Sunday, August 09, 2009

ဆုတောင်းများ

(က) မြို့သား ဆုတောင်း

မီးမှန်ပါစေ
ရေမှန်ပါစေ
ပရီမီယာ ဘောလုံးပွဲ စိတ်အေးလက်အေး ကဲ ချင်လို့

(ခ) တောသားဆုတောင်း

မိုးမှန်ပါစေ
လေမှန်ပါစေ
စပါး အထွက်ကောင်းမှ နှာခေါင်းပေါက်တွေ အသက်ရှူ ချောင်မှာမို့

(ဂ) မြို့သူ ဆုတောင်း

မီးမှန်ပါစေ
ရေမှန်ပါစေ
ကိုးရီးယား ဇာတ်လမ်းတွဲ တပိုင်းလေးတောင် အလွဲ မခံ နိုင်လို့

(ဃ) တောသူ ဆုတောင်း

မိုးမှန်ပါစေ
လေမှန်ပါစေ
စပါးအထွက်ကောင်းမှ သားလေး ကျောင်းပို့ နိုင်မှာ မို့..။


မမသီရိ

12 comments:

Anonymous said...

ဟိုက်.. ထိသဗျို့.. ၄ ချက်တည်းနဲ့..

ဆောင်းယွန်းလ said...

ဆုတောင်းတွေအားလုံးပြည့်နိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ......
နှိုင်းယှဉ်ထားတာလေးတွေပီပြင်တယ်မသီရိရေ

Ree Noe Mann said...

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တော့

တီရေ ဆုတောင်းချင်ပါရဲ့

ချစ်တဲ့ ငယ်ငယ်

ကိုရင်နော်ခင်လေးငယ် said...

မမ
မီးမှန်မှ မိုးမှန်မှ
မောင်မောင့် မျှော်မှန်းမှု
မြန်မြန် မိ မည်..။

း)

Yu Ya said...

ကောင်းလိုက်တာ မမသီရိရေ...

yu ya

ကိုအောင် said...

ဆုတောင်းသလို “စု”အတွက်လည်း တောင်းကြတာပေါ့။

နှင်းနဲ့မာယာ said...

မမရေ
နေကောင်းပါစေ
စိတ်ရွှင်ပါစေ
စာတွေများများရေးနိုင်ပါစေ...
အလုပ်ထဲမှာ အဆင်ပြေပါစေ...
ချစ်သောသူများနဲ့ အဆင်ပြေပါစေ...
ဒါက ဘလော့ဂါလေးတွေရဲ့ ဆုတောင်းနော်...

မမပျော်ရွင်ပါစေ...

ချစ်သောနှင်း

မီယာ said...

မမ ထိလိုက်တဲ့ ကဗျာ

ခြေလှမ်းသစ် said...

တကယ်ထိတယ် အမရေ တောကလူတွေက အဓိပါယ်ရှိ မြို့ ကလူတွေက အလားကားဖြုန်း.. ဟုတ်တယ်..ဟုတ်တယ်..

မေ့သမီး said...

ဟိ ဟိ။ မြို့သူတွေဆုတောင်းတဲ့အထဲမှာ သမီးမပါဘူး။ မီးမှန်ပါစေ။ ကွန်နက်ရှင်ကောင်းပါစေပဲ ဆုတောင်းတယ်။ :P

Unknown said...

မြို့သားဆုတောင်းကို ပြန်လည်ဖြည့်ချင်ပါတယ် မသီရီရေ..
မီးလည်းမှန် ၊ ရေလည်းမှန် ၊ အင်တာနက်ကွန်နက်ရှင်လဲမှန်
" စု " လဲလွတ်..

ခင်တဲ့
သားထူး

Unknown said...

မမသီရိရေ.....

ဆုတောင်းလေးဖတ်မိပြန်တော့လည်း
စိတ်မကောင်းဖြစ်ရပြန်ပြီဗျာ...

ဆုတောင်းတိုင်းသာ ပြည့်စုံကြပါစေလို့...

ဆုလည်းတောင်းပေါ့ လုပ်သင့်တာတွေကိုလည်း လုပ်ကြတာပေါ့လေ...

ညီတဲ့လက်တွေ တွဲလက်တွေ မဖြုတ်စတမ်းပေါ့ဗျာ...
ဆုတောင်းထားသလို ဖြစ်လာမှာ သေချာပါတယ်...

ခင်တဲ့
မောင်လေးပြည့်စုံ (ဝေါသားလေး)