Friday, August 07, 2009

The Dead in the Square



(ပန်းခြံတွင်း၌ ကျဆုံးသူများ)
  • ဤပန်းခြံသို့ သေနတ်ကို ကျည် အပြည့် ထည့်လာသူများ..
    ရက်စက်စွာ ပစ်သတ်ရန် အမိန့်တော်ဦးထိပ်ရွက် လာသူများသည်
    တေးသံ ကျူးရင့်လာကုန်သော လူထုကိုသာ တွေ့ ရှိရသည်။
တိုင်းပြည်တာဝန်နှင့် အချစ်စိတ်က
လူအုပ်ကို ပြည်သူအဖြစ် ပြောင်းလဲ ပစ်သည်။

ပိန်ပိန်ပါးပါး မိန်းမငယ် တစ်ဦးသည်
အလံကို ဆုပ်ကိုင်းရင်း ပြန်လဲ ကျသွားသည်။

လုလင်ပျိုတစ်ဦး သည် ဒဏ်ရာကြောင့်
ချောင်းဟက် ကာ လည်ကျသွား သည်။

ဤအခြင်းအရာ ကြောင့် လူထု သည်
ထိတ်လန့်ကာ ငြိမ် သက်သွားပြီး
ကျဆုံးသူများ အား ငေးစိုက် ကြည့်နေကြ သည်။

တဖြည်းဖြည်း ၀မ်း နည်း ကြေကွဲခြင်းလှိုင်းတံပိုးသည်
အေးစက်သော ဒေါသ သို့ ထိုးတက်သွားကုန်သည်။

ထိုနောက်.....
သူတို့သည်... သူတို့၏ အလံများကို
သွေးအိုင်ထဲ ၌ နှစ်ပြီး သကာလ..
လူသတ်သမားများ ၏ မျက်နှာ ရှေ့၌ လွှင့်ထူလိုက်ကြသည်။

ဤကျဆုံးသူများ အတွက်...
ငါ သည်...
အပြစ်ဒဏ်ကို တောင်းဆိုပါ ၏။

ငါတို့၏ အဖတိုင်းပြည်ကို သွေးဖြင့် ပေကျံစေသူတို့အား
ငါ သည်.... အပြစ်ဒဏ်ပေးရန် တောင်းဆိုပါ ၏

ဤလူသတ်မှု ကျူး လွန်ရန် အမိန့်ပေးသူတို့အား
အပြစ်ဒဏ်ပေးရန် ငါ တောင်းဆိုပါ၏

ဤ အလောင်းများပေါ်မှ ကုတ်ကတ်၍
တန်ခိုး အာဏာ လုယူသူ သစ္စာဖေါက်များအား
အပြစ် ဒဏ်ပေးရန် ငါ တောင်းဆိုပါ၏..

ဤသတ်ဖြတ်မှုအား အပြစ်လွှတ်သူ ခွင့်လွှတ်ရေး သမားများအား
အပြစ်ဒဏ်ပေးရန် ငါ တောင်းဆိုပါ၏။

ငါသည်... သူတို့နှင့် လက်ဆွဲကာ မေ့လျော့ရန် အလိုမရှိ..

ငါသည်...သူတို့၏ သွေးစွန်းလက်များ ကို ထိရန် အလိုမရှိ..

ငါ သည် အပြစ်ဒဏ်ပေးရန်သာ အလိုရှိသည် သာ တည်း..။

သူတို့အား..

အရပ်ရပ်သို့ သံအမတ်ကြီးများ အဖြစ် စေလွှတ်ခြင်းကို ၄င်း..
အိမ်မှာပင် ကိုးကွယ် ကာ တဖြည်းဖြည်း ပျောက် ပသွားစေမည် ကို၎င်း။။

ငါ သည်... အလိုမရှိ..။

ဤနေရာမှာ ပင်..

ဤပန်းခြံမှာ ပင်..

သူတို့အား တရားစီရင်ရန် အလိုရှိသည်။

ငါသည် သူတို့ အား..အပြစ် ဒဏ်ပေးရန်သာ အလို ရှိသတည်း..။

သူတို့ ကျဆုံးခဲ့သော ဤနေရာသို့
ငါသည် ငိုကြွေး ရန် လာခြင်း မဟုတ်..

ယခုတိုင် ရှိနေကြသူ သင် တို့အား ပြောကြားရန် ငါ လာခြင်းဖြစ်သည်။

ငါတို့ တိုက်ပွဲသည်
မြေပြင်၌ ၄င်း..၊ စက်ရုံ ၌၄င်း ၊
လယ်တော ၌၄င်း ၊ လမ်းမပေါ်၌ ၄င်း..၊
စိမ်းစိမ်း နီနီ ပွင့်... ရဲရဲ တောက် လျက်ရှိသော
ကြေးနီ ဖို ကျင်များ၌ ၄င်း
စစ်ကြောင်းဖြန့်၍ နေမည်သာတည်း..။

အို.. ကျဆုံးလေပြီးသော.. သွေးချင်း သားချင်း အပေါင်းတို့...

