Monday, August 31, 2009

"သူသိစေချင်"


မဖြေနိုင် လည်တိုင်မော့နဲ့
လွမ်းလေရော့ အဝေးဆီမှာ
မထောက်မညှာ ..
ရက်စက်စွာ
တမင်တကာ.. သခင်ထား ပြီလာ့..
ရွှေအားတော် ငယ်ငယ်
လွမ်း ပုံ ကကြွယ်......။


ရင်ထဲက အိပ်မက်ဖော်ရယ်
စက်လဲ မပျော် ညဥ့်တွေက များ
ကျော်သွားတဲ့ နေ့တွေက အလီလီ
အလွမ်း ပန်းချီတွေ သာ စီခဲ့ရ ရာသီလုံး...

ဟို ဒီ ပွေ စိတ်လေရူးရယ် နဲ့
ရနံ့ ထုံ ပန်းစုံတောမှာ
ရင်မော ကာ ပူပုံပမ်း... တမ်းတ နေတယ်.....။

မမသီရိ
(၃၁.၈.၂၀၀၉)

9 comments:

Unknown said...

အော်... မမသီရိရေ...

တိုက်ဆိုင်မှုတွေလား...

ကျနော်ကတော့ အခုသိလိုက်ရပြီ....

ပျော်ရွှင်ပါစေနော်....

မောင်လေး
ပြည့်စုံ (ဝေါသားလေး)

မင်းနေဝေး said...

ကဗျာလေး လှလိုက်တာဗျာ ....

အလွမ်း ပန်းချီတွေသာ စီခဲ့ရ ရာသီလုံး ....

တကယ်ကို ဖတ်ပြီး ထပ်တူ လွမ်းရစေတယ် ......

ပထမဆုံးအကြိမ်လာလည်ခြင်းမှာ အလွမ်းကဗျာလေးက ကြိုနေတယ် ..... :)

ပျော်ရွှင်ပါစေဗျာ ....

သမီးပျို said...

မမသီရိ က သူ့ကိုတမ်းတနေတာကိုး.....အင်းလေ သူသိမှာပါ

kiki said...

မမသီရိရေ ..
တိတ်တိတ်လေး တမ်းတ နေရတာ ပင်ပန်းလှတယ် ..

ရှင်းရှင်းပြောပါလား လို့ ...
မသိသေးသူကို သိအောင်သာ ပြောပြလိုက်ပါတော့
မကြည့်ရက်တော့ဘူး လေ...

(စစ်ကူလိုရင် ပြောနော်...)

အဆင်ပြေပါစေ ...

ခင်မင်လျှက်
ကိကီ။

Anonymous said...

မမသီရိရေ ကဗျာရဲ့ နောက်ဆုံးအပိုဒ်လေးကို အရမ်းနှစ်သက်မိပါတယ်။
ဟို ဒီ ပွေ စိတ်လေရူးရယ် နဲ့
ရနံ့ ထုံ ပန်းစုံတောမှာ
ရင်မော ကာ ပူပုံပမ်း... တမ်းတ နေတယ်.....။

ပျောရွှင်ပါစေ

စည်သူ said...

ဟင်းးးးးးး(သက်ပြင်းချသံ)..

မောသွားတယ် မမသီရိရေ..
ကဗျာဖတ်ရင်းနဲ့ပေါ့..

ကိုယ်တိုင် ကဗျာထဲရောက်သွားတာ
အဲလိုဆို မလွယ်ဘူးဗျာ..

အဲလိုမျိုး သာဆိုရင်တော.
ရူး.. ရူး.. ရူး လိမ့်မယ်ဟေ့ 

ခင်မင်စွာဖြင့်
စည်သူ။

ဆောင်းယွန်းလ said...

ရင်ထဲက အိပ်မက်ဖော်ရယ်
စက်လဲ မပျော် ညဥ့်တွေက များ
ကျော်သွားတဲ့ နေ့တွေက အလီလီ
အလွမ်း ပန်းချီတွေ သာ စီခဲ့ရ ရာသီလုံး...

ဖွဲ့နွဲ့ချက်တွေက ပြောင်မြောက်လှပါ၏.....

Kaung Kin Ko said...

ကဗျာလေး ဖတ်ပြီး လွမ်းသွားတယ် အစ်မရေ။

Anonymous said...

ရင်ထဲက အိပ်မက်ဖော်ရယ်
စက်လဲ မပျော် ညဥ့်တွေက များ
ကျော်သွားတဲ့ နေ့တွေက အလီလီ
အလွမ်း ပန်းချီတွေ သာ စီခဲ့ရ ရာသီလုံး...

ကရုဏာ၊ သန္ဓ.. လှလိုက်တဲ့အသုံးတွေ..