ကြမလဲ
နျူကလီးယား ပြသနာ ထပ်တက်လာတော့
ခေါင်းငုံ့ အရှုံးပေး သူ ရှောင်ပြေးလို့ နိုဗယ်ဆုတန်ဖိုး သူ မြတ်နိုးမလား
ကမ္ဘာကျော် အကျဉ်းသားများ အရေး
အပြောလေးပဲ ပြော .. သူ လက်လျှော့ တော့မလား
ငြိမ်းချမ်းရေး.. ငြိမ်းချမ်း ရေး..ကြွေးကြော်ရင်း
ကမ္ဘာ့ရန်သူ တွေ စာရင်း လျှော့ချ မယ် ကြံသူကြီး..
ရှေ့တိုးတော့ ထမ်းပိုး.. နောက်ဆုတ်တော့ ကြိမ်ရိုး
ရှင်..
အကြံ တွေ ကြီး ခွင့် ရပါတော့ မလား....
ရှင့်အစား.. ရင်တွေမောပါဘိတော့...
အိုဘယ့် ဘယ်.. အို ဘယ့်.. အိုဘားမား.........။


မမသီရိ


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ငြိမ်ချမ်းရေးနိုဗယ်ဆုရှင် များ စာရင်း အင်တာနက်မှာတွေ့လို့ ပြန်ဖော်ပြပေးလိုက်ပါတယ်..။


The Nobel Peace Prize has been awarded 89 times to 119 Nobel Laureates between 1901 and 2008 – 96 times to individuals and 23 times to organizations. Since International Committee of the Red Cross was awarded the Nobel Peace Prize in 1917, 1944 and 1963, and the Office of the United Nations High Commissioner for Refugees was awarded the Nobel Peace Prize in 1954 and 1981, that means 96 individuals and 20 organizations have been awarded the Nobel Peace Prize. Click on each name to see the Nobel Peace Prize Laureate's page.

Jump down to: | 1980 | 1960 | 1940 | 1920 | 1901 |

7 comments:

Unknown said...

ဝေး... မမသီရိ....

အိုဘယ့် ဘယ် အိုဘယ့် အိုဘားမား...

ရှင့်အစား ရှင်တွေမောဘာဘိ... ဟင်းးးးး (သက်ပြင်းချသံ)

နိုဗယ်ဆုရှင်တွေကို ဖတ်ရှုသွားတယ်နော်....

ပျော်ရွှင်ချမ်းမြေ့ပါစေ...

ပျောက်နေသလိုပဲ အင်း.. ကျနော်ပျောက်တာပဲဖြစ်မှာပါလေ...

ခင်မင်စွာဖြင့်
ပြည့်စုံ

ခြေလှမ်းသစ် said...

အမရေ..... သူ့အတွက် သူနဲ့ ထိုက်တန်တဲ့ ဆုကို ကမ္ဘာကြီးကပေးလိုက်တာပါပဲ ... ကမ္ဘာကြီးကို သူနောက်ထပ် အကောင်းတွေ ပေးဆပ်အုံးမှာပါ..

ရွှေရတုမှတ်တမ်း said...

ကိုင်း.....ခုတော့..ဘယ့်နှယ်ရှိစ..
ဖြေရှင်းစရာတွေက...အများကြီး...
ဒီဆုကြီး..ကလဲရလာတော့.......

kiki said...

နိုဗယ်ဆု ကြီး ရှေ့ ချ
သနား စဖွယ် သူ့ဘဝ
ရှေ့ဆက် ဘယ်လို... က မလဲ......။

တော်၏ .. ကိုယ့်အမ မမသီရိ။

မယူပါက မိုက်တယ်ထင် ....
ယူပြန်တော့လဲ ကြိုက်တယ်ထင်.....
ဆေးတံတို ကြီး ဘယ်နားထားမှာလဲ လေ...

ရွှေပြည်ကြီးက အိုးဘားမား( old burma ) ဂျီး ကတော့ ထင်နေမှာ .. အဲ့ ဒါ သူ့ ဟာ ..သူ ပဲ ရ သင့်တာ လို့ ..
ဖြစ်နိုင်ရင် စွမ်းအားရှင် တန်ခိုး နဲ့ ။သူ ..ခိုး ချင် ခိုး မလား ..

သီဟသစ် said...

အင်း ဆုကတော့ သူ့ကို ပိုပြီးချည်နှောင်လိုက်ပြန်ပြီထင်တယ်နော် မမသီရီ

ခင်မင်စွာဖြင့်
သီဟသစ်

Anonymous said...

mamathiri.blogspot.com is very informative. The article is very professionally written. I enjoy reading mamathiri.blogspot.com every day.
ontario payday loan
payday loans

Anonymous said...

Very Interesting Blog! Thank You For Thi Blog!