တိတ်ဆိတ်ခြင်းမှ နေ၍.
ငါတို့၏ ကျယ်လောင်သော အသံဖြင့်

လွတ်လပ်ရေး ကြွေးကြော်သံ ကို ဟစ်အော် လွှမ်းမော် ကြကုန်အံ့..။

ထိုအခါ...
ပြည်သူတို့၏ မျှော်မှန်းချက်သည်.
ပျော်ရွှင်ခြင်းတေးသံဖြင့် အလျှံငြီးငြီးမြည်ဟီးနေပါ အံ့...။ ။

ပတ်ဗလို နီရူဒါ
(အမေရိက တိုက်တစ်နေရာမှ)
၁၉၄၃-ဖေဖေါ်ဝါရီ

( ၁၉၆၈ ခု နှစ် ဒီဇင်ဘာလ တွင် ပထမအကြိမ် ထုတ်ဝေခဲ့သေါ လင်းယုန်မောင်မောင် ပြုစုရေးသားသည့် ရဲခေါင်ပျောက်ကျား ချေဂွေဗားရား စာအုပ်မှ ကောက်နှုတ်ဖေါ်ပြပါသည်။ ဤကဗျာအား အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာ သို့ ဆရာကြီး ဒဂုန်တာရာ ပြန်ဆိုပေးခဲ့သည် ဟု စာရေးသူ လင်းယုန်မောင်မောင်က ၄င်း ၏အမှာစာတွင် ရေးသား ဖေါ်ပြထားပါသည်။)

ဤပန်းခြံတွင်း၌ သေဆုံးရသူများ အမည်ရှိ ကဗျာ သည်စိတ်ကူးယဉ်ကဗျာ မဟုတ်၊ တစ်ကယ့် အဖြစ်အပျက် တစ်ခုကိုအခြေခံ၍ ဆရာကြီး နီရူဒါ၏နှလုံးသားမှ ခံစားချက် အပြည့်အ၀ဖြင့်စပ်ဆိုခဲ့သည့် သရုပ်ဖေါ် ကဗျာဖြစ်သည်။

၁၉၄၃ ခုနှစ် ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က ချီလီပြည် စန်တီယာဂိုမြို့ မြို့လည်ပန်းခြံ ကြီးတွင် အလုပ်သမားများ ဆန္ဒပြပွဲ ကျင်းပခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲအား..ချီလီ အစိုးရအဖွဲ့ကသေနတ်များဖြင့် ပစ်ခတ်၍ လူစုခွဲခဲ့ ရာမှအလုပ်သမား အများအပြား ကျဆုံးဒဏ်ရာ ရခဲ့သည်။ ယင်း အဖြစ်အပျက်သည် တောင်အမေရိက တိုက် တစ်တိုက်လုံးကို ဂယက်၇ိုက်ပျံ့နှံ့ သွားခဲ့ရာ၊ အလုပ်သမားများ သွေးမြေကျခဲ့ရသည့် ယင်းအဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့သည့် ဆရာကြီးနီရူဒါသည် ချီလီအစိုးရ၏ လူမဆန်သော ရက်စက်မှုများကို နိုင်ငံတစ်ကာမှ ပြည်သူများသိကြားစိမ့်သောငှာ ဤကဗျာဖြင့် လှုံ့ဆော် ကြွေးကြော်ခဲ့ခြင်းဖြစ်သည်။

မမသီရိ

5 comments:

လင်းဒီပ said...

မတရားမှုတွေ ယုတ်မာရက်စက် လူမဆန်တဲ့အမှုတွေ
ဟောဒီကမ္ဘာမြေပေါ်ကနေ ကျဆုံးပါတော့...။

ခေတ်အဆက်ဆက် ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေရဲ့သွေးတွေ ပေါင်းစည်းလိုက်ရင် သွေးသမုဒ္ဒရာကြီး ဖြစ်လောက်အောင် ဟောဒီကမ္ဘာကြီး နီစွေးသွားတော့မယ်...။

တရားမျှတမှုတွေ အကြင်နာတရား လူဆန်မှုတွေ အမြန်ဆုံး ကမ္ဘာကြီးကို လွှမ်းခြုံပါတော့။

Nge Naing said...

ကဗျာလေးကို လာခံစားသွားပါတယ်။ ပြန်လည်တင်ပြပေးတာ ကျေးဇူးပါ။

sandar said...

သိပ်ကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ကို ဝေမျှထားတဲ့ အတွက် ကျေးဇူးတင်ပါတယ်၇ှင် အလည်အရောက် ခေါင်းပါးမှုအတွက် ခွင့်လွတ်နိုင်ပါစေ မမရေ
မယ်မဒီ

ဝေလေး said...

ကဗျာလေးကို အထပ်ထပ်ဖတ်ပြီး အတွေးတွေပွားမိနေတယ်..

မေ့သမီး said...

ဒီကဗျာကထိမိလိုက်တာ။